တခါမှ ဒီကိစ္စမှာ အတွေ့အကြုံမရှိဖူးတဲ့ တကိုယ်တည်းသမား လူပျို၊ အပျို တွေက ခြွင်းချက်ဆိုပေမယ့် အတူနေချစ်သူရှိနေတဲ့ သူတွေအတွက်ကတော့ ခုတင်ပေါ်ကကိစ္စက အလေ့အကျင့်တစ်ခုလိုမျိုး ဖြစ်နေတတ်ပါတယ်။

အလေ့အကျင့်ဆိုတဲ့အရာကို ဖျောက်ဖျက်ဖို့ မပြုလုပ်ဖို့ ခက်ခဲတယ်ဆိုတာ လူတိုင်းသိကြတဲ့ အတိုင်း ခုတင်ပေါ်မှာ ခဏ ခဏ ချစ်လေ့ချစ်ထ ရှိတဲ့သူတွေအတွက် ခုတင်ပေါ်မှာ ချစ်ဇာတ်လမ်း ပြည့်ပြည့်ဝဝ မခင်းနိုင်ရင်လဲ နှစ်ဦးစလုံးအတွက် ဆိုးကျိုးလေးတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီတခေါက်မှာ သိလိုရာမေးကနေ လိင်ကိစ္စပုံမှန်ရှိနေတဲ့ သူတွေ အကြောင်းအရင်းအမျိုးမျိုးကြောင့် အတူမချစ်ရတဲ့အခါမှာ ဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုလေးတွေကို ဖော်ပြပေးသွားပါ့မယ်။

(၁) ဦးနှောက်ဖွံဖြိုးမှု အားနည်းလာပြီး စိတ်ဖိစီးမှု များလာမယ်…

လေ့ကျင့်ခန်းပုံမှန်လုပ်နေတဲ့သူ တစ်ယောက်က ရုတ်တရက်ကြီး ကိုယ်လက်လှုပ်ရှားမရှိတော့တဲ့အခါမှာ လေးလံထိုင်းမှိုင်းသလိုပဲ ဒချိ ဒချိ ပုံမှန် လုပ်နေကြတဲ့ သူတွေအတွက်လဲ အကြောင်းကြောင်းကြောင့် အတူမနေဖြစ်တာပဲ ဖြစ်ဖြစ်၊ အတူနေချင်စိတ်လျော့ကျလို့ပဲ ဖြစ်ဖြစ် လိင်ဆန္ဒအာသာမပြေခဲ့ရင်တော့ စိတ်ဖိစီးမှုတွေ များလာမယ်၊ Mood မမှန်တော့ဘဲ အရာရာကို စိတ်အလိုမကျ ဖြစ်လာမယ်၊ ဒေါသထွက်လွယ်မယ် အစရှိတဲ့ ဦးနှောက်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းဆောင်တာတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

(၂) နှလုံးရောဂါဖြစ်ဖို့ အလားအလာများမယ်…

အမေရိကန်နိုင်ငံအခြေစိုက် ဆေးပညာ ဂျာနယ် (Journal of Medicine) က ပြုလုပ်တဲ့ စစ်တမ်းတွေအရဆိုရင် ပုံမှန်ဒချိဒချိလုပ်ခြင်းဟာ နှလုံးသွေးလွှတ်ကြောတွေကို ထိခိုက်စေတဲ့ ဟိုမိုစစ်စတင်း လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းကို ချေဖျက်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့်မို့လို့ ချစ်သူတွေ၊ အိမ်ထောင်သည်တွေရဲ့ ဘဝမှာ လိင်ဆန္ဒမပြည့်ဝတော့တဲ့အခါမှာ နှလုံးနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ရံဖန်ရံခါ နှလုံးခုန် ရင်တုန်တာမျိုးတွေ၊ နှလုံးအောင့်တာ မျိုးတေွ ခံစားရနိုင်ပါတယ်။

(၃) မျိုးပွားအင်္ဂါတွေနဲ့ ပက်သက်တဲ့ ပြဿနာတွေ ရှိနိုင်တယ်…

ဒီအချက်ကတော့ ယောကျာ်းလေးတွေအနေနဲ့ စိတ်ဆန္ဒမပြည့်ဝတဲ့အခါမှာ သုတ်လွှတ်မြန်တာမျိုးတွေ၊ အတူနေချိန်မှာ ကိုယ်စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး အလိုမကျဖြစ်တာမျိုးတွေ၊ ဆီးကျိတ်နဲ့ ပက်သက်တဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပြုလုပ်တဲ့ အမေရိကန်ဆေးဘက်ဆိုင်ရာ စစ်တမ်းတစ်ခုမှာ တစ်လမှာ တစ်ကြိမ်ထက် လျော့နည်းပြီး လက်တွဲဖော်နဲ့ အတူမနေဖြစ်ကြတဲ့ အမျိုးသားတွေက တစ်လမှာ ၃ကြိမ်နဲ့ အထက် အတူနေကြတဲ့ အမျိုးသားတွေထက် ပန်းသေ ပန်းညှိုး ရောဂါ ဖြစ်နိုင်ခြေများတယ် လို့ ပြောထားပါသေးတယ်။

အမျိုးသမီးတွေအနေနဲ့ဆိုရင်လဲ မျိုးပွားအင်္ဂါနဲ့ ပက်သက်တဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ရာသီစက်ဝန်းကို ထိခိုက်နိုင်ပြီး ဓမ္မတာ မမှန်တာ၊ ချစ်သူနဲ့ အတူနေတဲ့အခါမှာ မိန်းမကိုယ်က သင့်တော်လုံလောက်တဲ့ ချောဆီပမာဏ မထုတ်ပေးနိုင်တာကြောင့် လိင်ဆက်ဆံပြီး နာကျင်တာ စတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *