မတူညီတဲ့ သုတေသီပညာရှင်တွေက မတူညီတဲ့ လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှု စက်ဝန်းကို လေ့လာတွေ့ရှိပေမဲ့ ယခု ဖော်ပြထားတာကတော့ အတွေ့များတဲ့ပုံစံပါ။ ယခုပုံစံမှာ လူတွေအားလုံးနဲ့ကိုက်ညီနိုင်မှာ မဟုတ်ပေမယ့် (မကိုက်ညီခဲ့ရင်လည်း ပုံမှန်ဖြစ်ပါတယ်) ပိုမိုနားလည်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
လိင်ပိုင်းဆိုင်ရာ စိတ်ပျော်ရွှင်ရတဲ့အချိန်တွေနဲ့ ဖော်ဆောင်နေစဲအဆင့်များအတွင်း သင့်ခန္ဓာကိုယ် ဘယ်လိုတုံ့ပြန်လဲဆိုတာကို နားလည်ခြင်းက လိင်မှုကိစ္စအတွေ့အကြုံကို ပိုမိုတိုးတက်စေပြီး နှစ်ကိုယ်တူဆက်ဆံရေး တိုးမြင့်စေဖို့၊ လိင်ပိုင်းဆိုင်ရာ ပြဿနာရဲ့ အကြောင်းရင်းကို အတိအကျ ဖော်ထုတ်ဖို့ ကူညီပေးနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှု စက်ဝန်းမှာ အဆင့် ၄ ဆင့်ရှိပါတယ်။ ကနဦး နှိုးဆွချိန်၊ ကြားအခြေအနေ၊ ပြီးမြောက်ချိန်နဲ့ အနားယူချိန် တို့ပဲဖြစ်ပါတယ်။ အမျိုးသမီးများနဲ့ အမျိုးသားများအတွက် ဖြစ်ပေါ်တဲ့အချိန်အားဖြင့် မတူညီနိုင်ကြပေမယ့် အဆင့်တွေကတော့ တူညီတတ်ကြပါတယ်။ ဥပမာအားဖြင့် အဖော်နှစ်ဦးစလုံးဟာ တစ်ချိန်တည်းမှာ ကာမဆန္ဒအမြင့်ဆုံးအရှိန်ရောက်ရှိပြီး ပြီးမြောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် လိင်စိတ်တုံ့ပြန်မှုပြင်းအားနဲ့ တစ်ဆင့်ချင်းဆီမှာ အသုံးပြုရတဲ့အချိန်တွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် ပြောင်းလဲပါတယ်။ ဒီခြားနားမှုတွေကို နားလည်ခြင်းက ဆက်ဆံဖော်တွေ တစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ တုံ့ပြန်မှုကို တစ်ယောက်က ကောင်းကောင်းနားလည်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံကို တိုးမြှင့်ပေးဖို့ ကူညီပေးပါတယ်။
ဒီအဆင့် လေးခုလုံးကို လူတိုင်းတွေ့ကြုံခံစားရနိုမည်မဟုတ်ဘဲ ဒီလိုဖြစ်လာခဲ့ရင် သာယာပျော်ရွှင်မှုတွေ ဆုံးရှုံးမသွားနိုင်ဘူးဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။

အဆင့် (၁) ကနဦးနှိုးဆွချိန်
ကနဦးနှိုးဆွချိန်ရဲ့ ယေဘုယျ ဝိသေသလက္ခဏာတွေဟာ မိနစ်အနည်းငယ်မှ အချိန်ပေါင်းများစွာထိ ကြာမြင့်တတ်ပြီး အောက်ပါ အချက်အလက်တွေ ပါဝင်ပါတယ်။
• မျိုးပွားအင်္ဂါဆီသို့ သွေးစီးဆင်းမှု မြင့်တက်လာပြီး အမျိုးသမီးတစ်ယောက်ရဲ့ လိင်အင်္ဂါစေ့နဲ့ မိန်းမကိုယ်အတွင်းနှုတ်ခမ်းသားလေးတွေကို ဖူးရောင်စေပြီး အမျိုးသားတစ်ယောက်ရဲ့ လိင်တံကို တောင့်တင်းလာစေပါတယ်။
