အိမ်တွင်းအောင်းပြီး လေ့လာဖို့ ဒေါက်တာဒိရဲ့ အချစ်သိုင်းကျမ်း

Posted by

တကယ်တမ်း ပဋိဇီဝဆေးတွေသုံးတာက လိင်အင်္ဂါထိခိုက်မှု တစ်နည်းနည်းနဲ့ ထိခိုက်စေတယ်ဆိုတာ သိပ်မသိကြပါဘူး။ ဒါကြောင့် မမှားသင့်တာမမှားရလေအောင် သိလိုရာမေးရဲ့ အကိုကြီး ဒေါက်တာဒိက လိင်ခံစားမှုကို ပိုကောင်းစေမယ့် သဘာဝလျို့ဝှက်နည်းတွေကို ဝေမျှပေးသွားပါမယ်။

လိင်ခံစားမှုကောင်းစေဖို့အတွက် အရင်ဆုံး လိင်စိတ်တက်ကြွနေဖို့ လိုပါတယ်။ လိင်စိတ်တက်ကြွဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပါ။ ဂျင်ဆော့တာ၊ ဘောလုံးကန်တာ၊ ပြေးတာ စတဲ့ လေ့ကျင့်ခန်းတွေက အမျိုးသားတွေ လိုအပ်တဲ့ တက်စတိုထရုန်း မြင့်တက်စေပါတယ်။ တက်ကြွလန်းဆန်းတဲ့ စိတ်ခွန်အားမှတစ်ဆင့် တက်စတိုထရုန်း မြင့်တက်ပြီး ကျားစိတ်ဓါတ်၊ ကျားခွန်အားနဲ့ ကျားအစွမ်းတွေကို ပေးစွမ်းပါတယ်။

ကြာစေမယ့်နည်းက ဖြည်းဖြည်းချင်း ထိုးသွင်းတာပါ။ များသောအားဖြင့် အမျိုးသားတွေဟာ ထိုးသွင်းပြီဆိုရင် အဆက်မပြတ် မြန်မြန်လုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ကိစ္စပြီးလွယ်ပြီး ထင်သလောက် စိတ်ကျေနပ်မှု မရရှိပါဘူး။ ဒါကြောင့် ဖြည်းဖြည်းချင်း ဒါမှမဟုတ် တစ်ချက်စီ ထိုးသွင်းပါ၊ ပုံမှန်အသက်ရှူဖို့ မမေ့ပါနဲ့။ ဒီနည်းအားဖြင့် သုက်ရည်ထွက်တော့မယ့် အခြေအနေကို ပိုကြာအောင်လည်း ထိန်းလာနိုင်မှာ ဖြစ်ပါတယ်။

လိင်စိတ်အထွတ်အထိပ်ရောက်စေဖို့နည်းက ဆက်ဆံနေရင်း ကိုင်တွယ်ထိတွေ့ခြင်းပါ။ ဒေါ့ဂီစတိုင်လို့သိကြတဲ့ လိင်ဆက်ဆံမှုပုံစံကို အမျိုးသားတွေ ဘာလို့ပိုကြိုက်ကြတာလဲဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေရဲ့ တင်ပါးကို ကြည့်ရ၊ ကိုင်ရတာကို နှစ်သက်စွဲလမ်းတာကြောင့်လို့ စိတ်ပညာအရ သိရပါတယ်။ ဒါကြောင့် တင်ပါးကို အနောက်ကနေကြည့်ရှုကိုင်တွယ်ပြီး လိင်ဆက်ဆံရတဲ့ ဒေါ့ဂီစတိုင်ဖီးလ်က လိင်စိတ်အထွတ်အထိပ်ရောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်လာတာပါ။

လိင်စိတ်ခံစားမှုကောင်းစေမယ့် နောက်ဆုံးနည်းလမ်းကလည်း ထိုးသွင်းခြင်းပါပဲ။ ဒါပေမယ့် ထိုးသွင်းတိုင်း လိင်စိတ်ကျေနပ်မှု ရသွားတယ်လို့ မထင်ပါနဲ့။ ထိုးသွင်းတာကလည်း သူ့နည်းနဲ့ သူရှိပြီး လှုပ်ရှားမှုမှန်မှန်၊ အချက်ကျကျ ထိုးသွင်းမှ ခံစားချက်မြင့်တက်တာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် လိင်တံကို မအင်္ဂါအဝထိ ပြန်ဆွဲထုတ်ပြီး ထိုးသွင်းခြင်းမျိုးပါ။ ဒီနည်းလမ်းအတွက်လည်း ဒေါ့ဂီစတိုင်နဲ့ တုန်ခါစက်တွေကို အသုံးပြုနိုင်ပါတယ်။

ဒေါက်တာဒိရဲ့ လျို့ဝှက်နည်းတွေက အားလုံးရဲ့ တောင့်တနေမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်များမှာလည်း ဒေါက်တာဒိဆီက ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဆောင်းပါးတွေ ဖတ်ရမလဲဆိုတာ ဆက်လက်စောင့်ကြည့် ဖတ်ရှုပေးပါ။ လိင်ကိစ္စနဲ့ ပတ်သက်ပြီး သိချင်တာတွေအားလုံးကိုလည်း သိလိုရာမေး ဝက်ဘ်ဆိုက်က တစ်ဆင့် ဒေါက်တာဒိဆီမှာ အမည်မဖော်ဘဲ တိုးတိုးတိတ်တိတ်လာမေးလို့ ရတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *