
ဟောဒီလောကီမှာ နေထိုင်ကြသူ လူတွေအများကြီးထဲက တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ကိုယ် ဆုံဆည်းကြပြီး
အကြည့်ချင်းဆုံ၊ ရင်တွေခုန်ကြရာက ချစ်သူတွေဖြစ်၊ အချိန်တစ်ခုဖြတ်သန်းပြီး တူနှစ်ကိုယ်
သဘောညီမျှတဲ့ ဟောဒီခဏအတွင်း ပလို့ဂျိဆို ဒချိကြလေမိတာ မဆန်းတဲ့ အကြောင်းအရာတွေပဲ
မဟုတ်လား သားကြီးတို့ရာ …
သူတို့လည်း ဟိုတယ်သွား၊ ငါတို့လည်း ဟိုတယ်သွား၊ သွားနေကြတဲ့သူတွေထဲ ကိုယ့်အလှည့်မှာမှ
"သွေးဆောင်ဖြာယောင်းတယ်" ဆိုတဲ့ ကိစ္စနဲ့ တိုင်မပတ်ဖို့ လိုတယ်ဗျ။ စကားစပ်လို့ ပြောရရင် ဒီ
သွေးဆောင်ဖြားယောင်းတယ်ဆိုတဲ့ ကိစ္စက ကိုယ်တို့ဆီမှာ ဟိုးအရင်မြန်မာမင်းတွေ
လက်ထက်ကတည်းက ရှိနေတာဗျ။ အတိအကျဆိုရရင် "မနုကျယ်ဓမ္မသတ် အတွဲ ၆၊ အပုဒ် ၂၈ တွင်
အမျိုးတူ၍ ဆန္ဒမတူသော ကညာကို ဆိတ်ကွယ်ရာအရပ်၌ အနိုင်ကျင့်ချေသော်၊ ငွေကျပ် ၁၀၀
လျော်စေ" ဆိုပြီး ရှိခဲ့တယ်။ အဲ့ဒီကစလို့ ဒီနေ့ခေတ်အထိ ဥပဒေတွေရှိလာခဲ့ ဒီနေ့မှာတော့ အဲ့ဒီပုဒ်မက
၄၁၇ ဆိုပြီး ရှိပါတယ်။ ဒီတော့ သွေးဆောင်ဖြားယောင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက် မရောက်အောင်
သားကြီးတို့ ဘယ်လို Try မလဲ ..
အဓိကကတော့ ချစ်ခြင်းမျှဝေဖို့ လိုအပ်တာပဲဗျ။ မြန်မာမင်းများလက်ထက်က ဥပဒေမှာကိုက
အနိုင်ကျင့်တယ် ဆိုတာက စထားတာကို မေ့မထားဖို့လိုပါတယ်။ ချစ်သူနှစ်ဦးအကြားမှာ လိင်ကိစ္စကို
ဆောင်ရွက်တဲ့အခါ သူ့ကို လေးစားသမှု အဓိကပေးပါ။ Agreement ဆိုတဲ့ သဘောတူညီချက်ကို
လေးလေးစားစားနဲ့ ယူကြစေချင်ပါတယ်။ ရေရှည် ဘဝလက်တွဲဖော်အဖြစ် သူနဲ့ကိုယ်က
ဆက်ဆံတာလား။ လိင်ဆန္ဒအရ အချိန်အတိုင်းအတာတစ်ခုအထိပဲ ဆက်ဆံတာလား။ ပြီးတော့ သူက
ကိုယ့်အပေါ် ဘယ်လိုမြင်တာလဲဆိုတာကိုလည်း လေ့လာရပါမယ်။ အချစ်ကို ဦးစားပေးပြီး
ဆက်ဆံကြတဲ့ကိစ္စမှာ သူဘက်က စိတ်ပါလက်ပါ သဘောတူညီမှုရဖို့ကို အလေးထားကြဖို့ လိုပါတယ်။
နောက်အရေးကြီးတဲ့တစ်ချက်က အနေအထားကို နည်းနည်းတော့ လေ့လာစေချင်တယ်။ ကိုယ့်ရင်ခွင်ထဲ
ဝင်လာတာ ချစ်လို့လား၊ ညှစ်မလို့လားဆိုတာ နည်းနည်းလေး အချိန်ပေးလိုက်ပြီး လေ့လာရုံနဲ့
သားကြီးတို့ သိကြပါတယ်။ အခြေအနေက ဒီအကွက်ကို ခွင်ဖန်ချင်လို့ ဝင်လုံးတာဆိုရင်တော့
ရှောင်လိုက်ကြပေါ့ဗျာ။
နောက်ဆုံးပြောချင်တာက အဲ ကိုယ်နဲ့သူ ချစ်သူတွေ သဘာဝ ဆက်ဆံတဲ့ကိစ္စကို သဘောတူကြည်ဖြူသူ
ဆိုရင်တော့ သားကြီးတို့ရေ "ရဲဘော် ဆက်လုပ်" ။ အနေအထားက ရေဇယားဆိုရင်တော့
မဝေဝါးနေနဲ့တော့၊ သာသာယာယာလေး ပ ထုတ်လိုက်တာက ပိုငြိမ်းပါလိမ့်မယ်။ ကိုယ့်အတွက်
ထပ်ရှိလာမယ့် ချစ်သူတွေက အများကြီး မဟုတ်လား .. အိုကေ။
အကြံအဖန်တွေကို ရှောင်ရှားပြီး အမှန်အကန်တွေကို ရှာနိုင်ကြပါစေ သားကြီးတို့
Leave a Reply