
တချို့က အတူနေတိုင်း ကွန်ဒုံးလိုမျိုး အကာအကွယ်သုံးပြီး နေကြသလို၊ တချို့က နေ့စဉ်သားဆက်ခြားသောက်ဆေး၊ ၃လခံထိုးဆေးတွေ အသုံးပြုကြတဲ့သူတွေလဲ ရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ ရေတိုသားဆက်ခြားနည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်များလွန်းတဲ့ အမျိုးသမီးတွေ၊ ရေတိုနည်းလမ်းတွေကို သုံးဖို့အဆင်မပြေသူတွေ နဲ့ ကိုယ်ဝန်ကို နှစ်ရှည်တားထားချင်တဲ့ အမျိုးသမီးတွေလဲ ရှိမယ်ထင်ပါတယ်။ ဒီအမျိုးသမီးတွေအတွက် နှစ်ရှည်ခံသားဆက်ခြားပစ္စည်းတွေဖြစ်တဲ့ လက်မောင်းတွင်းထည့် Implant နဲ့ သားအိမ်တွင်းထည့် IUD တွေအကြောင်းကို မိတ်ဆက်ပေးသွားပါ့မယ်။
(၁) လက်မောင်းတွင်းထည့် Implant
Lydia ရဲ့ Implenex လိုမျိုး သားဆက်ခြားပစ္စည်းကတော့ ပျော့ပျောင်းတဲ့ ကော်နဲ့ ပြုလုပ်ထားတဲ့ မီးခြစ်ဆံပုံသဏ္ဍာန်မျိုးရှိပြီး ထုံဆေးပေးပြီး အမျိုးသမီးတွေရဲ့ လက်မောင်းအတွင်းအရေပြားအောက်ကို ထည့်သွင်းရတာဖြစ်ပါတယ်။ Implant ရဲ့ လုပ်ဆောင်ချက်ကတော့ သားဉအိမ်ကနေ ဉကြွေတာကို တားဆီးပေးတဲ့ ပရိုဂျက်စတင်ဆိုတဲ့ ဟော်မုန်းကို ထုတ်ပေးတာဖြစ်ပြီး ဒီဟော်မုန်းကတော့ သားအိမ်နံရံကို ထူသွားစေပြီး သုတ်ပိုးတွေိကို သားဉတွေဆီ ကူးခတ်ပြီး မျိုးအောင်တာကို တားဆီးပေးပါတယ်။
သက်တမ်း နှင့် အစွမ်းထက်မြက်မှု
သက်တမ်းအနေနဲ့ Lydia ရဲ့ Implenex ကတော့ တခါထည့်ထားပြီးရင် သုံးနှစ်အထိ ကိုယ်ဝန်တားပေးနိုင်စွမ်းရှိပါတယ်။ အစွမ်းထက်မြက်မှုကတော့ ရာသီလာရက်မှာ စထည့်မယ်ဆိုရင် အမျိုးသားနဲ့ တူတူတန်းနေလို့ရပြီး တခြားရက်တွေမှာ ထည့်မယ်ဆိုရင်တော့ ထည့်ပြီး အနည်းဆုံး တပတ် ကွန်ဒုံးသုံးပြီး အတူနေရမှာဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုး
လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း Implant ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ရာသီအလာနည်းသွားတာ၊ ရာသီလုံးဝမလာတော့တာမျိုးတွေ ရှိနိုင်ပါတယ်။ ခေါင်းကိုက်တာ၊ စိတ်အတက်အကျလွယ်တာတွေလဲ ယေဘူယျကျန်းမာရေးလက္ခဏာလေးတွေ ရှိနိုင်ပါတယ်။
Implant မထည့်သွင်းသင့်သူများ
ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေ၊ အသည်းကင်ဆာရှိနေသူတွေ နဲ့ မူမမှန်သွေးဆင်းလေ့ရှိတဲ့ အမျိုးသမီးတွေက လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း မသုံးစွဲသင့်ပါဘူး။
(၂) သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း IUD
Lydia ရဲ့ Copper T Copper Y နဲ့ Sleek လို သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းကိုတော့ ကြေးနီနဲ့ပြုလုပ်ထားပြီး အမျိုးသမီးတွေအနေနဲ့ မိမိနဲ့ ကိုက်ညီတဲ့ IUD အမျိုးအစားကို ရွေးချယ်လို့ရပါတယ်။ IUD ရဲ့ လုပ်ဆောင်ချက်ကတော့ ကြေးနီက သုတ်ပိုးတွေကို သားအိမ်တွင်းထဲ မရောက်အောင် တားဆီးပေးပါတယ်။
သက်တမ်း နဲ့ အစွမ်းထက်မြက်မှု
ကိုယ်ရွေးချယ်တဲ့ IUD အမျိုးအစားအလိုက် သက်တမ်း ၅ နှစ်ကနေ ၁၀ နှစ်အထိ ကိုယ်ဝန်တားပေးနိုင်ပြီး IUD ကတော့ ထည့်သွင်းပြီးတာနဲ့ တပြိုင်နက် လုပ်ငန်းစတင်လုပ်ဆောင်တာဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုး
သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း IUD ထည့်သွင်းထားတဲ့ အမျိုးသမီးအများစုကတော့ ရာသီလာချိန်မမှန်တာတွေ၊ သွေးတစက်ချင်းစီ ဆင်းတာမျိုးတွေရှိနိုင်ပြီး ဒီလက္ခဏာတွေက ပုံမှန်အားဖြင့်တော့ ၃လကနေ ၆လအတွင်းမှာ ပျောက်သွားတတ်ပါတယ်။
IUD မသုံးသင့်သူများ
ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးတွေ၊ ခုခံအားကျဆင်းမှုရောဂါ (AIDS) ခံစားနေရသူအမျိုးသမီးတွေအနေနဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း ကို အသုံးမပြုသင့်ပါဘူး။
ကွာခြားချက်
Lydia ရဲ့ Implenex လိုမျိုး လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းကတော့ ဟော်မုန်းပါဝင်ပြီးတော့ Lydia ရဲ့ Copper T ၊ Copper Y နဲ့ Sleek လို သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းကတော့ ဟော်မုန်းမပါဝင်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် ဓမ္မတာလစဉ်ပေါ်မှ သဘောကျတဲ့ အမျိုးသမီးတွေ ရွေးချယ်သင့်တဲ့သားဆက်ခြား နည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။
Reference; WebMD
ဒီထက်ပိုပြီး တိတိကျကျအသေးစိတ်သိချင်တယ်ဆိုရင်တော့ Implant ကို ဒီ Link မှာ ကြည့်နိုင်ပြီး IUD ကို ဒီ Link မှာ ဝင်ကြည့်နိုင်ပါတယ်။
Leave a Reply