
သုတ်ပိုးဟာ အဖို မျိုးပွားဆဲလ်ဖြစ်ပြီး မှန်ဘီလူးနဲ့သာ မြင်နိုင်ပါတယ်။ သုက်ပိုးကို ကမ္ဘာမှာ ပထမဦးဆုံး တွေ့ရှိသူက နယ်သာလန်နိုင်ငံသား လူဝင်ဟုတ် (၁၆၃၂-၁၇၂၃) ဆိုသူ ဖြစ်ပါတယ်။ အကာအကွယ် မပါဘဲ လိင်ဆက်ဆံတိုင်း ကိုယ်ဝန်ရသလား ဆိုတော့ အဖြေက နိုး ပါ။ ဘာကြောင့်လဲ ဆိုတော့ သုက်ပိုးတိုင်းက ကျန်းမာပြီး ရွေ့လျားသွားလာနိုင်စွမ်း မကောင်းလို့ပါပဲ။
ကိုယ်ဝန်ရချင်တယ်ဆိုရင် အမျိုးသားရဲ့ သုက်ရည်မှာ ကျန်းမာတဲ့ သုက်ပိုးတွေနဲ့ ပြည့်နေဖို့ အရေးကြီးပါတယ်။ သုက်ရည်အတွင်းမှာ သုက်ပိုးကောင်တွေ ပြည့်ပြီး မျိုးပွားဖို့ အဆင်သင့်အခြေအနေဖြစ်ဖို့ Spermatogenesis ဆိုတဲ့ သုက်ပိုးကောင်ရေ ပြည့်ဝခြင်းဖြစ်စဉ်ကို လေ့လာမယ်ဆို ဝှေးစေ့ဟာ သုက်ပိုးတွေကို နေ့စဉ်ထုတ်လုပ်သလို သုက်ရည်ထဲက ပြည့်ဝသွားဖို့ ၆၄ ရက်ထိ ကြာနိုင်ပါတယ်။ သုက်ပိုးတွေဟာ ကျန်းမာသန်စွမ်းမှုအပြည့်ရှိနေတဲ့အခါ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်ကနေ မျိုးဥအတွင်း အလျင်အမြန် သွားလာလို့ မျိုးအောင်နိုင်ခြေ မြင့်မားစေပါတယ်။ ကျန်းမာတဲ့အမျိုးသားတစ်ဦးရဲ့ ဝှေးစေ့က တစ်နေ့မှာ သုက်ပိုးအကောင် သန်းနဲ့ချီပြီး ထုတ်လုပ်ပါတယ်။ သုက်ပိုးကောင်ရေ ပြည့်ဝခြင်းဖြစ်စဉ် ၆၄ ရက် ရှိတဲ့အခါ ဝှေးစေ့ထဲမှာ သုက်ပိုးကောင်ရေ သန်းပေါင်း ၈၀၀၀ လောက် ရှိနေပါပြီ။ လိင်ဆက်ဆံတဲ့အခါ (သို့) တစ်ကိုယ်ရည်အာသာဖြေတဲ့အခါမှာ သုက်ပိုးကောင်ရေ သန်း ၂၀ မှ ၃၀၀ အထိ ထုတ်လွှတ်လိုက်ပါတယ်။ ဒီတော့ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ထဲက သုက်ပိုးဟာ ကျန်းမာပြည့်ဝနေလေ ကိုယ်ဝန်ရဖို့အတွက် နီးစပ်လေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျန်းမာပြီး ရွေ့လျားနိုင်စွမ်းကောင်းတဲ့ သုက်ပိုးတွေဟာ အမြဲစုနေတဲ့အတွက် သုက်မလွှတ်တာ အချိန်ကြာတာနဲ့အမျှ မျိုးအောင်နိုင်စွမ်း ပိုပြီးမြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရချင်သူ စုံတွဲတို့အနေနဲ့ လိင်ဆက်ဆံရာမှာ အချိန်အပိုင်းအခြားတစ်ခုထားပြီး ပုံမှန်ဆက်ဆံရင် အဆင်ပြေသွားမှာပါ။ ဆေးလိပ်၊ အရက်တို့ကလည်း သုက်ပိုးရဲ့ ကျန်းမာရေးကို ထိခိုက်စေတာမို့ ကိုယ်ဝန်ရချင်ရင် ၎င်းတို့ကို ရှောင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသားရဲ့ ကျန်းမာပြည့်ဝတဲ့ သုက်ပိုးကို အမျိုးသမီးအင်္ဂါကတစ်ဆင့် မမျိုးဥဆီရောက်တာကနေဖြစ်တဲ့အတွက် အမျိုးသားတစ်ဦးတည်းဘက်ကတင်မက အမျိုးသမီးဘက်ကလည်း ကိုယ်ဝန်ဆောင်နိုင်ဖို့ လိုအပ်ချက်တွေ မရှိဖို့ လိုအပ်ပါသေးတယ်။ ဥပမာ ကိုယ်ဝန်ရဖို့ မဖြစ်နိုင်ချိန်မှာ သုက်ပိုးကို ဘယ်လိုပဲ ပို့ဆောင်ပါစေ၊ ရဖို့ မလွယ်ကူပါဘူး။ ဒီအတွက် ကိုယ်ဝန်ရဖို့ သုက်ပိုးကျန်းမာရေးသာမက အခြားဆောင်ရွက်ဖို့တွေကိုပါ လေ့လာထားရမှာပါ။ လိုအပ်ပါက ဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်နိုင်ပြီး ဆွေးနွေးအဖြေရှာနိုင်ပါတယ်။
Leave a Reply