အမြင်တွင် –
အဆင်ပြေလွယ်ကူခြင်း၊
နေ့စဉ်သောက်သုံးဖြစ်ရန်သာ သတိထားဖို့လိုခြင်း၊
ဆင်ခြင်တိုင်းထွာ၍ရခြင်း၊
တိတိကျကျသောက်သုံးပါက (၉၉) ရာခိုင်နှုန်း ထိရောက်မှုရှိခြင်း၊ သာမာန်အသုံးပြုရာတွင် (၉၁) ရာခိုင်နှုန်း ထိရောက်မှုရှိခြင်း၊
လိုအပ်ချက်အမျိုးမျိုးထွေပြားများပြားသော အမျိုးသမီးများအတွက် ဟော်မှန်းများစွာကို ပေါင်းစပ်ထားခြင်း၊
ဘယ်အချိန်မဆို သုံးစွဲမှုရပ်တန့်ရန် လွယ်ကူခြင်း၊
အများစုကို ဆေးဆိုင်များ၏ကောင်တာများတွင် ဝယ်ယူနိုင်ခြင်း၊
တစ်လစာဆေးပတ်လည်အောင် သောက်သုံးနိုင်ဖို့အတွက် ဆေး(၂၁)လုံး (သို့မဟုတ်) (၂၈)လုံးကို ဝယ်ယူရရှိနိုင်ခြင်း။
သားဆက်ခြားဆေးဆိုတာ ဘာပါလဲ။
သားဆက်ခြားဆေးဆိုတာ ကိုယ်ဝန်ရှိမသွားအောင် တားဆီးပေးပြီး သုံးစွဲရန်အလွယ်ကူဆုံးဖြစ်သော ဟော်မုန်းသန္ဓေတားနည်းဖြစ်တဲ့ ဟော်မုန်းဆေးတွေဘဲ ဖြစ်ပါတယ်။ ဈေးတွေမှာ အဲ့ဒီဆေးတွေ အမျိုးအစားအများအပြားရှိပြီး အမျိုးအစားအသစ်တွေကလည်း အချိန်တိုင်းထွက်ရှိနေပါတယ်။
ဆေးအမျိုးအစားများ –
ပေါင်းစပ်ဆေး
ဒီဆေးတွေမှာ အက်စ်ထရိုဂျင်နဲ့ ပရိုဂျက်စတင်းတွေ ပေါင်းစပ်ပါဝင်ပြီး သင့်ခန္ဓာကိုယ်မှာ သားဥဖြစ်တည်မှုကို တားဆီးပေးပါတယ်။ တစ်လစာပေါင်းစပ်ဆေးထုပ်မှာ (၃)ပတ်ဆက်တိုက်သောက်ရမယ့် ဟော်မုန်းအခြေခံဆေးတွေပါဝင်ပြီး တစ်ခါတစ်ရံ တစ်ပတ်အတွက်ဆေးတစ်ခါသောက်ပြီးတဲ့ချိန်မှာ ဓမ္မတာဆင်းတတ်ပါတယ်။
Progestin-Only
ပရိုဂျက်စတင်းသာ ပါဝင်သည့်ဆေး
(သူ့ရဲ့သေးငယ်တဲ့အရွယ်အစားကြောင့်) များသောအားဖြင့် မီနီဆေးလုံးလေးတွေလို့ သိကြပါတယ်။ သူတို့မှာ အက်စ်ထရိုဂျင်မပါရှိဘဲ ပေါင်းစပ်ဆေးတွေနဲ့ ဘေးထွက်ဆိုးကျိုးရှိမှာ ဆိုးရိမ်တဲ့သူအတွက် သင့်လျော်တယ်လို့ ညွှန်းတတ်ကြပါတယ်။ ဒီဆေးဟာ တစ်လလုံးရဲ့[(၂၈)လုံး]နေ့တိုင်းမှာ ပရိုဂျက်စတင်းနည်းနည်းဆီထုတ်ပေးပြီး ပထမနှစ်ပတ်အတွင်း ဓမ္မာတာမဆင်းစေပါဘူး။ ပရိုဂျက်စတင်းဘဲပါတဲ့ဆေးဟာ နို့တိုက်မိခင်တွေအတွက် လုံခြုံစိတ်ချရပါတယ်။တိတိကျကျမှန်မှန်ကန်ကန်သုံးတဲ့အခါ တစ်နှစ်မှာ အမျိုးသမီးအယောက်(၁၀၀)မှာ (၁)ယောက်ထက်နည်းတဲ့နှုန်းကဘဲ ကိုယ်ဝန်ရှိသွားတတ်ပါတယ်။ ဒါပေမယ့် သာမာန်အတိုင်းဘဲသုံးရင်တော့ ဒီဆေးဟာ (၉၁)ရာခိုင်နှုန်း ထိရောက်မှုရှိပါတယ်။
သားဆက်ခြားဆေးတွေက သူတို့ထုတ်လွှတ်လိုက်တဲ့ အက်စ်ထရိုဂျင်နဲ့ ပရိုဂျက်စတင်းဟော်မုန်းတွေကြောင့် ကိုယ်ဝန်ရနိုင်ချေကို တားဆီးပေးနိုင်တာပါ။ ပေါင်းစပ်ဆေးမှာပါတဲ့ အက်စ်ထရိုဂျင်က သားဥထုတ်လွှတ်တဲ့အချိန်မှာ ထွက်လာတဲ့သားဥကို တားဆီးပေးတာကြောင့် သားဥနဲ့သုတ်ကောင်လုံးဝမတွေ့အောင် တားဆီးပေးတဲ့ပုံစံနဲ့ အများဆုံးလုပ်ဆောင်ပေးတာပါ။ ပေါင်းစပ်ဆေးနဲ့ပရိုဂျက်စတင်းဘဲပါတဲ့ဆေးထဲမှာပါတဲ့ ပရိုဂျက်စတင်းဟာ သားအိမ်ခေါင်းနဲ့သားအိမ်ထဲမှာရှိတဲ့ အချွဲမှေးအနားသတ်ကို ကျယ်ပြန့်လာစေပြီး သုတ်ကောင်နဲ့သားဥမတွေ့ဆုံအောင် တားဆီးပေးပါတယ်။
ဆေးသောက်တာက လွယ်ပေမယ့် ပိတ်ရက်တွေ၊ အလည်အပတ်ခရီးသွားနေတဲ့အချိန်တွေရော နေ့စဉ်ရက်ဆက်ပုံမှန်အချိန်တွေမှာပါ ဆေးသောက်ဖို့သတိထားနိုင်ရမှာပါ။ ဒါကြောင့် သင်ကိုယ်သင် ဆေးကိုနေ့စဉ်ရက်ဆက်၊ အချိန်မှန်သောက်နိုင်ပါ့မလားဆိုတာကို ပြန်ဆန်းစစ်ပါ။တကယ်လို့ သင်က(၂၈)ရက်စာသောက်ဆေးထုပ်ကို သောက်တယ်ဆိုရင် နေ့စဉ်ပုံမှန်ဆေးသောက်သုံးပြီး တစ်ထုပ်ကုန်သွားတာနဲ့ နောက်ဆေးထုပ်အသစ်ကို ချက်ချင်းစသောက်ပါ။(၂၁)ရက်စာဆေးထုပ်ကိုသောက်တာဆိုရင်တော့ ဆေးကိုတစ်နေ့တစ်လုံးပုံမှန်နဲ့ (၂၁)သောက်ပြီး နောက်(၇)ရက်ဆက်တိုက် ဆေးသောက်စရာမလိုပါဘူး။ (၂၈)ရက်မြောက်နေ့မှဘဲ ဆေးထုပ်သစ်ကို ပြန်စသောက်ပါ။ဆေးသောက်တာရပ်လိုက်ပြီး ရက်အနည်းငယ်အတွင်းမှာဘဲ သင်ပြန်ပြီးကိုယ်ဝန်ဆောင်နိုင်ပြီဖြစ်ပါတယ် (ကိုယ်ဝန်ရနိုင်ချေပြန်ရှိသွားပြီလို့ ဆိုလိုတာပါ)။ ဒါကြောင့် ချက်ချင်းကိုယ်ဝန်မရချင်ဘူးဆိုရင်တော့ ဆေးသောက်တာရပ်လိုက်တာနဲ့ချက်ချင်း တစ်ခြားနည်းလမ်းတစ်ခုကို အသုံးပြုပါ။
ဆေးထုပ်အသစ်ကို ဘယ်အချိန်မှာစသောက်ရမလဲဆိုတာသိအောင် ပြက္ခဒိန်မှာ မှတ်ထားပါ။
ဖုန်းမှာ သတိပေးအချက်ပြဖို့ ချိန်ထားပါ။
နေ့တိုင်း၊ ပုံမှန်အချိန်တခြားတစ်ခုခုနဲ့အတူ ဆေးကို(၂)လုံးတွဲသောက်တာက သွားတိုက်ပြီး၊ မနက်စာစားလိုက်သလိုဘဲ ထူးထူးခြားခြားပိုထိရောက်သွားတာမျိုး မရှိပါဘူး။
ရေနှင့်မျိုချလိုက်ရုံသာ ဖြစ်သောကြောင့် သုံးစွဲရန် လွယ်ကူခြင်း၊
ဓမ္မတာဆင်းမှုကို အနှောင့်အယှက်မဖြစ်စေခြင်း၊
ဓမ္မတာသွေးဆင်းမှုလျော့နည်းစေခြင်း၊
ဓမ္မတာလာချိန်တွင် ထိန်းချုပ်နိုင်ခြင်း၊
အချို့ဆေးများသည် ဝက်ခြံများကို ပျောက်ကင်းသွားစေခြင်း၊
ဓမ္မတာလာချိန်ကိုက်ခဲခြင်းများနှင့် PMS ကို လျော့ပါးသက်သာစေခြင်း၊
တချို့ဆေးများတွေက သားအိမ်အတွင်းမြှေးကင်ဆာနဲ့ သားဥအိမ်ကင်ဆာ၊ သွေးအားနည်းရောဂါ၊ သားဥအိမ်အတွင်းအရည်အိပ်ဖြစ်ပေါ်ခြင်းနဲ့ တင်ပါးဆုံရိုးယောင်ယမ်းသည့်ရောဂါစတဲ့ မနှစ်မြိူ့စရာကျန်းမာရေးပြသနာတွေကိုလည်း ကာကွယ်ပေးပါတယ်။
ဘေးထွက်ဆိုးကျိုးတွေကိုစိတ်ပူတတ်ကြတာ ဓမ္မတာပါဘဲ။ ဒါပေမယ့် အမျိုးသမီးများစုအတွက်တော့ ဒါတွေက ပြသနာမဟုတ်ပါဘူး။ တကယ်လို့ သင်ဘေးထွက်ဆိုးကျိုးခံစားရတယ်ဆိုရင်တောင်မှ ဒါတွေက အချိန်ကြာလာတာနဲ့အမျှ ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒီဆေးတွေသောက်တာက ဟော်မုန်းတွေကို သင့်ခန္ဓာကိုယ်နဲ့မိတ်ဆက်တာဖြစိတာကြောင့် လိုက်လျောညီထွေဖြစ်သွားဖို့ အချိန်နည်းနည်းတော့ ယူရပါတယ်။ (၂)လ(ဒါမှမဟုတ်) (၃)လကြာပြီးတဲ့နောက် ပျောက်သွားတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ –
ဓမ္မတာလာချိန်အတွင်း စိတ်နှလုံးညှိုးငယ်ခြင်း၊
ရင်သားများနာကျင်ခြင်း၊
ပျိူ့ခြင်း၊ အန်ခြင်း၊
စိတ်ခံစားချက်ပြောင်းလဲနေခြင်း။
ဖော်ပြပါကိစ္စရပ်များသည် ကြာရှည်စွာဖြစ်ပေါ်နေတတ်သည်။
သင့်လိင်ဆက်ဆံလိုစိတ်တွင် ပြောင်းလဲမှုတစ်ခုခုဖြစ်တတ်ခြင်း ၊ (၃)လကြာသည်အထိ မသက်မသာခံစားနေရပါက တခြားနည်းလမ်းပြောင်းသုံးပြီး ကာကွယ်ပါ။

Lydia Rosa
လေဒီယာ ရိုစာသည် ဆေးဝါးပမာဏအနည်းငယ်သာပါသော သားဆက်ခြားသောက်ဆေးဖြစ်ပြီး သန္ဓေတားရန်နှင့် ရာသီလာချိန်အလွန်အမင်းကိုက်ခဲခြင်းဝေဒနာများအတွက်လည်း သောက်သုံးနိုင်ပါသည်။လေဒီယာ ရိုစာ တစ်ကဒ်စီလျှင် ဆေးပြား ၂၈ ပြား တွင် ဟော်မုန်းပါသောဆေးပြား ၂၁ပြား၊ ဟော်မုန်းမပါသော ဆေးပြား ၇ပြား ပါရှိသည်။

Lydia Clair
လေဒီယာ ကလဲယာသည် နေ့စဉ်သောက်ရသော သားဆက်ခြားသောက်ဆေးဖြစ်ပြီး ဝက်ခြံထွက်ခြင်းနှင့် အမွှေးအမျှင်ပေါက်ခြင်းတို့အတွက်လည်း ဆေးအဖြစ်လည်းသုံးစွဲနိုင်သည်။ ရာသီစက်ဝန်းပုံမှန် ဖြစ်စေရန်၊ ရာသီမလာခင်ဖြစ်ပေါ်တတ်သော စိတ်ဖိစီးမှုများ၊ ကိုက်ခဲမှုများသက်သာစေရန်နျင့် ရာသီလာချိန်သွေးဆင်းများခြင်းတို့အတွက်လည်း သောက်သုံးနိုင်ပါသည်။
လေဒီယာ ကလဲယာ တစ်ကဒ်လျှင် ဆေးပြား ၂၁ ပြား ပါဝင်ပြီး တစ်ပြားတွင် Cyproterone Acetate ၂.၀ မီလီဂရမ် နှင့် Ethinyl Estradiol ဝ.၀၃ မီလီဂရမ် ပါဝင်ပါသည်။

Lydia Lacta
လေဒီယာ လက်တာသည် ကလေးမွေးပြီးစ နို့တိုက်မိခင်တွေနှင့် အီစတိုဂျင်ဓါတ်မတည့်သောသူများ သုံးစွဲရန် သင့်တော်သော ဟိုမုန်းတစ်မျိုးတည်းပါသည့် နေ့စဉ်သောက်သားဆက်ခြားဆေးဖြစ်သည်။ အထူးသဖြင့် နို့တိုက်မိခင်များအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

Lydia Fine
လေဒီယာ ဖိုင်းသည် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကို သက်သောစေပြီး ရာသီပုံမှန်လာစေနိုင်သော ဟိုမုန်းနှစ်မျိုးပါ နေ့စဉ်သောက်သားဆက်ခြားဆေးဖြစ်သည်။ အရေအသွေးကို စိတ်ချရသည့်အပြင် လက်လှမ်းမီသောနှုန်းထားဖြင့် ရရှိနိုင်ပြီး ငယ်ရွယ်သူများနှင့် ပိုမိုသင့်တော်ပါသည်။
Leave a Reply