, , ,

အမျိုးသားသုံးကွန်ဒုံး

Posted by

ယေဘူယျအားဖြင့်

သုတ်ပိုးများကို စုဆောင်းပေးသော၊ အမျိုးသားအင်္ဂါကို ဖုံးကာအုပ်ပေးသည့် ပါးလွှာသော ရော်ဘာစေး (သို့) ပေါ်လီယူရသိန်း ၊
ဈေးပေါခြင်း၊
တပ်ဆင်ရလွယ်ကူတဲ့အပြင် ဖယ်ရှားရန်လည်း လွယ်ကူခြင်း၊
အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊
လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများဖြစ်သော STIsနှင့် ခုခံအားကျဆင်းသည့် HIV ရောဂါများမှလည်း ကာကွယ်ပေးခြင်း၊
သာမာန်အတိုင်း သုံးစွဲပါက ကွန်ဒုံးဟာ (၈၅)ရာခိုင်နှုန်း ထိရောက်မှုရှိပြီး မှန်ကန်စွာ သုံးစွဲပါက (၉၈)ရာခိုင်နှုန်းအထိ ထိရောက်မှုရှိခြင်း၊
တစ်ကြိမ်သာလျှင် အသုံးပြုနိုင်ခြင်း။
(Sources: Family Planning guideline for providers, 2011 update)

 

အမျိုးသားသုံး ကွန်ဒုံးဆိုတာဘာလဲ ?

ဒီအရာဟာ လိင်မဆက်ဆံမီ ယောကျာ်းလေးတွေရဲ့ ထောင်မတ်နေတဲ့ ကျားအင်္ဂါပေါ်မှာ စွပ်ပြီးဝတ်လိုက်ရတဲ့ ပါးလွှာတဲ့ အလွှာအကာလေး ဖြစ်ပါတယ်။ အဲ့ဒါကို ရာဘာစေး၊ သိုးသားရေ (သို့) ပေါ်လီယူရသိန်း/ ဒြပ်ပေါင်းတစ်မျိုးကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရော်ဘာစေးကွန်ဒုံးတွေကိုဘဲ အများဆုံးယေဘူယျ ဝယ်ယူရရှိနိုင်ပါတယ်။ကွန်ဒုံးတွေဟာ အကောင်းဆုံး အကာအကွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ မလိုလားတဲ့ကိုယ်ဝန်တွေကို တားဆီးပေးနိုင်ရုံသာမက လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) နဲ့ HIV ရောဂါကနေလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဆက်သစ်လေးတွေနဲ့ ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။ လူတိုင်းအကြိုက်တွေ့စေဖို့ ကွန်ဒုံးတွေကို အရောင်စုံ၊ အထည်အသားအနေအထားစုံအပြင် အနံ့ပေါင်းစုံနဲ့ ရရှိနိုင်ပါတယ်။

ကွန်ဒုံးတွေကို အိမ်သုံးဆေးဝါးနဲ့ အလှကုန်ပစ္စည်းရောင်းချသူတွေ၊ ကုန်မ ျိုးစုံ အရောင်းဆိုင်(ဆူပါမားကတ်)တွေနဲ့ ပစ္စည်းမျိုးစုံဝယ်ယူုရရှိနိုင်တဲ့ စတိုးဆိုင်တွေ အစရှိတဲ့ နေရာတွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။

