
ဒီ အီစတိုဂျင် ဟော်မုန်းက မိန်းကလေးတွေ အပျိုဖော်ဝင်လာတဲ့ အချိန်မှာ ရင်သား နဲ့ တင်ပါးတွေ ဖွံ့ဖြိုးလာမယ်၊ ရာသီသွေး ဆင်းတာ နဲ့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားလာမယ် စတဲ့ အချက်တွေကို လုပ်ဆောင်ပေးပါတယ်။
ဒါပေမယ့် တချို့အမျိုးသမီးတွေမှာ အသက်အရွယ်မရွေး လူမျိုးမရွေး ဒီလို မ ဟော်မုန်း လျော့ကျတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခုတခေါက်မှာ သိလိုရာမေးကနေ အီစတိုဂျင် ဟော်မုန်း လျော့ကျရတဲ့ အကြောင်းအရင်းတွေ၊ ခံစားရမယ့် ဝေဒနာတွေ နဲ့ ကုသနည်းတွေကို ပြောပြပေးသွားချင်ပါတယ်။
အီစတိုဂျင် ဟော်မုန်း လျော့ကျရခြင်း အကြောင်းအရင်းများ
(၁) သားဉအိမ် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
(၂) သွိုင်းရွိုက်ဂလင်းများ မူမှန်ခြင်း
(၃) ကိုယ်အလေးချိန် လျော့နည်းခြင်း
(၄) လေ့ကျင့်ခန်း အပြင်းအထန် လုပ်သော အလေ့အထရှိသူ ဖြစ်ခြင်း
(၅) ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုသမှု ခံယူနေရသူ ဖြစ်ခြင်း
အီစတိုဂျင် ဟော်မုန်း လျော့ကျလာရင် ခံစားရမယ့် ဝေဒနာများ
(၁) ရာသီလာချိန်မမှန်ခြင်း
(၂) လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်း
(၃) မောပန်းလွယ်ခြင်း
(၄) အရိုးပျော့ ဝေဒနာ ခံစားရခြင်း
(၅) စိတ်ဓာတ်ကျလွယ်ခြင်း တွေအပြင်
(၆) ဆီးလမ်းကြောင်းနံရံတွေ ပါးလွှာတဲ့အတွက် ဆီးလမ်းကြောင်း ပိုးအလွယ်အကူ ဝင်တဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒီထက်ပိုပြီး ခန္ဓာကိုယ်တွင်းမှာ အီစတိုဂျင်ဟော်မုန်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့မယ်ဆိုရင်တော့ သားမြုံတာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။
ကုသမှု နည်းလမ်းများ…
အမျိုးသမီးတွေမှာ အီစတိုဂျင်ဟော်မုန်းလျော့နည်းတာက သာမန်အတိုင်းအတာဆိုရင်တော့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲပြီး အီစတိုဂျင် ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားသုံးပေးရုံနဲ့ ပုံမှန် ပြန်ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အပေါ်က ပြောထားတဲ့ လက္ခဏာတွေကို အပြင်းအထန်ခံစားရမယ်ဆိုရင်တော့ လူနာကို ဆရာဝန်တွေအနေနဲ့ Hormone Replacement Therapy (HRT) လို့ခေါ်တဲ့ ဟော်မုန်း နှစ်မျိုးပါ ကုထုံးကို ပေးတာပဲ ဖြစ်ဖြစ်၊ အီစတိုဂျင် ဟော်မုန်းကို ထောက်ပံ့ပေးတဲ့ ပဋိဇီဝဆေးတွေကို ပေးပါလိမ့်မယ်။ အမျိုးသမီးတွေမှာ အီစတိုဂျင် ဟော်မုန်း လျော့ကျတာကြောင့် ပြင်းထန်တဲ့ ဝေဒနာခံစားရမယ်ဆိုရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ ဆရာဝန်ဆီကို သွားရောက်ပြသရင်တော့ သင်နဲ့ အကိုက်ညီဆုံး ကုထုံးနဲ့ ကုသပြီး သက်သာပျောက်ကင်းနိုင်ပါတယ်။
Leave a Reply