လိင်မှုဘဝသာယာဖို့ အရေးပါဆုံး နည်းလမ်းတစ်ခု

Posted by

ကျွန်မကတော့ ညိုညို‌ပေါ့… ကျွန်မအသက်က ၂၇ နှစ်ရှိပြီ… ကျွန်မမှာ အတူနေချစ်သူရည်းစားရှိပါတယ်။ အတူနေသက်တမ်းကတော့ သိပ်မကြာသေးပါဘူး။ ၆လ လောက်ပဲ ရှိဦးမယ်။ အတူနေတိုင်း သူ့ဘက်က ကွန်ဒုံးပဲ သုံးပြီး အတူနေဖြစ်ကြတယ်ပေါ့…အစပိုင်းမှာတော့ နှစ်ဦးသား အတိုင်အဖောက်ညီညီနဲ့ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ ကျွန်မ ကြုံခဲ့ရတဲ့ ပြဿနာသေးသေးလေးတော့ ရှိခဲ့တယ်ပေါ့နော်။ အဲ့ဒါက ကျွန်မချစ်သူနဲ့ အတူနေပြီးတဲ့အချိန်မှာ နာကျင်မှုကို ခံစားရတဲ့ ပြဿနာပဲ။

ဒီလိုနာကျင်မှုခံစားရတာက ထိုးသွင်းဆက်ဆံမှုပြုလုပ်တဲ့အခါမှာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်က လုံလောက်တဲ့ ချောဆီကို မထုတ်ပေးနိုင်လို့ ဆိုတာကြောင့်လို့တော့ ကျွန်မကြားဖူးတယ်။ သိတဲ့အတိုင်း ကျွန်မတို့ မိန်းမတွေမှာ စိတ်ပိုင်းဆိုင်ရာ ပူပန်စရာ၊ စိတ်ဖိစီးမှုတွေကလဲ ရှိတတ်တော့ ဒီအကြောင်းတွေကြောင့်မို့လို့ အစပိုင်း တစ်ကြိမ် နှစ်ကြိမ် တုန်းကတော့ အခန့်မသင့်လို့ ဖြစ်တာလို့ ထင်ခဲ့မိတာပေါ့။ဒါပေမယ့် အတူနေတိုင်းမှာ ဒီပြဿနာကို ခဏခဏကြုံနေရတော့ ကျွန်မက အတူနေဖို့ ဝန်လေးလာရော၊ ချစ်သူကလဲ ကျွန်မကို အားနာလာတာပေါ့။

အဲ့ဒါနဲ့ ကျွန်မတို့နှစ်ယောက်လုံး ကြံရာမရဖြစ်နေတဲ့အချိန်မှာ ကျွန်မသူငယ်ချင်း မင်းပိုင်ကို သွားသတိရလိုက်တယ်။ ကျွန်မတို့ သုံးယောက်က ငယ်ငယ်တည်းက တက္ကသိုလ်မှာ ကျောင်းတူတူတက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ! မင်းပိုင်ကလဲ သူ့ချစ်သူနဲ့ အတူနေဆက်ဆံရေးရှိတဲ့သူပဲ။ တစ်ခုထူးခြားတာက သူက ယောကျာ်းလေးချင်းချစ်ကြတဲ့ လိင်တူဆက်ဆံရေးရှိတဲ့သူဆိုတော့ အကူအညီလေးရလိုရငြား ကျွန်မတို့လဲ သူနဲ့တိုင်ပင်ဖြစ်တယ်။ သုံးယောက်လုံးက ပြောမနာဆိုမနာ သူငယ်ချင်းအရင်းကြီးတွေဆိုတော့ သူကလဲ ပွင့်ပွင့်လင်းလင်းပဲ။ သူကိုယ်တိုင်က ယောကျာ်းလေးအချင်းချင်း ပုံမှန်လိင်မှုကိစ္စဆက်ဆံရေးရှိတဲ့သူဆိုတော့ အစပိုင်းမှာ သူလဲ ဒီလို ပြဿနာမျိုးတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်း နဲ့ ဒီလိုမျိုးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အဓိကသော့ချက်ဖြစ်တဲ့ ချောဆီ (Lube) အကြောင်း ရှင်းပြတယ်။

လိင်တူချစ်သူစုံတွဲတွေပဲဖြစ်ဖြစ်၊ သမားရိုးကျလိင်ကွဲချစ်သူတွေပဲဖြစ်ဖြစ် အတူနေတဲ့အခါမှာ ချောဆီအသုံးပြုမယ်ဆိုရင် အတူနေတဲ့အခါမှာ ချောချောမွေ့မွေ့ဖြစ်ဖို့နဲ့ စိတ်ခံစားမှုပိုကောင်းစေဖို့ အထောက်အကူဖြစ်တယ်လို့လဲ ပြောသေးတယ်။ ကျွန်မတို့ကလဲ အတူနေတာသာ လနဲ့ချီနေပေမယ့် ချောဆီဆိုတာကို တခါမှမသုံးဖူးတဲ့အတွက် စမ်းသုံးကြည့်ကြမယ်ဆိုပြီး တွေးမိတယ်။ ဆက်ပြီးတော့ မင်းပိုင်က သူသုံးနေကျ ပစ္စည်းတစ်ခုကိုလဲ ညွှန်းလိုက်သေးတယ်။ အဲ့ဒါကတော့ Kiss Duet ကွန်ဒုံးပဲ…

ကျွန်မတို့လဲ ဒီကွန်ဒုံးနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်တော့ တခြားကွန်ဒုံးတွေနဲ့ မတူတဲ့ Kiss Duet ကွန်ဒုံးရဲ့ ထူးခြားချက်က ချောဆီပါ တွဲပါတဲ့အတွက် စုံတွဲကွန်ဒုံးလို့ပြောလို့ရတယ်။ သူ့ဆီမှာပါတဲ့ ချောဆီလဲ ရေဓာတ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Water based ချောဆီဆိုတော့ ဆီဓာတ်အခြေခံ (Oil based) ချောဆီတွေလိုမျိုး ဘေးထွက်ဆိုးကျိုးလဲ မများဘူး။ ပြီးတော့ ကျွန်မတို့လို ကွန်ဒုံးသုံးပြီး အတူနေတဲ့စုံတွဲတွေဆိုရင် ကွန်ဒုံးတစ်ခါ ချောဆီတစ်ခါ သက်သက်ဝယ်စရာမလိုတော့တဲ့ အချက်တွေကြောင့် အဆင်ပြေတယ်လို့ ပြောလို့ရတယ်။

အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ အတူနေချစ်သူရည်းစားရှိတဲ့သူပဲဖြစ်ဖြစ် ကျွန်မတို့ အမျိုးသမီးတွေမှာက အခန့်မသင့်ရင် ဒီလိုပြဿနာမျိုးက အချိန်မရွေးရှိတတ်လို့ အတူနေတဲ့အခါမှာ ချောဆီကို သုံးပေးခြင်းအားဖြင့် ဒီလိုပြဿနာမျိုးတွေကို လျော့နည်းစေသလို စိတ်ခံစားမှုပိုကောင်းစေလို့ တစ်ဖက်တလမ်းက လိင်မှုဘဝ သာယာဖို့ အထောက်အပံ့ဖြစ်တယ်လို့လဲ ပြောလို့ရတယ်လေ။ ဒါကြောင့်မို့လို့ အမျိုးသားတွေရော အမျိုးသမီးတွေရဲ့ လိင်မှုဘဝသာယာစေဖို့ အခု ကျွန်မရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *