
အမှန်တိုင်းပြောရရင် ကျွန်မ အိမ်ထောင်ကျတဲ့အချိန်မှာ အသက် ၂၄ နှစ်ပဲ ရှိသေးတော့ တော်တော်ငယ်သေးတဲ့အရွယ်လို့ပြောလို့ရတယ်။ အိမ်ထောင်စကျကျချင်းတုန်းက ကိုယ်ကိုတိုင်ကလဲ လုပ်ငန်းခွင်ဝင်တာ ၁ နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတာကြောင့် စုမိဆောင်းမိကလဲ မရှိသေး၊ နေတော့လဲ ကျွန်မယောကျာ်းအိမ်မှာပဲ စုနေရတာကတကြောင်း မို့လို့ ၃ နှစ်လောက် ကလေးမယူသေးဘူးလို့ ကျွန်မယောကျာ်းနဲ့ တူတူဆုံးဖြတ်ခဲ့ကြတာပေါ့။
ပထမတော့ ကိုယ်ဝန်တားနည်းအနေနဲ့ နေ့စဉ်သောက်ဆေးကိုပဲ သုံးဖြစ်ခဲ့တယ်။ ဒါပေမယ့် သောက်ပြီး တလအတွင်းမှာ တခါတလေ အရေပြားမှာ အလာဂျစ်ထတာမျိုးတွေ၊ တချို့နေ့တွေမှာ လူက ပင်ပန်းပြီး အားအင်ချည့်နဲ့တာတွေ၊ ရံဖန်ရံခါ အန်တာမျိုးတွေ ဖြစ်လာတော့တာပဲ။ အဲ့တာနဲ့ ဆရာဝန်ဆီ သွားပြတော့ သောက်ဆေးမှာပါတဲ့ အီစတိုဂျင်ဟော်မုန်းနဲ့ ဓာတ်မတည့်တာကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့ တခြားနည်းလမ်း ရွေးဖို့ တိုက်တွန်းတာပေါ့။ ကျွန်မကတော့ နှစ်ရှည်ခံကိုယ်ဝန်တားချင်တဲ့သူဆိုတော့ ဒေါက်တာ Recommend ပေးတဲ့ ပရိုဂျက်စတိုဂျင် ဟော်မုန်းပဲ ပါပြီး ၃ နှစ်ခံတဲ့ လက်မောင်းတွင်းထည့် Implant သုံးဖြစ်ခဲ့တယ်။
အဲ့တာ သုံးပြီး ၂ နှစ်ခွဲလောက်ကြာတော့ ကျွန်မတို့လင်မယားလဲ ကလေးလိုချင်လို့ ထုတ်ဖြစ်ခဲ့တာပေါ့။ အဲ့တာနဲ့ နောက် ၁ နှစ်လောက်အကြာမှာ သားလေး ကိုယ်ဝန်စရှိခဲ့တယ်။ သားလေးမွေးပြီးပြန်တော့ အိမ်ထောင်သည်ဆိုတော့လဲ ထုံးစံအတိုင်း ကိုယ်ဝန်တားဖို့ ခေါင်းရှုပ်ရပြန်ရော။ ခုချိန်မှာ ကျွန်မက အရင်လို နှစ်ရှည်ခံသားဆက်ခြားနည်းတွေကိုလဲ လောလောဆယ် မသုံးချင်သေးဘူး။ ကလေးမွေးထားပြီးတာလဲ မကြာသေးတဲ့အပြင် ကလေးနို့တိုက်နေတုန်းမို့လို့ ပေါ့ပေါ့ပါးပါးနည်းလမ်းလေးတွေနဲ့ပဲ ကိုယ်ဝန်တားချင်တာလေ။ ခက်တာက ကျွန်မက အီစတိုဂျင်ဟော်မုန်းဓာတ်မတည့်တဲ့ ပြဿနာရှိတော့ ဒီတခေါက်လဲ ဒေါက်တာဆီ ဖုန်းဆက်ရတော့တာပေါ့။
ဒေါက်တာကိုတော့ ကျွန်မက နေ့တိုင်းပဲ အချိန်မှန်မှန်နဲ့ ပေါ့ပေါ့ပါးပါးသောက်လို့ရမယ့် သောက်ဆေးပဲ သောက်ချင်တယ်ဆိုတာရယ်၊ ကလေးနို့တိုက်တာကိုလဲ အနှောင့်အယှက်မဖြစ်မယ့် နည်းလမ်းမျိုးပဲ သုံးချင်တယ်လို့ ပြောပြတော့ ဒေါက်တာက လေဒီယာရဲ့ လက်တာ (Lydia Lacta) ကို ညွှန်းလိုက်တယ်လေ။ လေဒီယာရဲ့ လက်တာက ကလေးမွေးပြီးစ နို့တိုက်မိခင်တွေနဲ့ အီစတိုဂျင်ဓါတ်မတည့်တဲ့ အမျိုးသမီးတွေအတွက် အဓိကထုတ်ထားတဲ့ ဟိုမုန်းတစ်မျိုးတည်းပါတဲ့ နေ့စဉ်သောက်သားဆက်ခြားဆေးဆိုတာကိုလဲ ရှင်းပြတယ်။ အဲ့တာနဲ့ ကျွန်မလဲ လေဒီယာရဲ့ လက်တာ သားဆက်ခြားသောက်ဆေးကို သောက်လာတာ ခုဆိုရင် သားလေးတောင် နို့ဖြတ်ပြီးတာ ၃ လလောက်ရှိတော့မယ်။
ဒါကတော့ ကျွန်မလိုမျိုး ဓာတ်မတည့်တဲ့ပြဿနာရှိတဲ့ အမျိုးသမီးတွေကို ပြောပြချင်တဲ့ ကျွန်မရဲ့ သားဆက်ခြားအတွေ့အကြုံလေးပေါ့နော်။ ကျွန်မလိုမျိုး တူညီတဲ့ အတွေ့အကြုံလေးတွေ ရှိခဲ့ရင်လဲ ကောမန့်ထဲမှာ ပြောပေးသွားကြပါဦးနော်။
Leave a Reply