,

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်များ

Posted by

ကိုယ်က လိင်ကိစ္စတွေမှာ ထိတွေ့မှု့မရှိသေးဘူးဆိုရင်တောင်မှ ဗဟုသုတတွေ ရှိထားတဲ့အခါ ကိုယ့်ရဲ့လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အထောက်အကူပေးနိုင်ပြီး လိုအပ်လာတဲ့ တစ်ချိန်မှာ ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။

ဒီလိုဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် ချစ်သူနှစ်ယောက် ပြောဆိုဆက်ဆံမှုကောင်းနေဖို့က အဓိကသော့ချက်ဖြစ်သလို ကာမကိစ္စတွေမပြုမူခင်ကတည်းက ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။ မိမိအဖော်နဲ့ ကာမကိစ္စတွေပြောဆိုဆွေးနွေးဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့အချက်က အတူနေဖို့လည်း အဆင်သင့်မဖြစ်ဘူးဆိုတာကို ပြနေတာပါပဲ။ ပထမဆုံးအကြိမ်မှာဆိုရင်တော့ ရှိုးတိုးရှန့်တန့်ဖြစ်နေနိုင်ပင်မယ့် သူလိုချင်တာ ကိုယ်ဖြစ်ချင်တာတွေကို ညှိနှိုင်းလုပ်ဆောင်တာက ဘေးကင်းကျန်းမာပြီး သာယာပျော်ရွှင်ဖွယ် ဆက်ဆံရေးတစ်ခုကို ဆောင်ကြဉ်းပေးနိုင်စေမယ့် အဓိကသော့ချက်ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် လိုအပ်ချက်နောက်တစ်ခုကတော့ ဘယ်လိုသားဆက်ခြားနည်းလမ်းကို သုံးဖို့သင့်သလဲ ဆိုတဲ့အချက်ပါ။ သားဆက်ခြားနည်းလမ်းတွေက မလိုလားအပ်တဲ့ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိမ်ထောင်ပြုထားတဲ့စုံတွဲတွေတင်မက ကာမစပ်ယှက်မှုရှိသူတိုင်းအတွက် သားဆက်ခြားနည်းတွေသုံးဖို့ လိုအပ်ပါတယ်။ သားဆက်ခြားနည်းတွေအသုံးပြုတဲ့အခါ မလိုချင်သေးတဲ့ကိုယ်ဝန်ကို ရသွားမယ်ဆိုတဲ့ ပူပန်တဲ့စိတ်ကြီးကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ ကွန်ဒုံးနဲ့ သားဆက်ခြားသောက်ဆေးတွေလို ရွေးချယ်ရလွယ်ကူတဲ့ သားဆက်ခြားနည်းတွေအများကြီး ရရှိနေပါပြီ။  (သားဆက်ခြားနည်းလမ်းတွေကို လေ့လာဖို့ ယခုလင်ခ့်မှာ ဖတ်ပါ)

အခုပြောခဲ့သလိုပဲ ကွန်ဒုံးဆိုတာက ကိုယ်ဝန်တားပေးနိုင်တဲ့အပြင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသားကွန်ဒုံးကတော့ ဒီလိုရောဂါပိုးကူးစက်နိုင်တာကို လျှော့ချပေးနိုင်တဲ့ တခုတည်းသော သားဆက်ခြားနည်းလမ်းဖြစ်ပါတယ်။ နောက်ပြီး တစ်ခါတည်းပဲဖြစ်ဖြစ် အကာအကွယ်မဲ့ ဆက်ဆံမိတာနဲ့  လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ ရနိုင်တာဖြစ်လို့ လိင်ပိုင်းဆိုင်ရာတက်ကြွသူတွေနဲ့ လိင်ဆက်ဆံဖော်များတဲ့သူတွေမှသာ ဒီလိုရောဂါတွေရှိနိုင်တယ်လို့ သင်တို့အနေနဲ့ ထင်နေခဲ့မိရင် မှားနေတယ်ဆိုတာပါ။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ တာဝန်သိမှုနဲ့ ဘေးကင်းဖို့စဉ်းစားလုပ်ဆောင်ခြင်းက ဒီလိုရောဂါတွေရနိုင်တဲ့ အခွင့်အလမ်းကို လျှော့ချပေးပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ လူတစ်ဦးချင်းစီရဲ့ ပျော်ရွှင်ခံစားမှုကို ဦးတည်တာက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးရဲ့ အဓိက သော့ချက်ပဲဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတက်ကြွတဲ့သူတွေဟာ သူတို့ကိုယ်တိုင်ရွေးချယ်ထားတာဖြစ်ပြီး ဘယ်သူကမှ အတင်းတိုက်တွန်းတာမဟုတ်ပါဘူး။ ကာမဆက်ယှက်မှုဆိုတာ လူတိုင်းအတွက် ပျော်ရွှင်မှုနဲ့ သာယာကြည်နှုးဖွယ်ကောင်းတဲ့ အရာတစ်ခုဖြစ်ပြီး နှစ်ဦးသဘောတူညီချက်အတိုင်း ဆောင်ရွက်တာသင့်တော်ပါတယ်။ သမီးရည်းစားဆက်ဆံရေးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကာမဆက်ယှက်မှုမှာ နှစ်ဦးသဘောတူမဟုတ်ခဲ့ရင် ရာဇဝတ်မှုမြောက်တယ်ဆိုတာ သတိရပါ။

ဒါကြောင့် လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေ သင့်မှာရှိထားခြင်းက သင့်ရဲ့အခွင့်အရေးတွေကို ပိုမိုနားလည်လာစေနိုင်ပြီး ပိုမိုကျန်းမာပျော်ရွှင်ရတဲ့ ဘဝတွေကို ပိုင်ဆိုင်စေမှာ အမှန်ပဲဖြစ်ပါတယ်။

လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေအကြောင်း လေ့လာဖို့ ဒီကိုနှိပ်ပါ။

လိင်ဆက်ဆံဖို့ သဘောတူညီမှု ရယူခြင်းအကြောင်း သိလိုလျှင် ဒီမှာနှိပ်ပါ။

သင့်အနေနဲ့ ကွန်ဒုံးသုံးဖို့တဲ့နေရာမှာ စိတ်ချရတဲ့ အမှတ်တံဆိပ်ကို ရွေးရခက်နေရင် သိလိုရာမေးကနေပြီးတော့ Kiss နဲ့ Mojo အမှတ်တံဆိပ်ကို ထောက်ခံချက်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *