ဒါဖြင့်ရင် သာမန် လှေထိုးကြီးရိုးရိုး နဲ့ ဗိုလ်ကြီးအမြောက်ထမ်း ပုံစံတွေလိုမျိုး ချိဖနဲ့ချိမတို့ ဖဲမွေ့ရာထက်မှာ စိမ်ပြေနပြေ ဆွဲတာမျိုးနဲ့မတူ တမူကွဲပြားတဲ့ “ကွစ်ကီ” – Quickie ဆိုတာဘာလဲ?
တခါတလေမှာ ချစ်သူနှစ်ဦး အကြည့်ချင်းဆုံ ရင်ခုန်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်နမ်းရှုံရင်းနဲ့ စာကြည့်စားပွဲပေါ်မှာ၊ Kichen ထဲက စင်လေးပေါ်မှာ၊ ရေချိုးခန်းထဲမှာ နဲ့ ကားပေါ်မှာ စသဖြင့် ကြုံတုန်းဆုံတုန်း ခပ်မြန်မြန်လေး ဆွဲတာမျိုးကို “ကွစ်ကီဆွဲတယ်”လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို ခပ်မြန်မြန်လင်းဆွဲလေး ဆွဲတာမျိုးက အစိမ်းသပ်သပ်ဖြစ်ကောင်း ဖြစ်နေနိုင်ပေမယ့် “ကွစ်ကီ”ဆွဲတယ် ဆိုတာ ထူးဆန်းတဲ့အရာတစ်ခုမဟုတ်တာတော့ အသေအချာပါပဲ။
ချိဖနဲ့ ချိမတို့အနေနဲ့ အဝတ်ဝတ်ထားရက်အနေအထားမျိုးမှာပဲ အချိန် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်လဲ ရှိမယ်… နှစ်ဦးလုံးကလဲ စိတ်လာနေမယ်ဆိုရင်တော့ အမြန်ဆွဲလေး ဆွဲဖို့က Ok ပါပဲ။ အိုကေတာတော့ ဟုတ်ပေမယ့် တကယ့် တကယ်တမ်း လက်တွေ့အကောင်အထည်ဖော်တော့မယ်ဆိုရင်တော့ ချိဖ ချိမတွေအနေနဲ့ သိထားရမှာလေးတွေ ထပ်ရှိပါသေးတယ်။ ဒါတွေကတော့
- နေရာထိုင်ခင်းက အဆင်ပြေဖို့လိုတယ်…
နှစ်ဦးစလုံး စိတ်လာနေတာတော့ ဟုတ်ပါပြီ… စိတ်လာတိုင်း တွေ့ကရာနေရာမှာ ပြီးပြီးရော ဆွဲဖို့ကတော့ အဆင်မပြေပါဘူး။ ဒါကြောင့်မို့လို့ အမြန်ဆွဲလေး ဆွဲတော့မယ်ဆိုရင် လူမသိ သူမသိ နှစ်ဦးစလုံး လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချ ဆွဲနိုင်ဖို့ နေရာထိုင်ခင်းက Safe ဖြစ်ဖို့လိုပါတယ်။ နေရာထိုင်ခင်းက အဆင်ပြေပြီဆိုရင်တော့ နောက်တစ်ဆင့်တက်ဖို့က Ready ပါပဲ…
- စိတ်လာပေမယ့် သိပ်လောလွန်းရင် နာနိုင်တယ်…
တစ်ခါတလေ အတက်အကျမြန်တဲ့ မြွေဆိုးလေးကို ပိုင်ဆိုင်ထားတဲ့ ချိဖတွေကို ရည်းစားတော်ထားရတဲ့ ချိမတွေအနေနဲ့ သူက ထနေပေမယ့် ကိုယ်က ကြွမလာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ လင်းဆွဲလေး မဆွဲခင် Kiss Water Gel လိုမျိုး ခေျာဆီကို ဆောင်ထားမှသာ သူ့မြွေဆိုးလေး ထချင်သလောက် ထ၊ ကိုယ့်ဘက်က No Problem ဖြစ်နေမှာပါ။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ချောဆီဆိုတာက မပါမဖြစ်ပါပဲ…
- ဂိုးသွင်းမစောပါစေနဲ့…
တစ်ဖက်က မိန်းကလေးရဲ့ Mood ဝင်မဝင်ကို ခေါင်းထဲမထားဘဲ အချိန်ရတုန်းလေး ဆွဲတာမို့လို့ ခပ်မြန်မြန်လေး ဂိုးသွင်းဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ ချိဖအနေနဲ့ နောက်တစ်ခါ ဆွဲရဖို့ မသေချာပါဘူး။ ပြောချင်တာက ဘယ်လောက်ဘဲ အလျင်လိုနေဦးတော့… ၁၅ မိနစ်အချိန်ရမယ်ဆိုရင် ၅ မိနစ်လောက်ကို သင့်ချစ်သူလေးကို ကနဦးနှိုးဆွမှုလေးတွေ လုပ်ပေးသင့်ပါတယ်။ ဒါမှသာ သူလေးလဲ စိတ်ကြွ… ကိုယ်လဲ စိတ်ထပြီး လှပတဲ့ အချိန်ခဏတာလေးကို ပိုင်ဆိုင်နိုင်မှာပါ…
- ပါးစပ်စွမ်းတွေ လျှာစွမ်းတွေလဲ ပြလို့ရပါတယ်…
ဒါကတော့ ချိမ ချိမတို့အနေနဲ့ ကိုယ်ချစ်ရသူကို သာယာမှုပေးချင်တဲ့အခါမျိုးမှာ အမြန်ဆွဲလေး မဆွဲခင် ကနဦးနှိုးဆွမှုအနေနဲ့ ပုလွေတွေ ဗာဂျာတွေ ပေးလိုက်လို့ ရပါသေးတယ်။ ထိုးသွင်းဆက်ဆံမှ “ကွစ်ကီ” လို့ခေါ်တာ မဟုတ်တဲ့အတွက် မင်းအနေနဲ့ ပုလွေ ဗာဂျာပေးပြီး နောက်ပိုင်း ထပ်ဆွဲတာ မဆွဲတာက မင်းသဘောပါပဲ။ အခြေအနေ အချိန်အခါကိုလိုက်ပြီး လှုပ်ရှားတတ်မယ်ဆိုရင် OK ပါတယ်…
- အကာအကွယ်ကိုလဲ မမေ့ပါနဲ့…
ဒါကတော့ ချိဖ ချိမတို့အနေနဲ့ ရိုးရိုးလေးပဲဆွဲဆွဲ၊ ဆန်းဆန်းလေးပဲ ဆွဲဆွဲ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားနိုင်တာကို ကာကွယ်ဖို့အတွက် Kiss နဲ့ Mojo တို့လိုမျိုး ကွန်ဒုံးကို သုံးရင်သုံး မသုံးရင်တော့ သားဆက်ခြားနည်းလမ်းတစ်ခုခုကို သုံးသင့်ပါတယ်။
Leave a Reply