သင့်အနေနဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ဒါမျိုးကြုံတွေ့တဲ့အခါမှာ နာကျင်ခံစားရပြီး ပထမဆုံးအတွေ့အကြုံဖြစ်နေရင်တော့ ရင်ဆိုင်ကျော်လွှားဖို့ ပိုပြီးခက်ခဲနိုင်ပါတယ်။ ဘယ်လိုပဲ ခံစားနေရပါစေ သာယာတဲ့အချစ်တစ်ခုနဲ့ ပျော်ရွှင်မှုကို ခံစားဖို့အတွက် ထိုက်တန်တယ်ဆိုတာပါပဲ။
သင့်ရဲ့ အဖော်က သင့်ကို လှည့်စားလိမ်ညာနေရင် ဘယ်လိုကျော်လွှားမလဲဆိုတဲ့ အကြံပြုချက်တွေကို ဖတ်ကြည့်ပါ။
သင့်ကိုယ်သင်ရှာဖွေပါ။
မျက်ရည်တွေနဲ့ ဆွံ့အမှုတွေ ဝမ်းနည်းအထီးကျန်မှုတွေ ခံစားနေရပါသလား။ ဒီစိတ်ခံစားချက်တွေက ဒီလိုအခြေအနေမှာ ပုံမှန်ဖြစ်လေ့ရှိတဲ့အရာတွေပါပဲ။ ခံစားချက်တွေအပေါ် မူတည်ပြီး ဘယ်လိုကျော်လွှားရမလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ စိတ်ထဲမှာ ခံစားနေရတာတွေကို စာရွက်ပေါ်မှာ ချရေးထားလိုက်ပါ။ ဒါမှမဟုတ် မကျေနပ်တဲ့ ခံစားချက်တွေကို ဖုန်းနဲ့ အသံသွင်းထားလိုက်ပါ (ကိုယ်ပုံမှန်အနေအထားဖြစ်သွားရင် ဖျက်ပစ်လိုက်ပါ၊ တခြားလူဆီ မပို့ပါနှင့်) ဒီလိုလုပ်ဆောင်တာက နာကျင်မှုတွေကို သက်သာစေမှာတော့ မဟုတ်ပေမယ့် သင့်ခံစားချက်တွေကို ပုံဖော်ဖို့အတွက် အကူအညီတော့ ဖြစ်စေနိုင်ပါတယ်။
စိတ်လက်မာန်ပါ မတုံ့ပြန်မိပါစေနဲ့။
ကိုယ်နဲ့ နှစ်ရှည်လများ လက်တွဲခဲ့တဲ့လူတစ်ယောက်ရဲ့ လိမ်လည်လှည့်စားမှု ခံရတာကို သင်အနေနဲ့ သတိထားမိပြီးဆိုရင် ပထမဦးဆုံး အသက်ကို ဝအောင်ရှုပါ။ အားလုံးကို ခြုံငုံသုံးသပ်နိုင်ဖိ့ုအတွက် အချိန်တစ်ခုယူပါ။ စိတ်ကိုလျှော့ထားပါ။ ဆုံးဖြတ်ချက်ကို မြန်မြန်မချမိပါစေနဲ့။ သင့်ရဲ့ တွေးတောချက်တွေ ပြည့်စုံမှန်ကန်ဖို့ အချိန်ယူ စဉ်းစားပါ။ သင်လှည့်စားခံထားရပြီးဖြစ်တဲ့အတွက် ဒါကို မဖြစ်အောင် နောက်ပြန်ရစ်လို့မရတော့ပါဘူး။ သင့်စိတ်ထဲမှာ မေးခွန်းတွေ အများကြီးရှိနေမှာပြီး ဘဝကြီးက ဒီမှာတင် အဆုံးသတ်သွားပြီလို ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒီနေရာမှာ သင့်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုရှိနေဖို့ အလွန်အရေးကြီးပါတယ်။ သင့်ရဲ့စကားလုံးတွေ သင့်အဖော်ကို မရောက်ခင် သင့်ရဲ့ တွေးတောချက်တွေမှန်ကန်ဖို့ ဘယ်အရာက အရေးကြီးတယ်ဆိုတာ သိပြီးမှ ဖြစ်မှာပါ။ ပြသနာကို ဖြေရှင်းတဲ့နေရာမှာ ဒေါသပါရင် မှားဖိ့ုများတယ်ဆိုတာ သတိရပါ။
လိုအပ်ရင် ကိုယ့်အတွက် နေရာပေးပါ။
စိတ်ခံစားမှုတွေ ပြင်းထန်နေရင် ဆုံးဖြတ်ချက်တွေ မှားဖို့ သေချာပါတယ်။ ဆက်ပြီးလက်တွဲမလား။ ဒီမှာပဲ အဆုံးသတ်မလား။ မေးခွန်းတွေ သင့်ခေါင်းထဲမှာ ပြည့်နေမှာသေချာပါတယ်။ ဒါတွေကို သေချာစီထားလိုက်ပါ။ အလျှင်မလိုပါနှင့်။ သင့်အနေနဲ့ တည်ငြိမ်တဲ့အခြေအနေတစ်ခု ရောက်တဲ့အခါ သင်တို့နှစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို စပြီး ဆွေးနွေးနိုင်ပါပြီ။ သူနဲ့ အတူနေရလို့ ရှောင်ဖို့ခက်ရင် ညဘက်ခွဲအိပ်ပြီး စဉ်းစားပါ။ သူငယ်ချင်းတွေနဲ့ ခဏသွားနေတာဖြစ်ဖြစ် မိသားစုအိမ်ပြန်တာဖြစ်ဖြစ် ခဏရှောင်နေလိုက်ပါ။ ဒီလိုလုပ်တာက သင်မမြင်နိုင်တဲ့ တခြားရှုထောင့်တွေကို ထည့်သွင်းစဉ်းစားဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။
သင့်ပျော်ရွှင်မှုကို သင်ကိုယ်တိုင်ရွေးချယ်သင့်ပါတယ်။
ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဆောင်ကျဉ်းနိုင်တယ်ဆိုတဲ့ အယူအဆက ဒီနေရာမှာ အရေးပါပါတယ်။ သင့်ပျော်ရွှင်မှုအတွက် သင့်မှာသာ တာဝန်ရှိပါတယ်။ သင့်မှန်တယ်လို့ ခံစားရတဲ့အရာကသာ ဆုံးဖြတ်ချက်အမှန်ဖြစ်သင့်ပါတယ်။ စုံတွဲအများစုက လိမ်လည်လှည့်စားခံရတဲ့ အခြေအနေကို ကျော်လွှားကြပါတယ်။ တချို့ကတော့ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဘယ်လို ဆုံးဖြတ်တာက သင့်ကို ပျော်ရွှင်စေမှာလဲ သိဖို့ပဲ လိုပါတယ်။ ဒီလိုဆုံးဖြတ်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို ထည့်သွင်းစဉ်းစားပါ။ ကိုယ်ပျော်မယ့်အရာ ယုံကြည်ချက်ရမယ့်ကို ရွေးချယ်လုပ်ဆောင်ပါ။ ဒီအချိန်တွေကို ရင်ဆိုင်ကျော်လွှားဖို့ဆိုတာ တကယ်ပဲ ခက်ခဲပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုခုချတော့မယ်ဆိုရင် အပေါ်က အချက်တွေကို စဉ်းစားပါ။ ပျော်ရွှင်မှုနဲ့ အချစ်က သင်နဲ့ ထိုက်တန်တယ်ဆိုတာကို မမေ့ပါနှင့်။
Leave a Reply