
အဲ့ဒါက လိင်ဆက်ဆံရာမှာ မိန်းကလေးတို့ ပြီးမြောက်စေဖို့ အကူအညီပေးသလို ထိမိတဲ့ ပျော်ရွှင်စရာ ခံစားချက်ကို ပေးစွမ်းနိုင်တယ်ဆိုတာရယ်တွေကို သိပြီးကြမှာပါ။ အခု သိလိုရာမေးက အလင်းပြချင်တာက မိန်းကလေးတို့မှာလိုမျိုး ယောက်ျားလေးတွေမှာလည်း လိင်ခံစားမှု ထူးထူးကဲကဲဖြစ်စေမယ့် G-Spot ဆိုတာ ရှိတယ်ဆိုတဲ့အကြောင်းနဲ့ ယောက်ျားလေးတို့မှာ G-Spot က ဘယ်နေရာမှာလဲဆိုတာပါ။ ကဲ စိတ်ဝင်စားရင် ဆက်ရှိုးလိုက်တော့ ဘဒိုတို့ ..
ယောက်ျားလေးတို့ရဲ့ G-Spot က ဘယ်နေရာမှာရှိလဲဆိုတာက စပြောရမယ်ဆို စအိုရဲ့လမ်းကြောင်းမှာရှိပါတယ်။ အတိအကျဆိုရင် ဆီးကျိတ် (Prostate Gland) လို့ အသိများတဲ့ အရာလေးပါ။ ဆီးကျိတ်ရဲ့ အဓိကလုပ်ဆောင်ချက်က ဘာလဲဆို သုတ်လွှတ်တာနဲ့ ဆီးသွားတာကို တစ်ပြိုင်တည်း မဖြစ်စေရအောင် တားပေးတာပါ။ နောက်ထပ်လုပ်ဆောင်တာတစ်ခုက ဆီးကျိတ်ဟာ ယောက်ျားလေးတို့ သုတ်မလွှတ်ခင်ထွက်တတ်တဲ့ သုတ်ရည်ကြည်ကို ထုတ်လုပ်ပေးပါတယ်။ ဆီးကျိတ်ဟာ ယောက်ျားလေးတွေမှာပဲရှိပြီး မိန်းကလေးတွေမှာ မရှိပါဘူး။ ဟုတ်ပြီ .. ဆီးကျိတ်ဟာ စအိုရဲ့လမ်းကြောင်းမှာရှိတယ်ဆိုတာပဲ ပြောရသေးတယ်။ တိတိကျကျပြောပါဆိုရင် စအိုဝကနေ ၃ လက်မခန့်သာသာနေရာမှာရှိပါတယ်။
ဘာအတွက်ကြောင့် ဆီးကျိတ်ကို ယောက်ျားလေးတို့ရဲ့ G-Spot လို့ သတ်မှတ်လဲဆိုရင်တော့ Man to Man လိင်ဆက်ဆံဖူးသူတွေ သိကြပါတယ်တဲ့။ စအိုကနေ ဝင်လာပြီး ဆီးကျိတ်ကို ထိမိတာက လိင်အရသာသိပ်ရှိပါသတဲ့။ လိင်တူဆက်ဆံနေကြသူတွေကတော့ ဒီအရသာကို သိပြီးဖြစ်ကြပါမယ်။ ခေတ်မီပွင့်လင်းတဲ့ အတူနေချစ်သူစုံတွဲတွေနဲ့ အိမ်ထောင်သည် ယောက်ျားလေးတွေအနေနဲ့ အိမ်ရှင်မနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး Fantasy ကျကျ လှုပ်ရှားလို့ရပါတယ်။ လုံးဝ ကိုယ့်ရဲ့ စအိုပေါက်ထဲကို ဘာမှ အဝင်မခံချင်ဘူး၊ အဲ့ဒီ G-Spot ကို ဘယ်လိုအရသာရှိလဲ စမ်းချင်တယ်ဆိုရင်လည်း အပြည့်အဝမဟုတ်တောင် နီးစပ်တဲ့ခံစားမှုရဖို့ နည်းလမ်းက ဒီလိုပါ။ ဝှေးစေ့နဲ့ စအိုကြားထဲက နေရာအလွတ်လေးကို လက်နဲ့ ဖိပွတ်ပြီး အရသာခံတဲ့နည်းပါ။ ဖိအား အလယ်အလတ်လောက်တော့ သုံးပြီး ဖိကြည့်ပါ။ အဲ့နေရာကို ဖိတာရဲ့ ခံစားချက်က ဆီးကျိတ်ကို တိုက်ရိုက်ထိတွေ့တဲ့ ခံစားမှုနဲ့ တူညီပါသတဲ့။ တစ်ယောက်တည်း အာသာဖြေချိန်မှာဖြစ်ဖြစ် မိန်းကလေးနဲ့ ဆက်ဆံချိန်မှာဖြစ်ဖြစ် အဲ့ဒီနေရာကို ဖိပြီး လှုပ်ရှားရင် မဖိဘဲ လှုပ်ရှားတာထက် ပိုပိုပြီး မိုက်တယ်လို့ အခိုင်အမာဆိုကြပါတယ်။ မှာချင်တာက စအိုပေါက်ထဲ လက်နဲ့ဖြစ်စေ၊ အရာတစ်ခုခုနဲ့ဖြစ်စေ ထည့်သွင်းပြီး G-Spot ရဲ့ ခံစားမှုကို သိချင်တဲ့ ညေးတို့ ကွီးတို့အနေနဲ့ လုပ်ဆောင်ဖို့ ကိစ္စရပ်လေးတွေ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့ စအိုနဲ့ လက်ကိုသန့်ရှင်းအောင် ဆေးဖို့ လိုပါမယ်။ တစ်ယောက်တည်းလုပ်တာ မဟုတ်ဘဲ နှစ်ယောက်ဆို ထည့်မယ့်သူရဲ့ လက်က လက်သည်းညှပ်ဖို့ လိုပါမယ်။ စစချင်း လုပ်မယ်ဆို ချောဆီ (gel / lube) မဖြစ်မနေ သုံးရပါမယ်။ ဖြည်းညင်းစွာ ထိုးထည့်ပြီး ဆီးကျိတ်ကို ရှာကာ အသာအယာ ဖိလိုက် သွင်းလိုက် ထုတ်လိုက်လုပ်ရမှာပါ။
နောက်ဆုံးအနေနဲ့ ပြောချင်တာက ကိစ္စရပ်တိုင်းမှာ ကိုယ့်သဘောနဲ့ ကိုယ့်အကြိုက်ကို ဆုံးဖြတ်ခွင့်ရှိပါတယ်။ ကွီးတို့ ညေးတို့အနေနဲ့ ဒါဟာ လိင်ပညာပေးနဲ့ သိထားသင့်တဲ့ကိစ္စတစ်ရပ်ဖြစ်လို့ သိလိုရာမေးက တင်ပြခဲ့တာဖြစ်ပါတယ်။ ကိုယ်ကစိတ်မပါပေမယ့် ကိုယ့်အနားကသူတွေ လုပ်မယ်ဆိုရင်ဖြင့်လည်း အထက်ကတင်ပြထားတဲ့ လိုက်နာသင့်တာလေးတွေကို ပြောပြပေးကြပါ။ အသစ်အဆန်းကို လေ့လာချင်သူတို့လည်း အဆင်ပြေကြပါစေခင်ဗျာ။
Leave a Reply