
ကျွန်မယောကျာ်းကတော့ အိမ်တွင်းအလှဆင်ပညာရှင်တစ်ယောက်ပါ။ ကျွန်မ အသက် ၂၄ နှစ်မှာ စောစောအိမ်ထောင်ကျခဲ့တဲ့အတွက် ကျွန်မနဲ့ ကိုကိုရဲ့ အိမ်ထောင်သက်ကတော့ ၃နှစ်ကျော်လာပြီပေါ့နော်။ ကျွန်မတို့ လင်မယားက လက်ထပ်ပြီးပြီးချင်းပဲ ကလေးလိုချင်တဲ့အတွက် ကလေးတန်းယူဖြစ်ခဲ့တော့ မကြာခင်မှာပဲ ကျွန်မတို့ လင်မယားနှစ်ယောက်ဘဝထဲကို သားလေးရောက်လာခဲ့တယ်ဆိုပါတော့…
ကျွန်မက သားလေးမွေးပြီးတော့ အသက်ကလဲ ၂၅ နှစ်ကျော်ပဲ ရှိသေးတဲ့အပြင် အလုပ်မှာလဲ ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးသွားခဲ့တယ်။ ဒီတော့ အလုပ်ကလဲ တစ်ဖက်၊ သားလေးရဲ့ ဝေယျာဝစ္စတွေက တစ်ဖက်ဆိုတော့ လောလောဆယ် နှစ်အတော်ကြာတဲ့ထိ နောက်ကလေးမယူချင်သေးတော့ ကိုကိုနဲ့တူတူ ကိုယ်ဝန်နှစ်ရှည်တားဖို့အတွက် တိုင်ပင်ဖြစ်တယ်။ ကျွန်မတို့ လင်မယားအနေနဲ့က ကိုယ်ဝန်ကိုလဲ နှစ်ရှည်တားချင်တယ်… အဆင်သင့်ဖြစ်တဲ့အချိန်တစ်ခုရောက်ရင်လဲ ကလေးတန်းယူမယ်စိတ်ကူးထားတယ်လေ။ အဲ့အချိန်တုန်းက ကျွန်မစိုးရိမ်တာတစ်ခုက ဟော်မုန်းပါတဲ့ နှစ်ရှည်ခံ သားဆက်ခြားနည်းလမ်းတွေကိုသုံးရင် ကိုယ်ဝန်ပြန်ဆောင်ရဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရတယ်ဆိုတာနဲ့ တချို့ဆေးတွေဆိုရင် ကလေးနို့တိုက်ရင် အနှောင့်အယှက်ဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့်မို့လို့ ဒီလိုမျိုးတွေ မဖြစ်ရအောင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖြစ်တယ်။
ဆရာဝန်နဲ့တိုင်ပင်ပြီး ကျွန်မနဲ့ကိုက်ညီတဲ့ နှစ်ရှည်ခံသားဆက်ခြားနည်းဖြစ်တဲ့ လေဒီယာရဲ့ Copper Y ကို ကျွန်မ စသုံးဖြစ်ခဲ့တယ်။ Lydia ရဲ့ Copper Y ဆိုတာက သားဆက်ခြားဖို့အတွက် သားအိမ်ထဲကို ထည့်ရတဲ့ ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ပလက်စတစ်အချောင်းလေးပေါ့။ လေဒီယာရဲ့ Copper Y IUD ကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူရဲ့ အကူအညီနဲ့ သားအိမ်ထဲကို ထည့်သွင်းနိုင်ပြီး ထည့်သွင်းပြီးတာနဲ့ချက်ချင်း အစွမ်းပြတော့ အမျိုးသားနဲ့ အတူနေတဲ့အခါ အကာအကွယ်လဲ သုံးစရာမလိုပါဘူး။ ပြီးတော့ သူက ကလေးနို့တိုက်တာကိုလဲ အနှောင့်အယှက်မဖြစ်စေနိုင်ဘူးဆိုတော့ ကျွန်မလို နို့တိုက်မိခင်အတွက် အရမ်းအဆင်ပြေတယ်။ သူ့ရဲ့ ကိုယ်ဝန်တားပေးနိုင်တဲ့ သက်တမ်းက ၅ နှစ်ရှိပြီး သက်တမ်းပြည့်သွားလို့ပဲ ဖြစ်ဖြစ်၊ ကလေးလိုချင်လို့ သက်တမ်းမပြည့်ခင်အချိန်မှာပဲ ဖြစ်ဖြစ် ပြန်ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ချက်ချင်း တန်းဆောင်နိုင်တယ်လေ။
ကဲ အခုဆိုရင် ကျွန်မအသက်လဲ ၂၇ နှစ်ရှိပြီ… သားလေးလဲ အသက် ၂ နှစ်ထဲ ဝင်လာပြီ။ လေဒီယာရဲ့ Copper Y IUD ထည့်ထားတော့ ကျွန်မက ဘယ်လောက်အလုပ်များများ၊ ဆေးထိုးဆေးသောက်လုပ်တုန်းကလို မေ့သွားလို့ ကိုယ်ဝန်များ မတော်တဆရသွားမလားဆိုပြီး စိုးရိမ်စရာလဲ မလိုဘူး။ သတိထားရမှာဆိုလို့ တစ်လတစ်ခါ ရာသီလာပြီးချိန်တိုင်း IUD ကြိုးစလေး ရှိ မရှိ သတိတရနဲ့ စမ်းကြည့်ပေးရုံပဲ။ ကျွန်မကတော့ နောက် ၂ နှစ်လောက်အကြာ အဆင်သင့်ဖြစ်ပြီဆိုရင် ကလေးထပ်ယူဖို့တော့ စိတ်ကူးထားတယ်။
ကျွန်မလိုမျိုး သားအိမ်တွင်းထည့် နှစ်ရှည်ခံသားဆက်ခြားပစ္စည်း IUD သုံးတဲ့ အမျိုးသမီးထုကြီးတွေရှိရင် ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို ပြောပြပေးသွားဖို့ မမေ့နဲ့နော်…
Leave a Reply