
ဒီလို အနုပညာဆန်ဆန်နဲ့ လှလှပပ ချစ်နိုင်ဖို့ဆိုရင် ယောကျာ်းရော မိန်းမပါ အမှားကင်းကင်းနဲ့ ချစ်တတ်ဖို့က အရေးကြီးပါတယ်။ ဒီတော့ အမှားကင်းကင်းနဲ့ ချစ်နိုင်ကြစေဖို့ ဒီတခေါက်မှာတော့ နှစ်ဦးသား ချစ်ရည်လူးချိန်မှာ ချိဖတို့လုပ်လေ့ရှိတဲ့ အမှား (၅) ခုကို ပြောပြပေးပါ့မယ်။
(၁) အိပ်ရာထဲမှာပဲ စရမယ် လို့ ပုံသေတွေးထားတာ
ပြောရမယ်ဆိုရင် ယောကျာ်းအများစုက ချစ်သူနဲ့တူနှစ်ကိုယ်ချစ်ဖို့ကိစ္စကို အိပ်ရာထဲရောက်မှပဲ စတတ်ကြတာများပါတယ်။ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် နေ့တစ်နေ့ရဲ့အစမှာ တစ်ဦးနဲ့ တစ်ဦး အနမ်းပေးတာ၊ ပွေ့ဖက်တာ၊ မထိတထိ ကျီစယ်တာလေးတွေကို လုပ်ပေးဖို့ပြောချင်တာပါ။ ချိဖတို့အနေနဲ့ ဒီလို လုပ်ပေးခြင်းအားဖြင့် တစ်ဖက်သား အမျိုးသမီးက ကိုယ့်အပေါ် ယုံကြည်မှုတိုးစေမယ်၊ အတူနေတဲ့အချိန်မှာလဲ စိတ်တင်းကျပ်နေတာမျိုးမဖြစ်ဘဲ သက်သောင့်သက်သာ ခံစားရစေမယ့်အပြင် လိင်ဆက်ဆံတဲ့အခါမှာ ပိုစိတ်ကြွပြီး အထွတ်အထိပ်ရောက်စေဖို့ အထောက်အကူပြုပါတယ်။
(၂) ကနဦးနှိုးဆွမှုတွေကို အချိန်ပေးပြီး လုပ်ဖို့ စိတ်ကူးမရှိတာ
မင်းအနေနဲ့ ချစ်သူနဲ့ အတူနေချိန်တိုင်း Foreplay လို့ခေါ်တဲ့ ကနဦးနှိုးဆွမှုတွေကို အချိန်ပေးပြီး လုပ်ဖို့ မလိုဘူးလို့ တွေးနေမယ်ဆိုရင်တော့ ဒါက အမှားတစ်ခုလို့လဲ ပြောလို့ရပါတယ်။ ချိဖအနေနဲ့ ဒချိချိန်မှာ Foreplay မလုပ်ဘဲ အဓိကနေရာကိုပဲ တန်းသွားတာမျိုးက မိန်းကလေးတွေဘက်ကကြည့်ရင် အဆင်မပြေနိုင်သလို လိင်ဆက်ဆံတဲ့နေရာမှာလဲ ချောချောမွေ့မွေ့နဲ့ ကိစ္စပြီးဖို့ အထောက်အကူမဖြစ်ပါဘူး။ ဒီတော့ တစ်ဦးနဲ့ တစ်ဦး ချစ်စကားပြောတာ၊ ကိုယ်ခန္ဓာချင်းထိတွေ့တာ နဲ့ အနမ်းချင်းဖလှယ်တာတွေလိုမျိုး ကနဦးနှိုးဆွမှုကို လုပ်ပြီးမှ အဓိကအပိုင်းကို သွားနိုင်ရင် အကောင်းဆုံးပါပဲ။
(၃) စွမ်းဆောင်မှုက အဓိကအရာလို့ အချိန်ပြည့် ထင်နေတာ
ယောကျာ်းအများစုက ချစ်သူနဲ့ ကိုယ်နဲ့ နှစ်ကိုယ်ကြားမှာ ရှိတဲ့ လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုက အိပ်ရာပေါ်မှာ ကြာကြာဆွဲနိုင်မှ ခိုင်မြဲမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်လို့ ကိုယ့်မှာ သုက်ကြာကြာထိန်းမထားနိုင်တဲ့ ပြဿနာရှိနေမယ်ဆိုရင်တောင် ဒီလို ကိုယ်မစွမ်းနိုင်တဲ့ အရာကိုပဲ စိတ်ထဲမှာ စွဲပြီး စိတ်ဓာတ်ကျနေမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ အဲ့တော့ သူနဲ့ ကိုယ်နဲ့ ချစ်တော့မယ့်အချိန်မှာ ဒီကိစ္စကို ခဏမေ့ထားပြီး ကိုယ့်ချစ်သူကိုပဲ အာရုံစိုက်တာ၊ ပါးစပ်နဲ့ လိင်ဆက်ဆံတာ အစရှိတဲ့ အရာတွေကို အစားထိုးလုပ်ပေးနိုင်ပါတယ်။
(၄) ဆန္ဒပြည့်ဝဖို့ ထိုးသွင်းဆက်ဆံတာတစ်ခုပဲ လိုအပ်တယ်လို့ တွေးထားတာ
အမျိုးသားတွေအတွက် လိင်ဆန္ဒပြည့်ဝဖို့ဆိုရင် ထိုးသွင်းဆက်ဆံလိုက်တာနဲ့ ရတယ်ဆိုပေမယ့် အမျိုးသမီးတွေကတော့ မတူပါဘူး။ အမျိုးသမီးတွေရဲ့ နဂိုကိုယ်ခန္ဓာဖွဲ့စည်းပုံအရ လိင်စိတ်အတက်အကျက မမြန်တဲ့အတွက် ဆန္ဒပြည့်ဝဖို့ဆိုတဲ့နေရာမှာ ထိုးသွင်းဆက်ဆံတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒီတော့ ကိုယ့်ချစ်သူလေးကိုပါ ခံစားမှုကောင်းစေဖို့ ထိုးသွင်းမဆက်ဆံခင်မှာ ပါးစပ်နဲ့ လိင်ဆက်ဆံတာ၊ လက်နဲ့ ထိုးသွင်းဆက်ဆံတာမျိုးတွေလို ကနဦးနှိုးဆွမှုတွေကို လုပ်ပေးနိုင်ပါတယ်။
(၅) ကွန်ဒုံးတစ်ခုတည်းနဲ့ နှစ်ကြိမ် ဆက်ဆံတာ
ဒါကတော့ ကွန်ဒုံးသုံးပြီး အတူနေလေ့ရှိတဲ့ ချိဖတွေအနေနဲ့ တစ်ညတည်းမှာ နှစ်ချီဆွဲတဲ့အခါမှာ ကွန်ဒုံးတစ်ခုတည်းနဲ့ နှစ်ကြိမ် သုံးကြိမ် ဆက်ဆံတာဟာ အမှားတစ်ခုပါ။ ကွန်ဒုံးအားလုံးက တစ်ခါသုံးအဖြစ်ပဲ ထုတ်လုပ်ထားတဲ့အတွက် တစ်ကြိမ်သုံးပြီးတာနဲ့ လွှင့်ပစ်ပြီး နောက်တစ်ကြိမ်ဆို နောက်တစ်ခု သုံးရမှာဖြစ်ပါတယ်။
ကွန်ဒုံးတွေနဲ့ ပက်သက်လို့ ကိုယ့် အကြိုက် အရည်အသွေးကောင်းတဲ့ ကွန်ဒုံးတွေကို ရွေးချယ်ချင်ရင်တော့ ချိဖတို့အတွက် Kiss နဲ့ Mojo ကွန်ဒုံးတွေရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အနံ့အရသာတွေနဲ့ ပါးလွှာတဲ့ ကွန်ဒုံးအမျိုးအစားတွေကို Kiss မှာ ရွေးချယ်လို့ရသလို့ လက်တွဲဖော်ရဲ့ စိတ်ဆန္ဒတွေကို ခံစားမှုကောင်းကောင်းနဲ့ ပေးစွမ်းနိုင်ဖို့ ဆိုရင်တော့ Mojo ကွန်ဒုံးတွေကို ရွေးချယ်လို့ရပါတယ်။ အောက်က လင့်ခ်မှာ ကိုယ်ကြိုက်နှစ်သက်ရာ ကွန်ဒုံးကို ရွေးချယ်လို့ရနိုင်ပါတယ်ခင်ဗျာ…
ကွန်ဒုံးများ ရွေးချယ်ရန်လင့်ခ် >> https://www.thiloyarmay.org/brands/condoms/
Leave a Reply