ကလေးနို့တိုက်နေတဲ့ မာလာရဲ့ တားဆေးအတွေ့အကြုံ

Posted by

ညီမလေးတစ်ယောက်ရှိပါတယ်။ အဖေကလဲ အစိုးရဝန်ထမ်းဖြစ်တဲ့ ကျောင်းဆရာ၊ အမေကလဲ အိမ်ရှင်မဆိုတော့ ငွေကြေးမချမ်းသာပေမယ့် ကျွန်မအဖေနဲ့ အမေ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ကျွန်မ ကျောင်းနေ၊ ကျူရှင်တက်ခွင့်ရပြီး တက္ကသိုလ်ဝင်တန်းကို သင်္ချာဂုဏ်ထူး နဲ့ အောင်ခဲ့တယ်။

၁၀ တန်းအောင်ပြီးတော့ ကျွန်မ မိဘနှစ်ပါးက တက္ကသိုလ် (နေ့ကျောင်း)  ဆက်တက်ဖို့ တိုက်တွန်းခဲ့ပေမယ့် ကျွန်မက မိဘတွေရဲ့ အခက်အခဲကို သိတာက တကြောင်း၊ ကိုယ်တိုင်ကလဲ မြို့ပြင်မှာ နေ့ကျောင်းမတက်ချင်တာကြောင့်မို့လို့ အဝေးသင်တက္ကသိုလ်ပဲ တက်တော့မယ်လို့ဆုံးဖြတ်ခဲ့တယ်။ အဝေးသင်တက်နေရင်းနဲ့ပဲ ကျွန်မက အထက်တန်းကလေးတွေကို ဂိုက်အဖြစ် စာလိုက်ပြတယ်။ ကျွန်မ ဂိုက်သင်ပြီးရလာတဲ့ ပိုက်ဆံရယ် ဖေဖေက လတိုင်း မုန့်ဖိုးပေးတဲ့ ပိုက်ဆံလေးတွေကို စုပြီး ကွန်ပျူတာ အခြေခံသင်တန်းတွေ၊ အင်္ဂလိပ်စကားပြော သင်တန်းတွေ လိုက်တက်ဖြစ်တယ်။ ဘွဲ့ရပြီး နှစ်နှစ်လောက်အထိ ကျွန်မ အလွတ်တန်းဆရာမအနေနဲ့ ဂိုက်လိုက်ပြခဲ့တာ ကြာလာတော့ ကျွန်မအပြောင်းအလဲအနေနဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်ချင်လာရော။

ကျွန်မက သင်္ချာအထူးပြုနဲ့ ဘွဲ့ရထားတော့ စာရင်းအင်းပိုင်းပဲ သွားဖို့ စိတ်ကူးပြီး လိုအပ်မယ့် သင်တန်းတွေတက်ရင်းနဲ့ပဲ အလုပ်လျှောက်လိုက်တာ ပထမဦးဆုံးအနေနဲ့ ကုမ္ပဏီတစ်ခုမှာ အငယ်တန်း စာရင်းကိုင် စလုပ်ဖြစ်တယ်။ လုပ်သက် ၃ နှစ်ကျော်လာတော့ အတွေ့အကြုံလဲ အထောက်အလျောက်ရှိပြီဆိုတဲ့အတွက် နောက်ထပ် ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုမှာ အကြီးတန်း စာရင်းကိုင် ရာထူးနဲ့ ပြောင်းလုပ်ဖြစ်တယ်။ အဲ့မှာ ကျွန်မ ကိုကိုနဲ့ တွေ့ခဲ့တယ်။ ကိုကိုက ကုမ္ပဏီက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ခင်သက်နဲ့ မောင်နှမ… ညနေတိုင်း ရုံးဆင်းလို့ ကျွန်မ ခင်သက်နဲ့ တူတူပြန်တိုင်း အစ်ကိုဖြစ်တဲ့ သူက လာကြိုရင်းနဲ့ ခင်သက်ကို အကြောင်းဖန်ပြီး ကျွန်မတို့ နှစ်ယောက် ဇာတ်လမ်းဖြစ်ခဲ့တော့တာပေါ့။

ကိုကိုက ကျွန်မထက် ၅ နှစ်လောက်ကြီးပြီး အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးနေတဲ့သူပါ။ သမီးရည်းစားဖြစ်ပြီး ၁ နှစ်ခွဲလောက်ကြာတာနဲ့ ကိုကို က ကျွန်မကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်မတို့နှစ်ယောက် အားလုံးအဆင်သင့်ဖြစ်ပြီး နောက်တစ်နှစ်လောက်ကြာမှ လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီးတော့ နှစ်ဉီးစလုံးအသက်မငယ်တော့တာ တစ်ကြောင်း၊ စီးပွားရေးအခြေအနေကလဲ ပြည့်စုံသလောက်ရှိနေတော့ ကလေးတန်းယူဖို့ စိတ်ကူးခဲ့ကြတယ်။ ကျွန်မ ကိုယ်ဝန်ရလာတော့ အနေအထိုင်အစားအသောက်ကအစ ဆင်ခြင်ရသလို သားလေးကို မွေးပြီးတဲ့အခါမှာလဲ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ဖို့ ရည်ရွယ်ထားတယ်။

ဒါပေမယ့် သားလေးမွေးပြီး ၂လလောက်ကြာတဲ့အခါမှာ ကျွန်မတွေ့ရတဲ့ အခက်အခဲက ကိုယ်နဲ့ ကိုက်ညီသင့်တော်တဲ့ သားဆက်ခြားနည်းလမ်းကို ရွေးချယ်တဲ့နေရာမှာပါပဲ။ ကျွန်မက ကလေး အသက် (၆) လအထိ နို့တိုက်ဖို့ ရည်ရွယ်ထားတော့ စေျးကွက်ထဲက သာမန်အသုံးများတဲ့ သားဆက်ခြားနည်းလမ်းတွေကို သေချာမစဉ်းစားပဲ သုံးလိုက်မိရင် ကလေးနို့တိုက်တဲ့အခါ အနှောင့်အယှက်မဖြစ်စေချင်ဘူးလေ။ ပြီးတော့ ကျွန်မက (၃)လခံ ထိုးဆေးတွေ နဲ့ တခြားနှစ်ရှည်ခံသားဆက်ခြားနည်းလမ်းတွေကိုလဲ လောလောဆယ် မသုံးချင်သေးဘူး။

အဲ့တာနဲ့ပဲ ကျွန်မကိုယ်ဝန်နဲ့တုန်းက ကြည့်ပေးတဲ့ OG ကိုပဲ မေးဖြစ်တော့ ဆရာဝန်မမက Lydia ရဲ့ Lacta ကို ညွှန်းပေးလိုက်တယ်လေ။ Lydia ရဲ့ Lacta ကတော့ နို့တိုက်မိခင်တွေအတွက် အဓိကရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ နေ့စဉ်သားဆက်ခြားသောက်ဆေးဖြစ်တဲ့အတွက် သောက်နေစဉ်အချိန်တွေမှာ မိခင်နို့ထွက်နည်းသွားတာမျိုးတွေလုံးဝကြုံရမှာလဲ မဟုတ်ပါဘူး။ အသားအနာခံစရာလဲမလိုတဲ့အပြင် စေျးကွက်ထဲမှာရှိတဲ့ တခြားသားဆက်ခြားသောက်ဆေးတွေထက် စေျးသက်သာတယ်… ပြီးတော့ ကိုယ်နဲ့အဆင်ပြေတယ်ဆိုရင် နို့ဖြတ်ပြီးချိန်မှာတောင် ဆက်သောက်လို့ရတဲ့အတွက် ကျွန်မကတော့ အခုသားလေး အသက် (၆) လပြည့်လို့ နို့ဖြတ်ပြီးသွားတဲ့ နောက်ပိုင်းမှာလဲ Lydia ရဲ့ Lacta ကို နေ့စဉ်အချိန်မှန်မှန် ဆက်သောက်ဖြစ်တယ်။

ဒါကြောင့်မို့လို့ ကျွန်မရဲ့ ဘဝအတွေ့အကြုံလေးကို ဝေမျှရင်းနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ သားဆက်ခြားနည်းလမ်းကို ရွေးချယ်ဖို့ အခက်အခဲဖြစ်နေတဲ့ နို့တိုက်မိခင်တွေရှိမယ်ဆိုရင် အလွယ်ကူဆုံး သားဆက်ခြားသောက်ဆေးဖြစ်တဲ့ Lacta ကို ရွေးချယ်ဖို့ သတင်းကောင်းလေးပါးလိုက်ချင်ပါတယ်ရှင်…

Leave a Reply

Your email address will not be published. Required fields are marked *