
ဒီတော့ ဒီတခေါက်မှာ ချိဖတို့ အပြင်မှာပြီးတာ နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို သိလိုရာမေးက အသေးစိတ် ပြောပြပေးသွားပါ့မယ်။
အပြင်မှာ ပြီးတဲ့ နည်းဆိုတာ ဘာလဲ?
ဒါကတော့ ရှင်းပါတယ်။ တူနှစ်ကိုယ်ဒချိကြတဲ့အခါ ပြီးမြောက်ခါနီးတဲ့အချိန်မှာ အမျိုးသားရဲ့ လိင်အင်္ဂါက ထွက်လာတဲ့ သုက်ရည်ကို အမျိုးသမီးရဲ့ မိန်းမကိုယ်ထဲကို မရောက်စေဘဲ မိန်းမကိုယ်ပြင်ပမှာ သုက်လွှတ်လိုက်တာပါပဲ။ ဒီနည်းကို သုံးတဲ့လူအားလုံးရဲ့ ရည်ရွယ်ချက်က မလိုလားအပ်တဲ့အချိန်မှာ ရလာနိုင်တဲ့ကိုယ်ဝန်ကို သဘာဝနည်းနဲ့ တားဖို့ပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက ဒီနည်းက ကိုယ်ဝန်ကို ထိထိရောက်ရောက် တားပေးနိုင်တဲ့ သားဆက်ခြားနည်းမဟုတ်တဲ့အတွက် အခန့်မသင့်ရင် ကိုယ်ဝန်မတော်တဆ ရသွားနိုင်တယ်ဆိုတာကို သိထားရပါမယ်။
ဒါဖြင့် ဒီနည်းသုံးပြီး ထိထိရောက်ရောက်နဲ့ ကိုယ်ဝန်တားဖို့ဆိုရင် တခြားနည်းလမ်းကတော့ ရှိပါတယ်။ ဒါကတော့ တခြားသော သားဆက်ခြားနည်းတစ်ခုခုနဲ့ တွဲသုံးတာပါပဲ။ ဉပမာပြောရရင် ယောကျာ်းလေးတွေဆိုရင် ကွန်ဒုံးစွပ်ပြီး အပြင်မှာပြီးတာ ဒါမှမဟုတ် အမျိုးသမီးက သားဆက်ခြားဆေး သောက်ထားတာ စတဲ့ နည်းလမ်းတွေနဲ့ တွဲသုံးဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။ ဒီလို သားဆက်ခြားနည်းလမ်းတစ်ခုခုနဲ့ တွဲသုံးခြင်းအားဖြင့် ဒီနည်းလမ်းက ထိထိရောက်ရောက် ကိုယ်ဝန်တားပေးနိုင်စွမ်း ရှိမှာ အမှန်ပါပဲ။
ဒါပေမယ့် သေချာစဉ်းစားကြည့်ရင်တော့ ကိုယ်ဝန်မရသွားစေဖို့ အတူနေတဲ့အခါ နှစ်ဦးစလုံးက သားဆက်ခြားနည်းပါ တွဲသုံးနေပြီဆိုမှတော့ အပြင်မှာပြီးတဲ့ နည်းလမ်းကို မသုံးလဲ ရတယ်လို့တော့ ကောက်ချက်ချလို့ရပါတယ်။
အပြင်မှာ ပြီးတဲ့ နည်း ရဲ့ အားသာချက်များ
- ကွန်ဒုံးသုံးပြီး ဒချိတာကမှ ကွန်ဒုံးဖိုးကုန်မယ်… ပြီးတော့ ဆိုင်တွေမှာ ကွန်ဒုံးပစ္စည်းပျက်နေတာမျိုးတွေ လဲ ရှိနိုင်တဲ့အတွက် ဒီနည်းရဲ့ ပထမကောင်းကျိုးကတော့ လွယ်လွယ်ကူကူနဲ့ ငွေလဲမကုန်… ကြိုက်တဲ့အချိန်မှာ ကြိုက်သလို သုံးလို့ရတာပါပဲ။
- တခြားသားဆက်ခြားနည်းလမ်းတွေမတူဘဲ သဘာဝနည်းလမ်းဖြစ်တဲ့အတွက် ဓာတ်မတည့်တာမျိုးတွေ၊ ဘေးဉပဒ်ဖြစ်တာမျိုးတွေ စတဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မယ့် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။
- သားဆက်ခြားသောက်ဆေး၊ ထိုးဆေး နဲ့ ကွန်ဒုံးအစရှိတဲ့ တခြားသားဆက်ခြားနည်းတွေနဲ့ တွဲသုံးမယ်ဆိုရင် ကိုယ်ဝန်မရသွားစေဖို့ ရာခိုင်နှုန်းမြင့်မြင့်နဲ့ ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အပြင်မှာ ပြီးတဲ့ နည်းရဲ့ အားနည်းချက်များ
- ချိဖတို့အနေနဲ့ ဒချိတဲ့အခါမှာ ဒီနည်းလမ်းကို သုံးဖို့ စိတ်ကူးထားပြီဆိုရင်တော့ အချိန်မှီ လိင်တံကို မိန်းမကိုယ်ထဲကနေ အပြင်ထုတ်နိုင်ဖို့ လိုပါတယ်။ အစပထမမှာ ဒီနည်းလမ်းကို သုံးတဲ့ သူတွေ ဖြစ်လေ့ရှိတဲ့အမှားကတော့ ပြီးမြောက်ပြီး သုက်လွှတ်တဲ့အချိန်ကို ခန့်မှန်းနိုင်ခြင်းမရှိတာပါပဲ။ ဒီတော့ ဒီနည်းလမ်းရဲ့ ပထမဆုံးသော အားနည်းချက်ကတော့ ကျွမ်းကျင်မှုမရှိဘဲ သုံးရင်တော့ ကိုယ်ဝန်ရဖို့ ရာခိုင်နှုန်းများပါတယ်။
- နောက်တစ်ခုကတော့ တချိန်ချိန်မှာ ကလေးယူဖို့ စိတ်ကူးထားတဲ့ အိမ်ထောင်သည်တွေအဖို့ ဒီနည်းလမ်းကို သုံးတာက ဆိုးကျိုးကြီးကြီးမားမား မရှိနိုင်ပေမယ့် သမီးရည်းစားတွေ၊ ကလေးလုံးဝမလိုချင်သေးသူတွေအတွက်တော့ ကိုယ်ဝန်တားဖို့ ဒီနည်းလမ်းတစ်မျိုးတည်း သုံးတာက လုံးဝအဆင်မပြေနိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ အမှန်တိုင်းပြောရရင် ဒီနည်းလမ်းရဲ့ အဓိက အားနည်းချက်က သားဆက်ခြားနည်းလမ်းတွေအားလုံးထဲမှာ စိတ်မချရဆုံးနည်းလမ်းဖြစ်တာကြောင့်ပါ…
- ဒီနည်းလမ်းရဲ့ နောက်ဆုံးအားနည်းချက်ကတော့ ကွန်ဒုံးလို အကာအကွယ်မျိုးနဲ့ မတူဘဲ လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်စွမ်းမရှိပါဘူး။
Leave a Reply