,

အရေးပေါ်တားဆေးတွေ ခဏခဏမသောက်သင့်ဘူးဆိုတဲ့ ဖြုသက်

Posted by

ကျွန်မကတော့ ဖြူသက်ပါ.. ကျွန်မမှာ ချစ်သူရှိပါတယ်။ ကျွန်မချစ်သူက နယ်မှာနေပါတယ်။ သူက နယ်နဲ့ ရန်ကုန်နဲ့ကို ကုန်ပစ္စည်းအရောင်းအဝယ်လုပ်တဲ့ ကုန်သည်ပါ။ ကျွန်မသူငယ်ချင်းရဲ့ အောင်သွယ်ကောင်းမှုကြောင့် သူနဲ့ တွေ့ပြီး ချစ်ခဲ့ကြတယ် ဆိုပါတော့… ခုဆိုရင် ချစ်သူသက်တမ်း ၂ နှစ် ကျော်လာတဲ့အခါမှာ ကျွန်မတို့ နှစ်ဦးသဘောတူ အတူနေဖြစ်ခဲ့ကြတယ်။ ခုပြောပြချင်တာကတော့ ကျွန်မနဲ့သူနဲ့ အတူနေတဲ့ သက်တမ်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ အမှတ်တရတစ်ခုကို ပြောပြချင်တာပါ။ ၃ နှစ်လောက်ကြာပြီး စီးပွားရေးအခြေအနေတစ်ခု အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကျွန်မတို့ လက်ထပ်ဖို့ စိတ်ကူးထားတယ်။

သူက စနေ တနင်္ဂနွေ ပိတ်ရက်တိုင်းမှာ နယ်ကနေပြီး ရန်ကုန်မှာ ကုန်ဝယ်ဖို့ ဆင်းလာတတ်တယ် ဆိုတော့ တစ်လမှာ သူနဲ့တူတူ အနည်းဆုံး ၃ ကြိမ်လောက်တူတူနေဖြစ်ကြတယ်။ အတူတူနေတိုင်း သူကပဲ ကွန်ဒုံးသုံးခဲ့တာချည်းပဲ။ အဲ့လိုနဲ့ ဒီတပတ်ပိတ်ရက်မှာလဲ သူရန်ကုန်ကို ရောက်လာတာနဲ့ ထုံးစံအတိုင်း ကျွန်မတို့ တူတူနေတော့ အစကတော့ အဆင်ပြေပြေပါပဲ။ ဒါပေမယ့် နှစ်ယောက်စလုံး အတူနေပြီးသွားတဲ့အခါမှာ ကျွန်မ စိတ်ထဲ မသိုးမသန့်ခံစားမိပါလေရော။ အဲ့ဒါနဲ့ သူ့ကိုပြောတော့ ကံဆိုးစွာနဲ့ပဲ သူ့ကွန်ဒုံးက ပေါက်နေတာကို တွေ့ရတယ်။ ကျွန်မတို့နှစ်ယောက်စလုံးလဲ အတူနေရင်းနဲ့မှ ကွန်ဒုံးပြဲသွားတာလား? ဒါမှမဟုတ် သူကွန်ဒုံးစစွတ်ထဲက ပြဲသွားတာလားဆိုတာကို သေချာမသိကြဘူး။

အဲ့မှာ ကျွန်မတို့နှစ်ဦးစလုံး စိုးရိမ်တာက ကိုယ်ဝန်မတော်တဆ ရသွားမှာကိုပါပဲ။အဲ့အချိန်မှာ ကျွန်မကြားဖူးထားတဲ့ အရေးပေါ်သားဆက်ခြားသောက်ဆေးဆိုတာကို သွားသတိရတော့တာပေါ့။ အဲ့တာနဲ့ ဆေးဆိုင်ကို အမြန်ပြေးပြီး ‌ဆေးဆိုင်က ဆေးဝါးကျွမ်းကျင်အစ်မကို မေးတော့ သူက ကျွန်မကို လေဒီယာရဲ့ ဝမ်းဆေ့ဖ် (Lydia 1Safe Pill) ကို ညွှန်လိုက်တယ်လေ။ လေဒီယာ 1Safe Pill က ကျွန်မတို့လိုမျိုး မတော်တဆ ကွန်ဒုံးပေါက်သွားတာမျိုး၊ မတော်တဆ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါမျိုးတွေနဲ့ အိမ်ထောင်သည်အမျိုးသမီးတွေ ပုံမှန်သားဆက်ခြားသောက်ဆေး သောက်ဖို့ ပျက်ကွက်တာ စတဲ့  မတော်တဆ ကိုယ်ဝန်ရရှိနိုင်တဲ့ အခြေအနေတွေမှာ သောက်သုံးနိုင်တဲ့ အရေးပေါ်သန္ဓေတားဆေးလေ…

သူက အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မယ်ဆိုရင် ၈၉ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်မှုရှိတယ်လို့ ဆေးဝါးကျွမ်းကျင်အစ်မက ပြောလိုက်သေးတယ်။ဒါပေမယ့် သူနဲ့ ပတ်သက်လို့ သတိထားရမှာတစ်ခုက အရေးပေါ်သားဆက်ခြားသောက်ဆေးဆိုတဲ့အတိုင်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်တဲ့ အရေးပေါ်အခြေအနေတွေမှာ သုံးဖို့လိုတယ်…  ပုံမှန် သားဆက်ခြားသောက်ဆေးအနေနဲ့ သုံးဖို့ လုံးဝမသင့်တော်ဘူးဆိုတာတော့ မှတ်ထားရမယ်။

ခုဆိုရင် ကျွန်မနဲ့ ကျွန်မ ချစ်သူနဲ့က လူကြီးမိဘတွေရှေ့မှာ စေ့စပ်ထားပြီးလို့ နောက်တစ်လကြာရင်တော့ လက်ထပ်တော့မှာပေါ့။ ဒါကတော့ ကျွန်မက ချစ်သူနဲ့ အတူနေဆက်ဆံရေးတစ်ခုရှိနေတဲ့ အစ်မတွေ ညီမလေးတွေကို ကျွန်မရဲ့ အတွေ့အကြုံလေးနဲ့ ယှဉ်ပြီး Sharing လေး လုပ်တာမို့လို့ ကျွန်မလိုမျိုး အတွေ့အကြုံလေးတွေရှိရင် ပြောပြပေးသွားကြပါဦးနော်။..

Lydia 1safe pill ကြည့်ရန်ပုံကိုနှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *