Implant အကြောင်း သိကောင်းစရာ

Posted by

Implant ဆိုတာ ဘာလဲ?

Lydia ရဲ့ Implenex လိုမျိုး လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းကိုတော့ မီးခြစ်ဆံအရွယ် ပလက်စတစ်ချောင်းလေးနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဒီ ပလက်စတစ်ချောင်းလေးမှာပါတဲ့ ပရိုဂျက်စတိုဂျင် ဟော်မုန်းက ကိုယ်ဝန်ရရှိနှုန်းကို ၃ နှစ် အထိ တားဆီးပေးနိုင်ပါတယ်။

Implant နဲ့ ပက်သက်လို့ သိထားသင့်တဲ့ အချက်များ

(၁) Lydia ရဲ့ Implanex လိုမျိုး လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းရဲ့ ကိုယ်ဝန်တားနိုင်စွမ်းက ၉၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။

(၂) အီစတိုဂျင်ပါဝင်တဲ့ သားဆက်ခြားပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ အမျိုးသမီးတွေ၊ နေ့စဉ်သောက်ဆေးသောက်ဖို့ အဆင်မပြေသူတွေ အတွက် Lydia ရဲ့ Implenex လိုမျိုး လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းက အသင့်တော်ဆုံးဖြစ်ပါတယ်။

(၃) စထည့်ထည့်ချင်းမှာ လက်မောင်းအတွင်းဘက်အနားတဝိုက် နီရဲတာ၊ ယားယံတာ၊ တဆစ်ဆစ် ကိုက်ခဲတာ အနည်းငယ်ရှိနိုင်ပေမယ့် တခဏအတွင်းမှာ ပျောက်ကင်းသွားတတ်ပါတယ်။

(၄) အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးကတော့ Implant ထည့်ပြီးတာနဲ့ ရာသီလာတာ နည်းသွားတာ၊ ရာသီ လုံးဝမလာတော့တာပါပဲ။ ဒါကတော့ ဆေးထဲမှာ ပါတဲ့ ဟော်မုန်းကြောင့် ဖြစ်လို့ စိုးရိမ်စရာ အကြောင်းမရှိပါဘူး။ တခြားသော ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူး ၊ ခေါင်းကိုက်၊ မူးဝေ အော့အန် တာမျိုးတွေ ရှိနိုင်ပါတယ်။

Implant ရဲ့ လုပ်ဆောင်ချက်

ဒီ မီးခြစ်ဆံအရွယ်အစားရှိတဲ့ လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းရဲ့ လုပ်ဆောင်ချက်က နှစ်ဆင့်ရှိပါတယ်။ ပထမဦးဆုံးအဆင့်အနေနဲ့ သူက ထည့်သွင်းပြီး ၇ ရက်အကြာမှာ လက်မောင်းတွင်းသွေးကြောတွေကနေ တဆင့် ပရိုဂျက်စတိုဂျင် ဟော်မုန်းကို ခန္ဓာကိုယ်တစ်ခုလုံးကို ထုတ်လွှတ်ပေးပါတယ်။ ဒီလို ပျံ့နှံ့သွားတဲ့ ပရိုဂျက်စတိုဂျင် ဟော်မုန်းတွေက သားအိမ်တွင်းက သားဉပြွန်တွေကနေ သားဉကြွေတာကို တားဆီးပေးပါတယ်။

နောက် လုပ်ဆောင်ချက်တစ်ခုကတော့ ဒီထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းတွေက သားအိမ်ခေါင်းနံရံကို ထူသွားစေပြီး သားအိမ်ဝမှာ အချွှဲတွေနဲ့ ပိတ်ဆို့ထားတဲ့အတွက် သုတ်ပိုးတွေက မမျိုးဉဆီကို မရောက်နိုင်အောင် တားဆီးပေးတဲ့ သဘောဖြစ်ပါတယ်။

ဘယ်အချိန်မှာစပြီး လုပ်ဆောင်လဲ?

Lydia ရဲ့ Implanex လိုမျိုး လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းကို အမျိုးသမီးတွေအနေနဲ့ ရာသီလာတဲ့ ရက်အတွင်းမှာ ထည့်သွင်းမယ်ဆိုရင်တော့ ကိုယ်ဝန်ကို ချက်ချင်း တားပေးနိုင်စွမ်း ရှိပါတယ်။

တခြားရက်တွေမှာ ထည့်သွင်းမယ်ဆိုရင်တော့ အမျိုးသားနဲ့ အတူနေတဲ့အခါ ပထမတစ်ပတ်ကို ကွန်ဒုံးလိုမျိုး အကာအကွယ် သုံးပေးရပါမယ်။

ဘယ်လို ထည့်သွင်းနိုင်လဲ?

Lydia ရဲ့ Implenex လိုမျိုး လက်မောင်းတွင်းထည့် Implant ကို နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ ကျွမ်းကျင်တဲ့ သူနာပြု၊ ဆရာဝန်ကနေ ပြုလုပ်ပေးနိုင်ပါတယ်။ လက်မောင်းအတွင်းဘက် အရေပြားအောက်မှာ ထည့်သွင်းတာဖြစ်ပြီး ဆေးထိုးလိုက်သလိုမျိုးပဲ ခံစားရမှာ ဖြစ်ပါတယ်။ သက်တမ်း ၃ နှစ်မပြည့်ခင်  ထုတ်ယူချင်ရင်လဲ လွယ်လွယ်ကူကူနဲ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Implant ထည့်သွင်းဖို့ မသင့်တော်သူများ

(၁) လစဉ် ရာသီလာခြင်းကို နှစ်သက်သူများ

(၂) မူမမှန် သွေးဆင်းသော အလေ့အထရှိသူများ

(၃) နှလုံးရောဂါ နှင့် နှလုံးအဆို့ရှင် ရောဂါ ခံစားနေရသူများ

(၄) အသည်းရောဂါ ခံစားနေရသူများ

(၅)  ရင်သားကင်ဆာ ခံစားနေရသူများ၊ ရင်သားကင်ဆာ ဖြစ်ဖူးသူများအနေနဲ့ လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းကို မသုံးစွဲသင့်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *