အိမ်ထောင်မှုဘဝမှာ အရေးပါဆုံးအရာ

Posted by

ကျွန်မနာမည်က သန္တာပါ။ ကျွန်မ က ပုသိမ်ဇာတိဖြစ်တဲ့အတွက် ကျွန်မ အသက် ၁၆ နှစ် ၁၀တန်းအောင်တဲ့အထိ ပုသိမ်မှာပဲ နေခဲ့ရပါတယ်။ ၁၀ တန်းအောင်တော့ ကျွန်မက ရန်ကုန်မှာ အဒေါ်လည်းရှိနေတော့ အဒေါ်အိမ်မှာပဲ နေပြီး တက္ကသိုလ်တက်ဖို့ မိဘတွေနဲ့ တိုင်ပင်ဖြစ်တယ်။ ဒါနဲ့ ရန်ကုန်ကို ရောက်လာပြီး ဒဂုံတက္ကသိုလ်မှာပဲ အင်္ဂလိပ်စာ အထူးပြု တက္ကသိုလ်ကျောင်းသူကြီး ဖြစ်လာခဲ့တာပေါ့။

ကျောင်းတက်တော့လဲ ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အတူတူ အတန်းတက်လိုက်၊ Canteen ထိုင်လိုက် ၊ Tutorial တွေ စာမေးပွဲတွေနဲ့ နပန်းလုံးလိုက်နဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်ကို ကျော်ဖြတ်ခဲ့တာပေါ့။ ဒါပေမယ့် တတိယနှစ်ရောက်တဲ့အခါမှာ သူငယ်ချင်းတွေရဲ့ အောင်သွယ်ကောင်းမှုကြောင့် ကိုကို နဲ့ ကျွန်မ နဲ့ တွေ့ခွင့်ရခဲ့တယ်။ ကိုကိုက ကျွန်မထက် ၁ နှစ်ကြီးတော့ နောက်ဆုံးနှစ်ကျောင်းသားပေါ့။ အဲ့လိုနဲ့ပဲ နှစ်ယောက်လုံး ချစ်သူတွေ ဖြစ်သွားကြပြီး တစ်နှစ်ခွဲအကြာမှာပဲ ကိုကိုက ကျောင်းပြီးသွားတော့ အလုပ်ရှာပြီး ကျွန်မကတော့ ကျောင်းဆက်တက်ဖြစ်ခဲ့တယ်။

ကွျန်မကျောင်းအပြီး ရန်ကုန်မှာပဲ အလုပ်စရှာတဲ့အချိန်မှာ ကိုကိုကလဲ ကုမ္ပဏီဝန်ထမ်း ဖြစ်နေပြီပေါ့။ အလုပ်ရှာရင်း ရှာရင်းနဲ့ နောက်ဆုံး သင်တန်းကျောင်းတစ်ခုမှာ ကလေးတွေကို စာသင်ပေးရတဲ့ ဆရာမ အလုပ်ရခဲ့တယ်။ ကိုကိုနဲ့ ပက်သက်လို့ကတော့ သမီးရည်းစားသက်တမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဒီလိုပဲ ရှေ့ဆက်ခဲ့ကြတာပေါ့။ အချိန်တစ်ခုကြာတော့ နှစ်ယောက်လုံးလဲ စုမိဆောင်းမိ ရှိလာပြီ၊ အိမ်ထောင်တစ်ခု ထူထောင်ဖို့လဲ အဆင်သင့်ဖြစ်ပြီဆိုတော့ ကျွန်မနဲ့ကိုကိုနဲ့ လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီး ရန်ကုန်မှာပဲ တိုက်ခန်းငှားနေပြီး နှစ်ယောက်တစ်ဘဝ စခဲ့ကြတယ်။

လက်ထပ်ပြီး အစောပိုင်းကာလမှာတော့ အလုပ်တစ်ဖက် အိမ်မှုကိစ္စတစ်ဖက်နဲ့ မို့လို့ကလေးယူဖို့ စိတ်ကူးမရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်တဲ့ သားဆက်ခြားနည်းလမ်းကို ရှာရတာ ခေါင်းခြောက်မတတ်ပါပဲ။ ဟိုလူမေး၊ ဒီလူမေးနဲ့ နောက်ဆုံး ကျွန်မလဲ ကိုယ်နဲ့ သင့်တော်မယ့် သားဆက်ခြားနည်းလမ်းနဲ့ ပက်သက်လို့ အွန်လိုင်းမှာ ရှာတဲ့အခါ သိလိုရာမေး ဝက်ဘ်ဆိုဒ်ကို သွားတွေ့တာပဲ။ သိလိုရာမေးဝက်ဘ်ဆိုဒ်မှာက မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေ၊ လိင်ပညာပေးတွေ၊ သားဆက်ခြားနည်းလမ်းတွေနဲ့ ပက်သက်ပြီး စုံစုံလင်လင် လေ့လာနိုင်တယ်လေ။

သိလိုရာမေးဝက်ဘ်ဆိုဒ်ကနေ တင်ထားတဲ့ သားဆက်ခြားနည်းလမ်းတွေထဲကမှ နေ့စဉ်သားဆက်ခြားသောက်ဆေးကတော့ အဆင်ပြေလောက်မယ်ဆိုပြီး ဆရာဝန်နဲ့ သောက်ဖို့ တိုင်ပင်ကြည့်ဖြစ်တယ်။ တိုင်ပင်ကြည့်တော့ ဆရာဝန်မမက အလွယ်တကူ အဆင်ပြေပြေနဲ့ သောက်လို့ရမယ့် လေဒီယာရဲ့ နေ့စဉ် သားဆက်ခြားသောက်ဆေး၂၈ လုံးပါ Rosa ကို ညွှန်လိုက်တယ်လေ။ သူက အချိန်မှန်မှန်နဲ့ စနစ်တကျသောက်မယ်ဆိုရင် ကိုယ်ဝန်ကို ၉၈ ရာခိုင်နှုန်းအထိ တားထားပေးနိုင်တယ်ဆိုတာနဲ့ ကျွန်မလဲ လေဒီယာရဲ့ Rosa ကို နေ့တိုင်းအချိန်မှန်မှန် သတိထားပြီး သောက်ဖြစ်တယ်။

အခုတော့ ကျွန်မက အလုပ်လဲ လုပ်ရင်း အိမ်မှုကိစ္စတွေလဲ လုပ်ရင်းနဲ့ ဘဝကို ဖြတ်သန်းနေပြီ ကျွန်မရော ကိုကိုရော အဆင်သင့်ဖြစ်တဲ့အချိန်ကျရင်တော့ ကလေးယူဖို့ စိတ်ကူးထားတယ်ရှင်။ ကျွန်မလိုမျိုး နေ့စဉ်အိမ်ထောင်မှုဘဝမှာ အရေးပါတဲ့ သားဆက်ခြားနည်းလမ်းတွေနဲ့ ပက်သက်ပြီး စုံစုံလင်လင် သိချင်တယ်ဆိုရင်တော့ သိလိုရာမေး ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်လေ့လာဖို့ အကြံပြုချင်ပါတယ်ရှင်…

ရိုဆာကို ကြည့်ရန်နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *