သားဆက်ခြားသောက်ဆေးတွေက ဝက်ခြံသက်သာစေသလား

Posted by

ယောကျ်ားလေးဖြစ်စေ၊ မိန်း ကလေးဖြစ်စေ သန့်ရှင်းချောမွေ့တဲ့ မျက်နှာနဲ့အရေပြား ကိုလိုချင်တတ်ကြတာမို့ ဝက်ခြံနဲ့အမာရွတ်တွေအကြောင်း ကို ဒီတစ်ပတ် လေ့လာကြည့်ကြရအောင်။

အရေပြားမှာ ရှိတဲ့ ချွေးပေါက်လေးတွေ ရဲ့ အောက်ခြေမှာ အရေပြားကို လိုအပ်တဲ့ အစိုဓာတ် ၊ အဆီဓာတ်တွေ သဘာဝအလျောက် ထောက်ပံ့ပေးတဲ့ အဆီအကြိတ် လေးတွေရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲ့ အပေါက်လေးတွေပိတ်သွားတယ်။ ဥပမာ မိတ်ကပ်၊ ဖုန်၊ အညစ်အကြေး၊အရေပြားပေါ်က ဆဲလ်အသေတွေက အဲ့ချွေးပေါက် မွှေးညင်းပေါက်လေးတွေကို သွားပိတ်တဲ့အခါမှာ အတွင်းက အဆီ၊ ချွေးတွေနဲ့ ရောသွားတဲ့ခါ ဝက်ခြံ ဆိုတာဖြစ်လာတာပါ။

ဝက်ခြံဖြစ်စေတဲ့တခြားအကြောင်းအရာတွေလည်း အများကြီးရှိပါသေးတယ်။ ဖြစ်လေ့ဖြစ်ထရှိတာကတော့ အများ သိထားကြတဲ့ ဟော်မုန်းဓာတ် အပြောင်းအလဲဆိုတာ ကြောင့်ပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်စ အချိန်မှာ အင်ဒရိုဂျင်(ကျား) ဟော်မုန်းဓာတ်ကို ခန္ဓာကိုယ်ကပိုထုတ်ပေး လာပါတယ်။ ကျားဟော်မုန်းလို့ခေါ်တဲ့အတိုင်း ယောကျ်ားလေးတွေမှာ ပိုထုတ်ပေးတာကြောင့်လည်း လူပျို ပေါက်ယောကျ်ားလေးတွေဟာ ဝက်ခြံနှိပ်စက်တာကို ပိုခံရတတ်ပါတယ်။ အကြောင်းကတော့ အင်ဒရိုဂျင်ဟော် မုန်းဟာ အဆီဂလန်းတွေကိုကြီးထွားစေပြီး ဆီကြည် တွေ ပိုထုတ်ပေးနိုင်တာ ကြောင့်ပါ။ နောက်ဖြစ်တတ် တာကတော့ မျိုးရိုးကြောင့်လည်း အရေပြားအောက် က အဆီဂလန်းတွေပိုကြီးပြီး အရေပြားကိုရောင်ရမ်းစေတဲ့ ဓာတ် ပစ္စည်းတွေကို ထွက်စေနိုင်ပြီး နီရဲ ဖောင်းတင်း နေတဲ့ ဝက် ခြံဖုကြီးတွေကို မျက်နှာအနှံ့အပြားမှာ ဆိုးဆိုးရွားရွား ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို ဝက်ခြံ ပြဿနာတွေလျော့ နည်းအောင် ဘယ်လိုကာကွယ်ကြရမလဲ???

  • အဆီထွက်ပေါက်တွေ မပိတ်အောင် မျက်နှာကို Acne ဆပ်ပြာ ဖြင့် ရေနွေး နှင့် တနေ့ ၂-ကြိမ် ဆေးပါ။ ဟာ ဒါဆို ကျွန်တော် တနေ့ကို ၅-ကြိမ်လောက်ဆပ်ပြာနဲ့ ဆေးလိုက်မယ်။ မလုပ်ပါနဲ့။ အရေပြား အရမ်းခြောက်သွေ့ပြီး ဆော်ကြည်မှာ မဟုတ်တော့ဘူး။ နောက်ထပ်အရေပြား ပြဿနာတခု ဝင်လာနိုင်ပါတယ်။
  • အဆီပြန်တဲ့ မိတ်ကပ်တွေကို ရှောင်ပါ။ အဆီပေါက်တွေ ပိုပိတ်သွားမှာ စိုးလို့ပါ။
  • အဆီပြန်ဟင်း၊ နို့ထွက်ပစ္စည်းတွေ ကော စားလို့ရလား။ ပါးစပ်က စားတဲ့အတွက် ပြဿနာ မရှိပါ။ ဒါဆို အစားအသောက်နဲ့ မပတ်သက်ဘူးပေါ့။ ဟုတ်ပါတယ် ယေဘုယျအားဖြင့် မပတ်သက်ပါဘူး။ အကယ်၍ ကိုယ်က ဒါစားတိုင်းဖြစ်တယ်ဆိုရင်တော့ မစားပါနဲ့.. လူတယောက်နဲ့ တယောက် ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း မတူနိုင်တာမို့လို့ပါ။
  • အဆီထွက်ဖို့မြှောက်ပေးတဲ့ ယောက်ျားဟော်မုန်း Testosterone ကို တန်ပြန်တဲ့ မိန်းမဟော်မုန်းပါတဲ့ ကိုယ်ဝန်ဆောင် တားဆေးတချို့ကလည်း ဝက်ခြံကို သက်သာစေသလို အသားအရေကို လဲ ပိုမိုကောင်းမွန်စေပါတယ်။ ၁-ချက်ခုတ် ၂-ချက်ပြတ်ပေါ့။ ယောက်ျားလေးတွေကတော့ ကံမကောင်းစွာနဲ့ သောက်လို့မရပါ။ တားဆေး သောက်ဆေး မျိုးစုံရှိ၍ တားဆေးတိုင်းတော့ ဝက်ခြံကို မသက်သာစေပါ။ ဝက်ခြံ အတွက် အသုံးပြုသော တားဆေးအချို့- Lydia Rosa, Clair, Fine တို့ လွယ်ကူစွာ ဝယ်လို့ရပါတယ်။

ဝက်ခြံတွေက အရမ်:များပြီး ဒါမှမဟုတ် အရမ်းယောင်ပြီး ရေအိတ်တွေဖြစ်। ဒါမှမဟုတ် အမာရွတ်တွေလည်း အရမ်းများဆိုရင်တော့ အရေပြားဆရာဝန် နှင့်ဆွေးနွေးပြီး အသုံးပြုနိင်ပါသည်။

အားလုံးဝက်ခြံကင်းကင်းနဲ့ တူတူလှကြရအောင်။

Leave a Reply

Your email address will not be published. Required fields are marked *