ကွန်ဒုံးတွေကို အရံသားဆက်ခြားနည်းအဖြစ် သိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သုတ်ပိုးတွေ သားဥဆီမရောက်အောင် သူတို့ကြားမှာ အကောင်အထည်အတားအဆီးတစ်ခု ဖန်တီးပြီး တားဆီးပေးလို့ဘဲ ဖြစ်ပါတယ်။ ယောနိလမ်းကြောင်း၊ စအို၊ ပါးစပ်တွေနဲ့ လိင်ဆက်ဆံနေချိန်အတွင်း ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် ဒီကွန်ဒုံးတွေဟာ STIs တွေကလည်း တာဆီးကာကွယ်ပေးနိုင်ပါတယ်။ သုံးစွဲရလည်း အင်မတန်လွယ်ကူပါတယ်။ အမျိုးသားသုံးကွန်ဒုံးကို အမျိုးသားတွေရဲ့ ကျားအင်္ဂါမှာ စွပ်ပြီး ဝတ်လိုက်တာနဲ့တစ်ပြိုင်နက် အဲ့ဒီ့ကွန်ဒုံးဟာ ဒီအမျိုးသား ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုးတွေကို သိမ်းထုပ်ပေးတာ ဖြစ်ပါတယ်။

ကွန်ဒုံးမဝတ်မီမှာ အမျိုးသားရဲ့ကျားအင်္ဂါနဲ့ အမျိုးသမီးရဲ့မွေးလမ်းကြောင်း မထိမိဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ သုတ်အပြည့်မလွှတ်မီအချိန်မှာ ကျားအင်္ဂါကနေ သုတ်ပိုးတွေ ထွက်လာနိုင်လို့ပါဘဲ။ ဒီလိုဖြစ်ပွားခဲ့ရင် (သို့) ကွန်ဒုံးသုံးနေစဉ်မှာ သုတ်ပိုးတွေ မွေးလမ်းကြောင်းထဲကို ယိုစိမ့်စီးဝင်သွားရင် အရေးပေါ်သားဆက်ခြားနည်းဆိုင်ရာ အကြံပြုချက်တွေကို ရှာဖွေရပါမယ်။ ဆေးဆိုင်တော်တော်များများမှာလည်း အရေးပေါ်သားဆက်ခြားဆေးတွေကို ရရှိနိုင်ပါတယ်။

ကွန်ဒုံးကို မှန်မှန်ကန်ကန် ဝတ်ဆင်ဖို့ဆိုရင် အောက်မှာဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်နာလုပ်ဆောင်ပါ။

အဆင့် (၁) – ကုန်ဆုံးရက်ကို စစ်ဆေးပါ။ သင်လည်း ကွဲထွက်နေတဲ့ ရက်လွန်ကွန်ဒုံးကို အသုံးပြုချင်မှာ မဟုတ်ပါဘူး။
အဆင့် (၂) – အထုပ်ကို သေချာဂရုတစိုက်နဲ့ ဖွင့်ပါ။ ကွန်ဒုံးကို မပေါက်ပြဲစေချင်ဘူးဆိုရင် ကွန်ဒုံးကိုထုပ်ပိုးထားတဲ့အခွံကို သွား (သို့) ဘယ်လိုချွန်ထက်တဲ့အရာကိုမှ အသုံးပြုပြီး မဖောက်ပါနဲ့။ တခြားရွေးခ ျယ်နိုင်စရာတစ်ခုက ကွန်ဒုံးထဲကို ရေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီအစက်လေးတစ်စက် (သို့) နှစ်စက်လောက် ထည့်လိုက်ပါ။
အဆင့် (၃) – လေဖယ်ထုတ်နိုင်အောင် ကွန်ဒုံးရဲ့ထိပ်စလေးကနေ ကိုင်ထားပါ။ ပြီးတဲ့နောက် ထောင်မတ်နေတဲ့ ကျားအင်္ဂါအခြေကနေ အောက်ကို လှိမ့်စွပ်ချလိုက်ပါ။ လှိမ့်စွပ်မချခင်မှာ ကွန်ဒုံးက အတွင်း၊အပြင်ပြောင်းပြန် ဖြစ်နေလားဆိုတာ သေချာစစ်ဆေးပါ။ တကယ်လို့ ကွန်ဒုံးက အတွင်း၊အပြင်ပြောင်းပြန်ဖြစ်နေတယ်ဆိုရင်တော့ အကောင်းဆုံးက နောက်တစ်ခုယူပြီး ကွန်ဒုံးကို ပြန်စဝတ်ရပါမယ်။
အဆင့် (၄) – ကွန်ဒုံးရဲ့အပြင်ဖက်မှာ ရေကို အခြေံပြီး ထုတ်လုပ်ထားတဲ့ ချောဆီနည်းနည်းလောက် သုတ်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကွန်ဒုံးကွဲထွက်နိုင်ခြေကို လျော့ချနိုင်ရုံသာမက ပိုမိုပြီး သာယာစေနိုင်ပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ အလှဆီလိုမျိုး ဆီတွေကို အခြခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီတွေကို အသုံးမပြုပါနဲ့၊ ကွန်ဒုံးကို ကွဲထွက်စေနိုင်လို့ပါ။
အဆင့် (၅) – သာယာပျော်ရွှင်မှုကိုခံစားလိုက်ပါ။

ကွန်ဒုံးကို အန္တရာယ်ကင်းကင်းနဲ့ ချွတ်ဖို့ရာအတွက် အောက်ပါအဆင့်တွေအတိုင်း လိုက်နာလုပ်ဆောင်ပါ။

အဆင့် (၁) – လိင်ဆက်ဆံပြီးတဲ့နောက် လိင်တံထောင်မတ်နေစဉ်အတွင်း အဲ့ဒီလိင်တံကို ပြန်ဆွဲထုတ်လိုက်ပါ။ ဒီလိုပြန်ဆွဲထုတ်နေချိန်အတွင်းမှာ ကွန်ဒုံးကို လိင်တံရဲ့အခြေကနေ ဆွဲကိုင်ထားပါ။
အဆင့် (၂) – သုတ်ရည်တွေမဖိတ်စင်ကုန်အောင် သတိထားပြီး လိင်တံကနေ ကွန်ဒုံးကို ဆွဲချွတ်ပါ။
အဆင့် (၃) – ယိုစိမ့်ပြီးထွက်မကျအောင် ကွန်ဒုံးကို တစ်ရှူးနဲ့ ထုပ်လိုက်ပါ (သို့) ကွန်ဒုံးထိပ်စကို အထုံးဖြစ်အောင် ချည်ပြီးထုံးလိုက်ပါ။ ပြီးနောက် ကွန်ဒုံးကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပါ၊ အိမ်သာထဲကို လွှင့်မပစ်ပါနဲ့။

(မှတ်ချက် – လိင်ဆက်ဆံပြီးတဲ့နောက် အမျိုးသားရဲ့ လိင်တံဟာ သူ့လိင်ဆက်ဆံဖော်ရဲ့အင်္ဂါဇာတ်တစ်ဝိုက်ကို နောက်ထပ်မထိမိအောင် ဂရုပြုပါ။ အကယ်၍ သင်နောက်တစ်ကြိမ်ထပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် အမြဲတမ်း ကွန်ဒုံးအသစ်ကိုသာ အသုံးပြုပါ)

အယူအဆလွဲအများစု

ကွန်ဒုံးနှစ်ထပ်စွပ်သုံးတာက ပိုမိုကာကွယ်မှုမပေးနိုင်တဲ့အပြင် လိင်ဆက်ဆံနေစဉ် ပွတ်မှုအားဖြစ်ပေါ်စေပြီး ကွန်ဒုံးပေါက်နိုင်ချေပိုများပါတယ်။
ကွန်ဒုံးက အမျိုးသားရဲ့ လိင်စိတ်ကို မကျဆင်းစေပါဘူး။

ဈေးပေါခြင်း၊
လိင်မှတစ်ဆင့်ကူစက်တတ်သောရောဂါများ မှ ကာကွယ်ခြင်း၊
အချိန်ကြာရှည်စွာ လိင်ဆက်ဆံနိုင်ခြင်း၊
သယ်ဆောင်ရလွယ်ကူခြင်း၊
သုံးစွဲရန် လွယ်ကူခြင်း၊
ကျန်းမာရေးဆိုင်ရာအတိုင်ပင်ခံဆီသို့ သွားရောက်ဆွေးနွေးစရာ မလိုခြင်း၊
ဟော်မုန်းမပါဝင်ခြင်း၊
ဈေးမကြီးခြင်း၊
လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ခြင်း။

လူတစ်ချို့က ရော်ဘာစေးနှင့် ဓါတ်မတည့်တတ်ပါဘူး။ ဒီလိုမျိုး ဓါတ်မတည့်ပါက ပေါ်လီယူရသိန်း နှင့် သိုးသားရေကွန်ဒုံးများကို ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ၎င်းတို့ကို မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ဖို့ ခက်ခဲပါတယ်။
တစ်ဒင်္ဂအတွင်း သုံးစွဲရန်သတိရဖို့ ခက်ခဲပါတယ်။
မှန်မှန်ကန်ကန်မသုံးရင် သက်သောင့်သက်သာမဖြစ်တာမျိုး (သို့) ကွဲထွက်တာမျိုး ဖြစ်ပွားတတ်ပါတယ်။ ဒါပေမယ့် ချောဆီအသုံးပြုပေးရန် ဒီလိုအခြေအနေတွေကို လွယ်လွယ်ကူကူဘဲ ရှောင်ရှားနိုင်ပြီးတော့ သင့်အတွက် အလုပ်ဖြစ်တဲ့ကွန်ဒုံးကို အသုံးပြုပါနိုင်ပါတယ်။ ဆိုဒ်မျိုးစုံ၊ အထည်အသားအနေအထားမျိုးစုံနဲ့ အနံ့မျိုးစုံ ရရှိနိုင်တာကိုလည်း ဂရုပြုပါ။
တချို့အမျိုးသားတွေကတော့ ကွန်ဒုံးကြောင့် သူတို့ရဲ့ အာရုံခံစားမှု လျော့ကျသွားတယ်လို့ ညည်းတွားတတ်ကြပါတယ်။

Mojo-Air

Air ကပုံမှန်ကွန်ဒုံးတွေထက် ၂၀ ရာခိုင်နှုန်းပိုပါးတဲ့အတွက် လိင်ဆက်ဆံဖော်နဲ့ ပိုမိုနီးကပ်သလိုခံစားရပါတယ်။ နူးညံတဲ့အထိအတွေ့နှင့်အတူ ခံစားချက်ကိုမြင့်တက်စေပြီး ကာကွယ်မှုအပြည့်အဝပေးနိုင်ပါတယ်။

Mojo-High Motion

High Motion ဟာ ထိတွေ့ခံစားလွယ်တဲ့ အဖျားပိုင်းကို ချောမွေ့လွတ်လပ်စွာလှုပ်ရှားထိတွေ့နိုင်ပြီး လူးလွန့်သွားမဲ့ခံစားမှုတွေ ထပ်တလဲလဲဖြစ်စေရုံမက၊ စိတ်ချလုံခြုံမှုလည်းရှိပါတယ်။ အပိုချောမွေ့ဆီက သင့်ရဲ့ဆက်ဆံမှုကို ပိုပြီးချောမွေ့အောင် စွမ်းဆောင်ပေးပြီး ထိတွေ့မှုကောင်းမွန်အောင် ကူညီပေးမှာဖြစ်ပါတယ်။

Mojo-Ultra Dotted

နှစ်ဆပိုကြီးတဲ့ အဖုတွေနဲ့ Ultra Dotted လိင်ဆက်ဆံဖော်ကို လိုအင်တွေပြီးမြောက်စေချင်တဲ့ သင့်ရဲ့ ဆန္ဒပြင်းပြင်းကိုဖြည့်ဆည်းပေးပါမယ်။

Mojo-Control

ကြာကြာထိန်းထားနိုင်တဲ့ ဂုဏ်နဲ့ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကို အပေးအယူတွေမျှ လိုတာတွေရစေချင်ရင်တော့ ဘန်ဇိုကိန်းပါဝင်တဲ့ Control က အသင့်လျော်ဆုံးပါ။

Kiss-Silky Thin

ပိုပါးလွှာပြီး ပိုမိုချောမွေ့တဲ့ ကွန်ဒုံး ၊ထိတွေ့မှုတိုင်း အာရုံခံစားနိုင်ခြင်း၊ ရာဘာနဲ့ပြုလုပ်ထားတဲ့အတွက် ပျော့ပြောင်းပြီး ပိုမိုကာကွယ်နိုင်ပါတယ်။

Kiss-Duet

Kiss Duet က မြန်မာနိုင်ငံရဲ့ ပထမဆုံး စုံတွဲကွန်ဒုံးဖြစ်ပါတယ်။ Kiss Duet ကွန်ဒုံးကိုရေအခြေပြုချောဆီ အထုပ်လေးများနဲ့တွဲထားပေးတဲ့အတွက်သင့်ကိုချောမွေ့မှုနဲ့ အာရုံခံစားနိုင်မှုကောင်းစွာပေးနိုင်မှာပါ။ ဖြည့်စွက်ပေးထားတဲ့ ချောဆီကြောင့်သင့်နဲ့ သင့်အဖော်ကို လုံခြုံမှုနဲ့သာယာမှုပိုမိုရရှိစေမှာပါ။

Kiss-Kiss Hot Coffee

ရနံ့မွှေးသော ကွန်ဒုံးဖြစ်တဲ့ Hot Coffee က သင်နဲ့ သင့်အဖော်အတွက် အသစ်အဆန်းတစ်မျိုးဖြစ်စေမှာ အမှန်ပါ။ အညိုရောင်ကော်ဖီ ကွန်ဒုံးတွေဟာ အကောင်းဆုံးကာကွယ်မှုနဲ့အတူ ပါးလွှာတဲ့အသား၊ မွှေးပျံ့သော အနံ့တွေကို ခံစားရင်း စိတ်ကျေနပ်သာယာမှုတွေ နိုးထလာအောင် ဖန်တီးထားတာမို့ ရနံ့ကွန်ဒုံးတွေကနေ တစ်ဆင့်သင်နဲ့သင့်အဖော်ကို အကောင်းဆုံးလုံခြုံမှုနဲ့ သာယာမှုတွေ ရယူနိုင်ပါတယ်။

Kiss-Classic

ကမ္ဘာ့အဆင့်မှီအရည်အသွေးနဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့ဈေးနှုန်းအသက်သာဆုံးပန်းရောင်ကွန်ဒုံးကို ကောင်းမွန်လုံခြုံတဲ့အသားနဲ့ ထုတ်လုပ်ထားပြီး ချောမွေ့အောင်စီမံထားမှုက စိတ်ကျေနပ်သာယာမှုကို ရရှိစေမှာပါ။

Kiss-Juicy Mango

ရနံ့မွှေးသော ကွန်ဒုံးဖြစ်တဲ့ Juicy Mango က သင်နဲ့ သင့်အဖော်အတွက် အသစ်အဆန်းတစ်မျိုးဖြစ်စေမှာ အမှန်ပါ။ လိမ္မော်ရောင် သရက်သီးနံ့နဲ့ ကွန်ဒုံးတွေဟာ အကောင်းဆုံးကာကွယ်မှုနဲ့အတူ ပါးလွှာတဲ့အသား၊ မွှေးပျံ့သောအနံ့တွေကို ခံစားရင်း စိတ်ကျေနပ်သာယာမှုတွေ နိုးထလာအောင် ဖန်တီးထားတာမို့ ရနံ့ကွန်ဒုံးတွေကနေ တစ်ဆင့် သင်နဲ့သင့်အဖော်ကို အကောင်းဆုံးလုံခြုံမှုနဲ့ သာယာမှုတွေ ရယူနိုင်ပါတယ်။

Kiss Bubble Gum

ပီကေရနံလေးသင်းပျံ့ပြီး ပါးလွှာတဲ့တဲ့ ကွန်ဒုံး

Leave a Reply

Your email address will not be published. Required fields are marked *