
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကိုဗစ် ၁၉ ရောဂါ စတင်ဖြစ်ပွားသူတို့ကို …. တွေ့ရှိခဲ့ပြီးနောက်.. အလုပ်တွေ၊ စျေးတွေ ယာယီ ရပ်နားတဲ့အပြင် သကြန်ပွဲတော်ကို လည်း မကျင်းပ ရတော့တဲ့ အထိဖြစ်ခဲ့ပါတယ်။ ရောဂါက လူသားတို့အတွက် ရေတိုတိုက်ပွဲ မဟုတ်ဘဲ ရေရှည်တိုက်ပွဲဆင်နွှဲဖို့ လိုအပ်တာကို သိရှိလာခဲ့ချိန်မှာတော့ ပိတ်ထားတာမျိုးတွေထက် ပိုအဆင်ပြေမယ့် နည်းလမ်းတွေကို ကျင့်သုံးပြီး ရောဂါမကူးဖို့နဲ့ လုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့ ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါဟာ New Normal ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ အခင်းအကျင်း ဖြစ်လာပါတယ်။ နာမည်နဲ့လိုက်အောင်ပဲ ပုံမှန်နေထိုင်ရှင်သန်မှုမှာ အသစ်တွေကို ကြုံတွေ့လက်ခံလာရသလို တုံ့ပြန်မှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်ပါတယ်။ ချစ်သူ စုံတွဲတို့ကြားမှာလည်း မမျှော်လင့်ထားနိုင်တဲ့ အခက်အခဲကိစ္စလေးတွေ မဖြစ်စေဖို့ သိလိုရာမေးက အကြံပြုပေးချင်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ အိမ်ကကိုကိုအနေနဲ့ ခါတိုင်းလို သတ်မှတ်ရက်မှာ အိမ်ပြန်ရောက်မလာနိုင်တာတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒါကို လေဒီတို့ဘက်က သိရှိထားရမှာပါ။ ဒီအတွက် သူပြန်လာတဲ့အခါမှာ လိင်ဆက်ဆံကြမယ်ဆိုရင် အလောတကြီးမရှိဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
မဆုံရတာကြာနေတာဖြစ်တဲ့အတွက် လွမ်းနေလို့ ဟိတက်ပြီး ဒချိမိတာမျိုးမှာ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ သားဆက်ခြားထားတဲ့ စုံတွဲတို့မှာ စိတ်လောပြီး ဆက်ဆံမိနိုင်တဲ့အတွက် အသေအချာ ဂရုစိုက်ဖို့ လိုပါတယ်။ ကွာရန်တင်းဝင်ပြီး ပြန်အဆုံကာလမှာ ကိုယ်ဝန်မဆောင်ချင်သူတွေအဖို့ သူပြန်လာမယ့်ရက်ကိုတွက်ပြီး နေ့စဉ်သောက်ဆေးကို တစ်ပတ်ကြိုသောက်တာ လုပ်ဆောင်သင့်ပါတယ်။ အလွယ်ဆုံးနည်းနဲ့ ပျော်ပါးချင်တယ်ဆိုရင်တော့ Mojo ၊ Kiss စတဲ့ လုံခြုံစိတ်ချရတဲ့ ကွန်ဒုံးတို့ကို Online က ကြိုတင်ဝယ်ယူထားနိုင်တဲ့အတွက် ကိုဗစ်ရောဂါကို စိုးရိမ်မှုမရှိဘဲ စိတ်ချလက်ချ ပျော်ပါးနိုင်ပါတယ်။
ဒီလောက်ဆိုရင် လေဒီတို့အဖို့ Q ဝင်ပြီး ပြန်လာမယ့် ကိုကိုနဲ့ ဒချိပြီးမှ စိတ်အနှောက်အယှက်တွေ ဖြစ်မလာဘဲ ပျော်စရာအချိန်တွေကို အပြည့်အဝပိုင်ဆိုင်လာလိမ့်မယ်လို့ သိလိုရာမေးက အကြံပြုပေးလိုက်ရပါတယ်ခင်ဗျာ .. ။
Leave a Reply