အပေးအယူလုပ်မယ့် ချိမနဲ့ချိဖတို့ သိဖို့

Posted by

အဲ့ဒီကနေတဆင့်တက်ပြီး နှစ်ယောက်အနေနီးလာတာနဲ့အမျှ အသွေးအသားက စကားပြောပြီး အတူနေဖို့ လက်တည့်စမ်းချင်ကြမယ်။

စွန့်စွန့်စားစားနဲ့ လက်တည့်စမ်းချင်ကြတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဒီလို ပထမဆုံးအချိန်ချစ်ကြလို့ အပျိုရည် လူပျိုရည်မပျက်ခင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နဲ့ ရောဂါကူးစက်မှုတွေမဖြစ်အောင် သိထားသင့်တဲ့ အချက်တွေလဲ ရှိနေပါသေးတယ်။ ဒါတွေကတော့…

(၁) အပျိုမြှေး၊ သွေးထွက်ခြင်း နှင့် အပျိုစစ်မှု

ကျန်းမာရေးဗဟုသုတနည်းတဲ့ တချို့ယောကျာ်းလေးတွေက ပထမဦးဆုံးအချိန် မိန်းကလေးနဲ့အတူနေတဲ့အခါ အပျိုမြှေး နဲ့ မိန်းမကိုယ်က သွေးထွက်တာမျိုး ရှိတာ မရှိတာနဲ့ ပက်သက်ပြီး အပျိုစစ်တာကို ဆုံးဖြတ်တတ်ကြပါတယ်။ အပျိုမြှေးဆိုတာလဲ ငယ်စဉ်မှာ အားကစားလိုက်စားလို့ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ ပျက်စီးနိုင်ပြီး သွေးထွက်တာ မထွက်တာကလဲ လူတစ်ဦးချင်းစီအလိုက် ကွဲပြားတတ်ပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေအနေနဲ့ အတူမနေခင်မှာ သိထားရမယ့်အချက်တစ်ခုကတော့ အပျိုမြှေး၊ မိန်းမကိုယ်က သွေးထွက်တာက အပျိုစစ်ခြင်း မစစ်ခြင်းကို ကိုယ်စားမပြုဘူးဆိုတာပါပဲ။

(၂) ကနဦးနှိုးဆွမှု နှင့် ချောဆီ

လက်ထပ်ပြီးစသူတွေပဲဖြစ်ဖြစ်၊ တခါမှ အတူမနေဖူးတဲ့ ချစ်သူစုံတွဲတွေပဲဖြစ်ဖြစ် ပထမဦးဆုံးအချိန်ဆိုရင် သိတဲ့အတိုင်းပဲ စိတ်လှုပ်ရှားနေမယ်၊ စပြီး လှုပ်ရှားတဲ့အခါမှာ ကမောက်ကမတွေဖြစ်နေမယ်၊ ဒါတွေက သဘာဝပါပဲ။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပထမဆုံးအကြိမ်လေးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ နှစ်ယောက်လုံးက ဒီအချိန်အခိုက်အတန့်မှာ လုံးဝစိတ်ပါနေဖို့လိုပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင်တော့ ယောကျာ်းလေးဖက်ကလဲ ချစ်သူမိန်းကလေး စိတ်ကြွလာအောင် ကနဦးနှိုးဆွမှုလုပ်ပေးဖို့ လိုအပ်သလို မိန်းကလေးကလဲ သိပ်ပြီး စိတ်လှုပ်ရှားမနေဖို့၊ ကြောက်မနေဖို့ အရေးကြီးပါတယ်။ ကနဦးနှိုးဆွပြီး စိတ်ကြွလာလို့ လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေပြီဆိုရင်တော့ ချောချောမွေ့မွေ့ ဖြစ်စေဖို့ ရေဓာတ်အခြေခံတဲ့ Kiss Water Gel ကို သုံးပေးလို့လဲ ရပါသေးတယ်။

