ကျား ဟော်မုန်း လျော့ကျခြင်း လက္ခဏာများ

Posted by

ယောကျာ်းလေးတွေ လူပျိုဖော်ဝင်တဲ့ အချိန်မှာဆိုရင် ဒီတက်စတိုရုန်း ဟော်မုန်းကြောင့် ကျားအင်္ဂါဖွံ့ဖြိုးလာမယ်၊ အသံဩလာမယ်၊ အမွှေးအမျှင်တွေ ပေါက်လာမယ်စတဲ့ ကိုယ်ခန္ဓာ ကြီးထွားဖွံဖြိုးမှုကို ဖြစ်စေပြီးတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလဲ အရိုး အဆစ်နဲ့ ကြွက်သားတွေ ကျန်းမာသန့်စွမ်းစေဖို့ ထောက်ပံ့ပေးပါတယ်။

အများအားဖြင့်တော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်တွင်းမှာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျားဟော်မုန်း ထုတ်လုပ်မှု ပမာဏဟာ တဖြည်းဖြည်း လျော့ကျတတ်တာကြောင့် အသက် ၄၅ နှစ်နဲ့ အထက် အမျိုးသားတွေမှာ ဟော်မုန်းလျော့ကျတဲ့ လက္ခဏာတွေ အတွေ့များတတ်ပါတယ်။ ဒါပေမယ့်လဲ ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ တက်စတိုရုန်း ဟော်မုန်း လျော့ကျရတဲ့ တခြား အကြောင်းအရင်းတွေလဲ ရှိပါသေးတယ်။ ဒါတွေကတော့

(၁) ငယ်ရွယ်စဉ်အခါက လိင်အင်္ဂါ မတော်တဆ ထိခိုက်ခံရဖူးသူများ

(၂) ကင်ဆာရောဂါ ကုသမှု ခံယူနေရခြင်း (သို့) ဓာတ်ရောင်ခြည်ကုသမှု ခံယူနေရသူများ

(၃) အဝလွန်နေသူများ

(၄) သွေးတိုး၊ ဆီးချို ရောဂါခံစားနေရသူများ

(၅) ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသူများ

(၆) စိတ်ကျရောဂါ သက်သာစေရန် ဆေးဝါးမှီဝဲနေရသူများ

(၇) ဆေးလိပ်၊ အရက် အလွန်အကြူး သောက်သုံးလေ့ရှိများ

(၈) စိတ်ဖိစီးမှုတွေကြောင့် သွေးဖိအား မြင့်တက်နေလေ့ရှိသူတွေမှာလဲ ကျားဟော်မုန်းလျော့ကျနေလေ့ရှိပါတယ်။

ကျားဟော်မုန်း လျော့ကျသည့် လက္ခဏာများ

(၁) သုတ်လွှတ်မြန်တာတွေ ဖြစ်လာပြီး လိင်ဆန္ဒ မပြည့်ဝတာတွေ ဖြစ်လာမယ်…

(၂) ဆံပင်အကျွတ်များပြီး ထိတ်ပြောင်လာမယ်…

(၃) အရိုးပျော့ရောဂါ ဖြစ်လာမယ်…

(၄) ကျား လိင်အင်္ဂါ ကျုံသွားနိုင်ပြီး သုတ်ရည် မထွက်တော့တာ အထိ ဖြစ်မယ်…

(၅) စိတ်အပြောင်းအလဲ မြန်မယ်…

(၆) အိပ်မပျော်တဲ့ ရောဂါ ခံစားရမယ် စတဲ့ ရောဂါလက္ခဏာတွေ ကြုံတွေလာရနိုင်ပါတယ်။

ကုသနည်းများ

ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားပြလေ့ မရှိတဲ့ သူတွေကိုတော့ ဆရာဝန်တွေိက အစားအသောက် နဲ့ နေထိုင်မှုပုံစံပြောင်းလဲခိုင်းမျိုးကို ကုသနည်းအဖြစ် ညွှန်ကြားလေ့ရှိပါတယ်။ ဒါပေမယ့် ဆိုးဆိုးရွားရွား လက္ခဏာပြလေ့ရှိသူတွေကိုတော့ Testosterone Replacement Therapy (TRT) လို့ခေါ်တဲ့ တက်စတိုရုန်းဟော်မုန်း အစားထိုးကုသမှု ကို သောက်ဆေး၊ ထိုးဆေး အနေနဲ့ ပေးလေ့ရှိပါတယ်။

ဒီတော့ ဒီလိုမျိုး ကျားဟော်မုန်း လျော့ကျတာမျိုးမဖြစ်အောင် သဘာဝနည်းအနေနဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အစားအသောက်ကို ပြောင်းလဲလို့ရပါတယ်။ အနီရောင်အသားတွေ၊ ဉအမျိုးမျိုး၊ တူနာငါး၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးမယ်၊ အရက်သေစာသောက်စားတာတွေကို တန်သင့်ရုံလောက် သောက်မယ် စတာတွေ လုပ်ပေးမယ်ဆိုရင်တော့ သဘာဝအတိုင်း ကျားဟော်မုန်းကို မြှင့်တင်ပေးရာရောက်မှာ ဖြစ်ပါတယ်။

Reference; urologyhealth.org

Leave a Reply

Your email address will not be published. Required fields are marked *