
လျှော့နည်းလာတတ်ကြပါတယ်။ ဒီတော့ ပထမဆုံးအကြိမ်တုန်းကလိုမျိုး ပြင်းပြတဲ့ ခံစားမှုတွေ တစ်ဖန်ပြန်ရပြီး တစ်ယောက်နဲ့တစ်ယောက် သူ့အကြိုက် နဲ့ ကိုယ့်အကြိုက် ထပ်တူကျစေဖို့ဆိုရင်တော့ သိထားရမယ့်နည်းလမ်းလေးတွေရှိပါတယ်…
နည်းလမ်း (၁) အရင်ချိန်လေးတွေကို ပြန်စဉ်းစားပါ …
ကိုယ်နဲ့သူ့ရဲ့ First Time ကို အရင်ဆုံးပြန်စဉ်းစားကြည့်ပါ။ ပထမဆုံးအကြိမ်တုန်းကလို နှစ်ဦးသား စိတ်လှုပ်ရှားအောင်၊ ရင်ခုန်စရာကောင်းအောင် တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်နေပြီး ရယ်ရယ်မောမောနဲ့ စကားပြောပါ… အလောတကြီး မလုပ်ဘဲ အချိန်ယူပြီး တကယ်စိတ်ပါလာပြီဆိုတော့မှ ဇာတ်လမ်းစမယ်ဆိုရင် စိတ်ကူးထဲက ညလေးကို ပိုင်ဆိုင်နိုင်ပါတယ်။
နည်းလမ်း (၂) အကြည့်ချင်းဆုံပါ…
ဇာတ်လမ်းစပြီးပြီဆိုရင်တော့ နောက်တဆင့်က အကြည့်ချင်းဆုံဖို့ပါ။ Eye Contact ဆိုတာ တစ်ဦးနဲ့တစ်ဦး စိတ်ခံစားမှုအားကောင်းစေဖို့၊ ရှေ့ဆက်ပြီး အချိတ်အဆက်မိမိနဲ့ ဆက်သွားနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့်မို့လို့ အနမ်းချင်းဖလှယ်တဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦး အကြည့်ချင်းဆုံဖို့ကို မမေ့ပါနဲ့…
နည်းလမ်း (၃) အထိအတွေ့ချင်း များများဖလှယ်ပါ…
တခါတလေမှာ တစ်ဦးနဲ့တစ်ဦး ချစ်သက်တမ်းကြာလာတာနဲ့အမျှ အတူနေတဲ့ကိစ္စက မထူးဆန်းတော့တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုလိုမျိုး ဒါပြီး ဒါလုပ်ဖြစ်တတ်ကြပါတယ်။ ဒီတော့ စိတ်အားထက်သန်မှုအပြည့်အဝရှိတဲ့ သူတွေဖြစ်ဖို့ဆိုရင် အကြည့်ဆုံးဆုံ အနမ်းချင်းဖလှယ်ပြီးရင် တစ်ယောက်ကို တစ်ယောက် အထိအတွေ့တွေ များများလုပ်ပေးဖို့လိုပါတယ်။ လည်ပင်းတွေ၊ ရင်ဘတ်တွေနဲ့ လိင်အင်္ဂါတွေကို အချိန်တော်တော်ကြာကြာ ထိတွေ့ပြီး စိတ်ကြွအောင်လုပ်ဖို့လိုပါတယ်။
နည်းလမ်း (၄) စကားပြောပါ…
တိတ်တိတ်ဆိတ်ဆိတ် ရုပ်တည်ကြီးတွေနဲ့ ချစ်ကြတာထက်စာရင် ညင်ညင်သာသာနဲ့ စကားတိုးတိုးလေး ပြောပေးလို့ ရပါတယ်။ ပြောတဲ့အခါမှာလဲ ချစ်ကြောင်း ကြိုက်ကြောင်းလေးတွေအပြင် “မင်းကြိုက်ရဲ့လား” “ဘယ်လိုပုံစံမျိုးလေးကို သဘောကျလဲ” စတာမျိုးလေးတွေကို ပြောပေးလို့ရပါတယ်။
နည်းလမ်း (၅) ပုံစံအသစ်လေးတွေကို စမ်းကြည့်ပါ…
ခါတိုင်းပြောနေကြလိုပဲ အတူနေတဲ့အခါတိုင်း တစ်ခါလာလဲ ဒီပုံစံပဲ လုပ်နေမယ်ဆိုရင်တော့ ကြာလာရင် နှစ်ယောက်လုံးငြီးငွေ့သွားနိုင်ပါတယ်။ ဒီတော့ တစ်ခါဆက်ဆံတိုင်း ပုံစံအသစ်တစ်မျိုးစီကို လက်တွဲဖော်နဲ့ တိုင်ပင်ပြီး စမ်းသပ်ကြည့်လို့ရနိုင်ပါတယ်။ ပုံစံအသစ်လေးတွေကို ဒီ Link မှာ ဝင်ကြည့်နိုင်ပါတယ်။
ခုပြောပြထားတဲ့ နည်းလမ်း (၅) မျိုးကို လက်တွေ့အသုံးချပြီး ချစ်သူတွေအနေနဲ့ ချစ်သက်တမ်းကြာသည့်တိုင်အောင် သူ့အကြိုက်နဲ့ ကိုယ့်အကြိုက် ထပ်တူကျပါစေကြောင်း သိလိုရာမေးကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ…
Leave a Reply