• မျိုးပွားအင်္ဂါထဲက အာရုံကြောတွေက နှိုးဆွမှုနဲ့ စိတ်ကျေနပ်မှုကို ပိုပြီး ပြင်းထန်စေပါတယ်။
• နှလုံးခုန်နှုန်းက မြန်လာပြီး အသက်ရှုတာလည်းပိုမိုမြန်ဆန်လာပါတယ်။
• အရေပြားလည်းနီမြန်းလာပြီး ရင်အုပ်နဲ့ နောက်ကျောမှာ အနီကွက်တွေ ပေါ်လာပါတယ်။
• နို့သီးခေါင်းတွေကလည်းတောင့်တင်းလာပါတယ်။
• အမျိုးသမီးတွေမှာ မိန်းမကိုယ်နံရံနဲ့ အတွင်းသားနှုတ်ခမ်းတွေမှာ ချောဆီထွက်လာပါတယ်။အမျိုးသမီးအချို့မှာ အဲ့အဆင့်မှာ ချောဆီအမြောက်အမြားထွက်လာပြီး အချို့အမျိုးသမီးတွေမှာတော့ လိင်ပိုင်းဆိုင်ရာနှိုးဆွပြီးနောက် ထွက်လာကြပါတယ်။
• အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားတွေကလည်းပိုမိုပြည့်လာပြီး မိန်းမကိုယ်နံရံတွေကလည်း စဖောင်းလာပါတယ်။
• အမျိုးသားရဲ့ ဝှေးစေ့တွေကလည်းဖောင်းလာပြီး ကပ်ပယ်အိတ်ကလည်း တင်းကျပ်လာပြီး အရည်ကြည်တွေ စတင်စစ်ထုတ်ပေးပါတယ်။
အဆင့် (၂) ကြားအခြေအနေ
ကာမနှိုးဆွမှုတွေပြုလုပ်ပေးနေတာနဲ့အမျှ လိင်စိတ်က တစ်နေရာမှာ တန်းနေတတ်တဲ့ ကြားအခြေအနေသို့ ရောက်ရှိလာပါတယ်။ ဒီအဆင့်မှာ ပါဝင်တဲ့ ယေဘုယျဝိသေသလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• လိင်စိတ်ကြွမှုအတောအတွင်း စတင်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ ပြင်းထန်လာပါတယ်။
• သွေးစီးဆင်းမှုများလာတာကြောင့် မိန်းမကိုယ်လည်း စတင်ဖောင်းလာပြီး မိန်းမကိုယ်နံရံလည်း ခရမ်းရင့်ရောင့်သို့ ပြောင်းလဲသွားပါတယ်။
• အမျိုးသမီးရဲ့ လိင်စေ့လည်း ဆတ်ဆတ်ထိမခံ ဖြစ်နေပြီး (တိုက်ရိုက်ဖိအားနဲ့ တွေ့တဲ့အခါ နာကျင်နိုင်ပါတယ်) တိုက်ရိုက်နှိုးဆွမှုကို ရှောင်ကြဉ်ဖို့ အမျိုးသမီးလိင်စေ့ခေါင်းအောက်မှ အထဲကို ဆွဲသွင်းသွားပါတယ်။
• အမျိုးသားရဲ့ ဝှေးစေ့တွေဟာလည်း ကပ်ပယ်အိတ်ထဲရောက်ဖို့ ဆုတ်ခွာသွားပါတယ်။
• အသက်ရှုခြင်း၊နှလုံးခုန်နှုန်း၊သွေးပေါင်ချိန် သွေးဖိအားတွေလည်း ဆက်လက်တိုးလာပါတယ်။
• ကြွက်သားအကြောဆွဲတာလည်း ခြေဖဝါး၊မျက်နှာနဲ့ လက်တွေမှာ စတင်ဖြစ်ပေါ်လာပါတယ်။
• ကြွက်သားတင်းအားလည်း တိုးလာပါတယ်။
အဆင့် (၃) ပြီးမြောက်ချိန်
