,

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ရာသီသွေးထိမ်ခြင်းအကြောင်း

Posted by

ဆယ်ကျော်သက် အရွယ်ကနေစပြီး အမျိုးသမီးတိုင်း သိထားသင့်တဲ့ ရာသီသွေးထိမ်ခြင်း (Amenorrhea) ဆိုတဲ့ ရောဂါ ကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အသက် ၁၅နှစ်အထိ ရာသီသွေးမပေါ်တာ (Primary) ကိုယ်ဝန်မရှိဘဲ ၃လဆက်တိုက်၊ ၆လဆက်တိုက် ရာသီသွေး မဆင်းတာ (Secondary) ဆိုပြီး ရာသီသွေးထိမ်ခြင်း နှစ်မျိုး ရှိတယ်လို့ Mayo Clinic ရဲ့ တွေ့ရှိချက်တွေ အရသိရပါတယ်။

ရာသီထိမ်ခြင်း Primary အဆင့်က ရိုးရှင်းပါတယ်။ သမီးမိန်းကလေးက အသက်၁၅နှစ်အထိ ရာသီသွေးမဆင်းဘူးဆိုရင် သက်ဆိုင်ရာဆရာဝန်ဆီမှာပြပြီး လိုအပ်တာတွေ စစ်ဆေးကုသလို့ ရပါတယ်။ များသောအားဖြင့် မိန်းကလေးတွေက အသက် ၈နှစ်မှ ၁၃နှစ်ကြား ရာသီသွေးပေါ်တာဖြစ်တဲ့အတွက် ၁၅နှစ်မတိုင်ခင် သံသယရှိတယ်ဆိုရင်လည်း ကြိုစစ်ဆေးထားလို့ရပါတယ်။

Secondary အဆင့် ရာသီထိမ်ခြင်းက သွေးဆုံးခါနီး အမျိုးသမီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အများဆုံးတွေ့ရတာ ဖြစ်ပြီး များသောအားဖြင့် ကိုယ်ဝန်ရှိတယ်ဆိုပြီး အထင်မှားတတ်ကြပါတယ်။ ဒီဒုတိယအဆင့်ကို မကုသဘူးဆိုရင် ဦးနှောက်အောက်ဘက်ရှိ ပဲစေ့သာသာရှိတဲ့ Pituitary gland မှာ အကျိတ်တည်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

Pituitary gland ဆိုတာ ဖွံဖြိုးကြီးထွားဖို့ အတွက် အဓိကလုပ်ဆောင်တဲ့ အရာဖြစ်ပြီး ၎င်းမှာ အကျိတ်ဖြစ်ပြီဆိုရင် ရာသီမလာတော့တာက စပြီး လိင်စိတ်လျော့မယ်၊ တခဏချင်း ကိုယ်အလေးချိန်တိုးမယ် (သို့) ကျမယ်၊ ဆီးသွားများမယ်၊ တင်ပါးဆုံရိုးနာမယ်၊ အမြင်အာရုံချို့တဲ့မယ်၊ ဆံပင်ကျွတ်မယ်၊ မျက်နှာပေါ် အမွေးတွေ ထွက်လာမယ်၊ ကိုယ်အပူချိန် လျော့လာမယ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်လာမှာ ဖြစ်ပါတယ်။
ရာသီသွေးထိမ်ရခြင်း အကြောင်းအရင်း များစွာရှိပါတယ်။ ကိုယ်ဝန်ရှိချိန်၊ ကလေးနို့တိုက်နေချိန် မှာ သာမန် ရာသီသွေးထိမ်ခြင်း ဖြစ်တတ်ပြီး ကင်ဆာကုထုံး စိတ်ကျရောဂါ ကုထုံး၊ အလာဂျစ်ရောဂါ ကုထုံး စတဲ့ဆေးဝါးတွေ မှီဝဲနေချိန် တွေမှာလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်တတ်ပါတယ်။

ဟော်မုန်းပြောင်းလဲမှုများတဲ့ သွေးဆုံးဖို့ နီးတဲ့အခါ၊ Hypothyroidism ဆိုတဲ့ သိုင်းရွိုက်အလုပ်လုပ်အားနည်းတဲ့အခါမှာလည်း ဖြစ်တတ်ပြီး သာမန်ထက်ပိန်လွန်းခြင်း၊ အပြင်းအထန် အားကစား လုပ်ခြင်း၊ အစားအသောက်မမှန်ခြင်း စတဲ့နေထိုင်မှု ပုံစံ မမှန်တာတွေကြောင့်လည်း ရာသီသွေးထိမ်တတ်ပါတယ်။ ဒါ့အပြင် မွေးရာပါ ချို့ယွင်းချက်ကြောင့်၊ မျိုးရိုးကြောင့်လည်း ဖြစ်တတ်တယ်ဆိုတဲ့အကြောင်း Drug.com ကနေ ၂၀၁၉ ဇူလိုင်လမှာ ဖော်ပြထားပါတယ်။

အထက်ပါအချက်တွေ ဖြစ်လာရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း

• ကိုယ်ဝန်ရှိမရှိ စစ်ဆေးရမယ်
• သိုင်းရွိက်အလုပ်လုပ်ပုံ မှန်မမှန်စစ်ရမယ်
• မမျိုးဥစနစ်ကို စစ်ရမယ်
• Pituitary gland အကျိတ်ရှိမရှိ စစ်ရမယ်
• ကျားဟော်မုန်း မြင့်တက်မှုကို စစ်ရမယ်
• သွေးဖောက်စစ်ရမယ်
• ဦးနှောက်ကို သံလိုက်ဓါတ်မှန်ရိုက်ရမယ် စတာတွေ လိုအပ်ရင် လိုအပ်သလို စစ်ဆေးရပါမယ်။

ဒါကြောင့် အသက် ၁၅နှစ်အထိ ရာသီသွေးမဆင်းရင်၊ သွေးဆုံးခါနီး မူမမှန်တဲ့ အရာတွေ ဖြစ်နေတယ်လို့ သံသယရှိရင် ကျွမ်းကျင်ရာဆရာဝန်နဲ့ အရင်ဆုံးသွားရောက် ဆွေးနွေးသင့်ပါတယ်။ ရာသီထိမ်တာတဲ့ ရောဂါမှ မဟုတ်ပါဘူး တခြားဘယ်ရောဂါမဆို ဖြစ်လာမှသိတဲ့အခါကျရင် အချိန်ကုန်၊ လူပင်ပန်းပြီး အခန့်မသင့် အသက်ပါဆုံးရှုံးနိုင်တဲ့အတွက် ရောဂါ သေးသေးကနေ ကြီးကြီး ဖြစ်မလာခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါလို့လည်း အကြံပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *