
ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးသန်းငါးဆယ်လောက်က ကိုယ်ဝန်ဖျက်ချနေကြပါတယ်။ နေရာတိုင်းမှာ အမျိုးသမီးတွေက ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားကြတဲ့အခါမှာ မိမိတို့ရဲ့ ဘာသာရေး၊ အသက်အရွယ်တွေအပြင် လူမှုပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချက်တွေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ ဒါက အမျိုးသမီး တစ်ယောက်အတွက် တကိုယ်ရည် ဆုံးဖြတ်ချက်ဆိုပြီး ရှုမြင်နိုင်မှုတွေ နည်းပါးနေသေးတာလည်းဖြစ်ပါတယ်။
တကယ်တမ်း ပရိုလိုက်ဖ် လှုပ်ရှားမှု Pro-life movement ပြုလုပ်တဲ့သူတွေရဲ့ ပြောဆိုချက်တွေအရတော့ ကိုယ်ဝန်ဖျက်ချတဲ့သူတွေက ကိုယ်ချင်စာစိတ်မရှိဘူး၊ လူသားမဆန်ဘူး ဒါမှမဟုတ် တန်ဖိုးမရှိတဲ့ လုပ်ရပ်ကိုကျူးလွန်တယ်လို့ ဆိုကြပါတယ်။
အဲ့လိုပြောဆိုနေတာက သူမအပေါ် ဆုံးဖြတ်ပေးနေသလိုဖြစ်ပါတယ်။
အဲ့လိုဆုံးဖြတ်ပေးနေတာက သူမကို အရှက်ရအောင် လုပ်နေသလိုဖြစ်ပါတယ်။
အဲ့လို အရှက်ရအောင်လုပ်နေတာက သူမကို အသံတိတ်ပါးစပ်ပိတ်သွားအောင် လုပ်နေတာဖြစ်ပါတယ်။
ဒါကြောင့် ပရိုလိုက်ဖ် လှုပ်ရှားမှု Pro-life movement ရဲ့ မဟာဗျူဟာ အစီအစဉ်တွေမှာ အမျိုးသမီးတစ်ယောက်ကို ရှက်စိတ်ကြောက်စိတ်ဝင်စေနိုင်တဲ့ အစိတ်အပိုင်းများ ပါဝင်နေပါတယ်။ တစ်ယောက်ကို အရှက်ရအောင် မလုပ်ခင် အရင်ဆုံးသူ့ကို ဝေဖန်ဆုံးဖြတ်ရပါတယ်။ နောက်ပြီး ဝေဖန်ဆုံးဖြတ်မှုတစ်ခု မလုပ်ခင် နားလည်အောင်အရင်ကြိုးစားသင့်ပါတယ်။
သိလိုရာမေးနဲ့ How to Use abortion Pill ကတော့ ဒီလိုမဟုတ်ပါဘူး။ Abortion နဲ့ ပတ်သက်လို့ ဆုံးဖြတ်ဝေဖန်ချက်တွေ တစ်ခုမှ မရှိဘူး မိမိရွေးချယ်မှုအပေါ်မှာ ဘေးအန္တရယ်ကင်းစွာ ဆုံးဖြတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
How to use abortion pill စာမျက်နှာကို လေ့လာရန် >>> https://www.howtouseabortionpill.org/
Facebook >>> https://www.facebook.com/HTUabortionpill/
Instagram >>> https://www.instagram.com/htuabortionpill
Leave a Reply