
အိမ်ထောင်သည်အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အတူနေချစ်သူရည်းစားရှိတဲ့ အမျိုးသမီးလေးပဲ ဖြစ်ဖြစ် ကျွန်မတို့လို ပုံမှန်လိင်ဆက်ဆံမှုရှိနေတဲ့ အမျိုးသမီးတွေအတွက် သားဆက်ခြားရေး ကိစ္စဆိုတာ အရေးကြီးဆုံးကိစ္စတစ်ခုလို့ ပြောလို့ရတာပေါ့ရှင်…
ဒီတော့ အမျိုးသမီးထုကြီးအတွက် ခုချိန် ကိုဗစ်ကာလမှာ အားလုံးလဲ အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ ကျွန်မနဲ့ကိုက်ညီတဲ့ သားဆက်ခြားနည်းလမ်းရွေးချယ်ဖြစ်ခဲ့တာလေးကို ပြန်ပြီးဖောက်သည်ချချင်လို့ရှင်… ကျွန်မရဲ့ အိမ်ထောင်သက်တမ်းက တနှစ်တောင် မပြည့်သေးဘူးပေါ့နော်။ နောက်ပြီး ကျွန်မမှာက ဟော်မုန်းဓာတ်မတည့်တဲ့ ပြဿနာရှိတော့ တော်ရုံတန်ရုံ သားဆက်ခြားသောက်ဆေးတွေ၊ ထိုးဆေးတွေလဲ သုံးလို့မရတဲ့အတွက် ယူပြီး ၃ လလောက်အထိ အတူနေတိုင်း အမျိုးသားက ကွန်ဒုံးပဲ သုံးဖြစ်တာများတယ်။
လနဲ့ချီပြီးကြာလာတော့ အမျိုးသားကလဲ ကွန်ဒုံးချည်းပဲ သုံးနေရတာအဆင်မပြေလောက်တော့ဘူးဆိုပြီး ပြောလာတော့ ကျွန်မတို့လဲ စဉ်းစားရတော့တာပဲ။ အဲ့တာနဲ့ ဆေးရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်နေတဲ့ အစ်မဝမ်းကွဲကို မေးကြည့်တော့ သူက ဆေးရုံက သားဖွားမီးယပ်ဠာနမှာ ဆရာဝန်နဲ့လာတိုင်ပင်ကြည့်လို့ရတယ်လို့ပြောလို့ ဆရာဝန်နဲ့ တိုင်ပင်ဖြစ်တော့တာပေါ့။
ကျွန်မတို့က ကိုယ်ဝန်ကို ၃ နှစ်နဲ့အထက် တားဖို့ စိတ်ကူးရှိတဲ့အပြင် ဟော်မုန်းဓာတ်မတည့်တဲ့ ပြဿနာပါရှိတော့ ဒေါက်တာမမက ကျွန်မကို လေဒီယာရဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း IUD ထည့်ဖို့ အကြံပေးတာပေါ့။ အစကတော့ သားအိမ်တွင်းထည့်ရမယ်ဆိုတော့ ကျွန်မက ကြောက်နေသေးတယ်။ ဒါပေမယ့် ဒေါက်တာက IUD အမျိုးအစားအများကြိီးရှိတဲ့အထဲက ကျွန်မလိုမျိုး ကလေးတခါမှ မမွေးဖူးတဲ့သူ ပြီးတော့ ပိန်သွယ်တဲ့ အမျိုးသမီးတွေအတွက် အဓိကထုတ်လုပ်ထားတဲ့ လေဒီယာရဲ့ Sleek IUD ကို ထည့်ဖို့ပြောတယ်လေ။ သူက ကြေးနီအုပ်ထားတဲ့ ပလတ်စတစ်ချောင်းသေးသေးလေးရယ်…ဒီတော့ သက်သောင့်သက်သာလဲရှိတယ်… နောက်ပြီး အားကစားပြင်းပြင်းထန်ထန်လုပ်ရင်တောင် ထွက်ကျစရာ အကြောင်းမရှိဘူးတဲ့။
ဒီ လေဒီယာရဲ့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း Sleek IUD နဲ့ ပတ်သက်ပြီး ကျွန်မအကြိုက်ဆုံးအချက်ကတော့ ဟော်မုန်းလုံးဝမပါဝင်တာမို့လို့ ထုတ်လိုက်လဲ ကိုယ်ဝန်ယူဖို့ အချိန်ကာလတစ်ခုအထိ စောင့်စရာမလိုဘဲ သားအိမ်ထဲက ထုတ်ပြီးတာနဲ့ ကိုယ်ဝန်ချက်ချင်းတန်းဆောင်နိုင်တယ်တဲ့လေ။ ကိုယ်ဝန်တားနိုင်တဲ့ သူ့သက်တမ်းကတော့ ၅ နှစ်ဆိုပေမယ့် ၅ နှစ်မပြည့်ခင် ကလေးယူချင်ရင် ထုတ်လိုက်လို့လဲ ရတယ်ဆိုတော့ အရမ်းအဆင်ပြေတာပဲ။
ဒါကတော့ ကျွန်မရွေးချယ်ဖြစ်ခဲ့တဲ့ သားဆက်ခြားနည်းလမ်း အတွေ့အကြုံလေးပေါ့ရှင်။ ရှင်တို့ရော? ခုလိုအိမ်တွင်းအောင်း ကိုဗစ်ကာလမှာ ဘယ်လိုနည်းလမ်းသုံးဖြစ်လဲဆိုတာ ဖောက်သည်ချသွားကြပါဦးလား?
Leave a Reply