ကာမဆန္ဒအမြင့်ဆုံးအရှိန်သို့ ရောက်ရှိချိန်ဟာ လိင်စိတ်တုံ့ပြန်မှုရဲ့ အထွတ်အထိပ်ဖြစ်ပြီး ယောကျ်ားလိင်တံအတွင်းထဲမှာ မိန်းမအင်္ဂါလိင်စေ့နားပတ်လည်မှာ လိင်စိတ်နှိုးဆွမှုတွေဖြစ်ပေါ်လာပါတယ်။ ဒီအဆင့်ဟာ အဆင့်အားလုံးမှာ အတိုတောင်းဆုံးဖြစ်ပြီး ပြီးဆုံးဖို့ စက္ကန့်အနည်းငယ်ကြာပါတယ်။ ဒီအဆင့်မှာ ပါဝင်တဲ့ ယေဘုယျဝိသေသလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• စိတ်ကျေနပ်မှုရစေတဲ့ ကြွက်သားကျုံ့ဆန့်ခြင်းမှာ တင်းအားတွေကို ရုတ်တရက် လွှတ်ပေးလိုက်ပါတယ်။
• အမျိုးသမီးတွေမှာ မိန်းမကိုယ်ကြွက်သားတွေဟာ ကျုံ့လာပါတယ်။သားအိမ်၊စအိုဝနဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ စည်းချက်ကျကျ ကျုံ့ဆန့်တာတွေ ကြုံရပါတယ်။
• အမျိုးသားတွေမှာ လိင်တံအောက်ခြေ ကြွက်သားတွေ စည်းချက်ကျကျ ကျုံ့ဆန့်တာတွေဟာ သုက်ရည်အပြင်ဘက်သို့ ထွက်လာစေပါတယ်။
• လျင်မြန်တဲ့ အောက်ဆီဂျင် ရှုသွင်းမှုနဲ့အတူ သွေးပေါင်ချိန် သွေးဖိအား၊နှလုံးခုန်နှုန်း၊အသက်ရှုတာတွေဟာ အရှိန်အမြင့်ဆုံးဖြစ်လာပါတယ်။
• ကြွက်သားအကြောဆွဲတာလည်းဖြစ်ပေါ်လာပါတယ်။
• ခန္ဓာကိုယ်တစ်ခုလုံးမှာ နီမြန်းလာပါတယ်။
အဆင့် (၄) အနားယူချိန်
နောက်ဆုံးအဆင့်မှာတော့ ခန္ဓာကိုယ်ဟာ ပုံမှန်အခြေအနေအနေအထားအတိုင်း ဖြည်းဖြည်းချင်းချင်းပြန်လည်ရောက်ရှိသွားပြီး ဖောင်းပြီး တောင့်တင်းနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ မူလအရွယ်အစား အရောင်ဆီသို့ ပြန်လည်ရောက်ရှိသွားပါတယ်။ ဒီအဆင့်ဟာ ကျန်းမာပျော်ရွှင်မှု၊တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးကျွမ်းဝင်မှုကို တိုးစေပြီး သင့်အနေနဲ့ မောပန်းနွမ်းနယ်နေနိုင်ပါတယ်။ အမျိုးသမီးအချို့မှာ ကာမဆန္ဒအမြင့်ဆုံးအရှိန်သို့ရောက်ရှိတဲ့အဆင့်သို့ လျင်လျင်မြန်မြန် ပြန်လည်ရောက်ရှိသွားအောင် လုပ်ဆောင်နိုင်ပြီး ဒီ့ထက်ပိုတဲ့ လိင်ပိုင်းဆိုင်ရာ လှုံဆော်မှုနဲ့အတူ ကာမဆန္ဒအမြင့်ဆုံးအရှိန်ရောက်ရှိချိန်ဟာလည်း အကြိမ်ပေါင်းများစွာ တွေ့ကြုံရပါတယ်။ အမျိုးသားတွေမှာတော့ ကာမဆန္ဒအမြင့်ဆုံးအရှိန်ရောက်ရှိပြီးဆုံးပြီးနောက် အားအင်ပြန်လည်မွေးဖို့ အနားယူချိန် လိုအပ်ပြီး အဲ့ချိန်အတောအတွင်းမှာ နောက်ထပ် ကာမဆန္ဒအမြင့်ဆုံးအရှိန်ရောက်မှာတော့ မဟုတ်ပါဘူး။ အမျိုးသားတွေမှာ အနားယူရတဲ့ကြာမြင့်ချိန်ဟာ ကွဲပြားပြီး အသက်အရွယ်ပေါ်မူတည်ပြီး ကြာမြင့်ချိန်ရှည်စေပါတယ်။
သုက်လွှတ်ချိန်ကို ထိန်းချုပ်ပြီး ကြာကြာဆက်ဆံနိုင်တဲ့ ဘန်ဇိုကိန်းပါတဲ့ ကွန်ဒုံးကို Mojo Control ကို ညွှန်းပေးချင်ပါတယ်။ shop.com.mm တွင် မှာယူနိုင်ပါတယ်။
Leave a Reply