(၃) ကာမစည်းစိမ်ရဖို့ မျှော်လင့်ချက်သိပ်မထားပါနဲ့

ဒါကတော့  လူပျိုဘဝ အပျိုဘဝကို ပေးဆပ်ရတော့မယ်ဆိုတဲ့အတွက် ဒီလိုပေးဆပ်ရတာနဲ့တန်အောင် တချို့က First Time မှာပဲ ကောင်းချင်ကြပါတယ်။ အမှန်တရားကတော့ လေ့ကျင့်ခန်းတစ်ခုကို ပထမဦးဆုံးစလုပ်သလိုပဲ စလုပ်လုပ်ချင်းမှာ ကမောက်ကမတွေဖြစ်မယ်… အလွဲအချော်လေးတွေ ရှိမယ် ဆိုသလိုမျိုးပဲ ယောကျာ်းလေးတွေဆိုလဲ ထိုးသွင်းဆက်ဆံပြီး ခဏလေးနဲ့ ပြီးသွားတာမျိုးတွေ၊ မိန်းကလေးတွေဆိုလဲ မသက်မသာခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီတော့ ကာမစည်းစိမ်ရဖို့ဆိုတာက ပထမဦးဆုံးအကြိမ်မှာ သိပ်ပြီး မျှော်လင့်ချက်ထားလို့ မရနိုင်တဲ့ကိစ္စဆိုတာလဲ သိထားဖို့လိုအပ်တဲ့ အချက်တစ်ချက်ပါပဲ…

(၄) ကိုယ်ဝန် နဲ့ ရောဂါပိုးကူးစက်ခံရမှုနှုန်း

မိန်းကလေးနဲ့ ယောကျာ်းလေး အတူနေတာပထမဦးဆုံးအကြိမ်ပဲဖြစ်ဖြစ်၊ နောက်ဆုံးအကြိမ်ပဲဖြစ်ဖြစ် ကိုယ်ဝန်နဲ့ လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ရသွားနိုင်ပါတယ်။ ဒီလိုရောဂါတွေ ကူးစက်မှုကနေ ကာကွယ်နိုင်အောင်နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားတာမျိုးမရှိအောင် Kiss နဲ့ Mojo တို့လို ကွန်ဒုံးကို မဖြစ်မနေသုံးသင့်ပါတယ်။ ယောကျာ်းလေးက ကွန်ဒုံးမသုံးမိလိုက်လို့ မိန်းကလေးတွေကလဲ ကိုယ်ဝန်ရသွားတာမျိုးမဖြစ်အောင် Lydia 1Safe Pill ကိုလဲ အတူနေပြီး ၇၂ နာရီအတွင်း သောက်ဖို့လိုပါတယ်။

(၅) အပျိုမစစ်တော့တာနဲ့ တန်ဖိုးမလေျာ့သွားပါ

ဒါကတော့ မိန်းကလေးတွေအတွက်ပါ။ အပျိုစင်မဟုတ်တော့လို့ တခြားသူတွေထက် ကိုယ်က တပန်းရှုံးတယ်လို့ ခံစားနေရတဲ့ မိန်းကလေးတွေ၊ စိတ်အားငယ်ပြီး စိတ်ဓာတ်ကျနေတဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်။ ပြောချင်တာက ကိုယ်က ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ စိုးရိမ်မှုတွေရှိနေမယ်ဆိုရင် အစကတည်းက ဒီလို အတူနေတဲ့ကိစ္စကို မလုပ်တာအကောင်းဆုံးပါပဲ။ ကိုယ့်ဘဝ ကိုယ့်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဘယ်သူမှအတင်းအကျပ် ဒီကိစ္စကို တောင်းဆိုလို့မရပါဘူး။ နောက်ဆုံး ကိုယ့်ခန္ဓာကိုယ်မို့လို့ ကိုယ်ဆုံးဖြတ်ချက်အတိုင်း လုပ်လိုက်ပြီဆိုရင်လဲ ပတ်ဝန်းကျင်က ကိုယ့်ကို ထမင်းမကျွေးတဲ့အတွက် ဘေးစကားတွေကို ဂရုမစိုက်ဘဲ ရှင်သန်နိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *