ဒေါက်တာဒိထံသို့ ပေးစာ

Posted by

ဆရာခင်ဗျာ။
ဆရာကို အကူအညီတစ်ခုတောင်းချင်ပါတယ်ခင်ဗျာ။ နောက်ပြီး ကျေးဇူးတင်ကြောင်းပြောချင်တာလည်း ပါပါတယ်။ ကျွန်တော်သိချင်တာက တခြားသူတွေကို မေးဖို့လည်း အဆင်မပြေ။ မျက်နှာချင်းဆိုင်ပြောဖို့ကလည်း ရှက်ဖို့ ကောင်းတော့ အဆင်မပြေဘူးဖြစ်နေပါတယ်။ ကျွန်တော့နာမည်က စိုင်း ပါ။ အပြည့်အစုံတော့မဟုတ်ပေမယ့် စိုင်းလို့ပဲ ခေါ်နိုင်ပါတယ်။ ကျွန်တော်က ရှမ်းပြည်နယ် နောင်ချိုမှာ နေထိုင်ပြီး အငှားဆိုင်ကယ်မောင်းပြီး အသက်မွေးပါတယ်ခင်ဗျာ။ ကျွန်တော်က အင်္ဂလိပ်စာ အဝေးသင်နဲ့ ဘွဲ့လည်းရထားပါတယ်။ အသက်က ၂၄ ပါ။ မမေးခင်မှာ ဖြစ်ရပ်လေးတစ်ခုကို ပြောပြချင်ပါတယ်။

ကျွန်တော့မှာ ဆိုင်ကယ် ကယ်ရီမောင်းတဲ့အလုပ်အပြင် တခြားတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ အမျိုးသမီးတွေကို ဖျော်ဖြေပေးရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ကျွန်တော့ကို ချိတ်ပေးတဲ့ ညီကို တစ်ယောက်ရှိပါတယ်။ သူနဲ့ မဆိုင်လို့ သူ့ကိုတော့ မပြောတော့ပါဘူး။ အထူးသဖြင့်တော့ အသက်ကြီးတဲ့ အမျိုးသမီးအများစုအများစုကို ဖြည့်ဆည်းပေးရပါတယ်။

တနေ့ ညောင်ရွှေနားက ဘီယာဆိုင်မှာ သူငယ်ချင်းနဲ့ ထိုင်နေတုန်း အဖြူမ ၂ ယောက်နဲ့ ခင်မင်မိပါတယ်။ ကျွန်တော်တို့ကပဲ မိတ်ဆက်ပါတယ်။ အင်္ဂလိပ်စာကတော့ သိပ်အတတ်ကြီးမဟုတ်ပေမယ့် ဘာပဲပြောပြော ၁ နာရီလောက် စကားပြောခဲ့ပါတယ်။ နောက်တော့ သူတို့ကို ဟိုတယ်ပြန်ပို့ပေးဖို့ ပြောလာတော့ လိုက်ပို့ပေးခဲ့ပါတယ်။ သူတို့ကလည်း အပျော်ခရီးထွက်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံကြီး ဘယ်လောက်လှကြောင်းပေါ့။ နောက်ပြီး ထူးဆန်းတာက သူတို့ကပဲ စပြောတာဗျ။ pro call boy ရှိလားဆိုပြီး ကျွန်တော်ထင်တော့ထင်သားပဲ။ နောက်သေချာအောင် ထပ်မေးတော့မှ ကျွန်တော်ထင်တဲ့အတိုင်းဖြစ်နေတာဗျ။ ဒါနဲ့ သူနဲ့နာမည်က Tina တဲ့ဗျ။
ပြောရရင် လူမျိုးခြားတွေနဲ့ အတွေ့အကြုံက ကျွန်တော့အတွက်တော့ ပထမဆုံးပဲဗျ။ ကျွန်တော့အရပ်အမြင့်က ၅ ပေ ၉ လက်မက မြန်မာနိုင်ငံအတွက် မပုပေမယ့် Tina က ၅ ပေ ၁၁ … ၆ ပေနီးပါးကြီးဆိုတော့ တကယ်တမ်းအဆင်မပြေဘူးဗျ။ နောက်ပြီး ကျွန်တော်က အတွေ့အကြုံက အသက်ကြီးတဲ့အမျိုးသမီးတွေဖြစ်တဲ့အတွက် လွယ်လွယ်နဲ့ စွမ်ဆောင်နိုင်ခဲ့တာချည်းဖြစ်ပြီး အခုလိုကျန်းမာရေးလိုက်စာပြီး အတွေ့အကြုံရှိတဲ့ Tina လိုလူမျိုးအပေါ်မှာ တာဝန်မကျေမှာလည်း စိုးရိမ်မိခဲ့ပါတယ်ဆရာ။ တခုကံကောင်းသွားတာက ဆရာဒေါက်တာဒိရဲ့ ပရိတ်သတ်ဆိုတော့ ဆရာတင်ထားတဲ့ ကုန်းဘောင်ခေတ်က နည်းစနစ်တွေရယ် ကြာကြာဆက်ဆံနိုင်တဲ့ နည်းလမ်းတွေကို အွန်လိုင်းကနေ လေ့လာထားတော့ အဆင်ပြေသွားတယ်ဗျ။ ဒါနဲ့ပဲ ဆရာကို ကျေးဇူးတင်ကြောင်းပြောချင်တာပါ။ နောက်တစ်ခုမေးချင်တာကတော့ အမျိုးသားအင်္ဂါအရွယ်အစားနဲ့ ပတ်သက်တာပါ။ အကြီးအသေးပေါ်မူတည်ပြီး အမျိုးသမီးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှုက ကွာခြားလားဆိုတာကို သိချင်တာပါ။ အချိန်ရရင် ပြန်ဖြေပေးပါ ဆရာခင်ဗျာ။ ဆရာလည်းတင်ပါတယ်။ နောက်ပြီး အခုပြောပြတာတွေမှာ ရိုင်းတာရှိရင်လည်း ခွင့်လွှတ်ပေးပါခင်ဗျာ။ ကျွန်တော်လည်း တတ်နိုင်သလောက် ထိန်းပြီးရေးသားထားပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။

ဒေါက်တာဒိမှ အကြောင်းပြန်စာ
မင်္ဂလာပါ ကိုစိုင်း။ Tina အပေါ် ကိုစိုင်း တာဝန်ကျေခဲ့တယ်လို့ ဒေါက်တာဒိ ယုံကြည်ပါတယ်။ ကုန်းဘောင်ခေတ်က နည်းစနစ်တွေက အခုခေတ်ထိ ခေတ်မီနေစဲ လက်ရှိအသုံးပြုနေစဲဆိုတာ ငြင်းလို့မရပါဘူး။ ဒီအကြောင်းတွေကို ပညာပေးအနေနဲ့ ရေးတဲ့သူမရှိ စာအနေနဲ့ကလဲ အပြာစာတွေကလွဲပြီး မရှိတော့တာဖြစ်လို့ ဒါကို ဆရာရေးတဲ့အခါမှာ လူကြိုက်များခဲ့တာကို တွေ့ရပါတယ်။ ဒါနဲ့ပဲ သုတ်လွှတ်စောတာကို ကာကွယ်နိုင်မယ့် ကာမဆက်ဆံနည်းစနစ်များဆိုပြီး နောက်တစ်ခု ဖော်ပြပြီးဖြစ်ပါတယ်။ ဒါလည်း အထိုက်အလျောက် ပေါက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါနဲ့ အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားက ကာမဆက်ဆံတဲ့အခါမှာ အကျိုးသက်ရောက်မှု မရှိဘူးလို့တော့ ဆရာ့အနေနဲ့ မငြင်းလိုပေမယ့် တကယ်တမ်း အရေးပါလှတဲ့ အရာတော့မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံခြားမှာ သုတေသနလုပ်ထားတာတွေအများကြီး ရှိပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ပျမ်းမျှလိင်တံအရွယ်အစားက ပုံမှန်အခြေအနေမှာ ၃ လက်မခွဲနဲ့ ထောင်မတ်နေတဲ့အချိန်မှာ ၅.၁ လက်မ ရှိတယ်လို့ စစ်တမ်းတွေက ဆိုထားတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ဒီမှာ အဒိကပြောချင်တာက လိင်တံသေးတယ်ဆိုတာ ဒီပမာဏထက်သေးတာကို ဆိုလိုတာပါ။ ဒါကြောင့် ကိုယ်မှာရှိတာလေးနဲ့ အသုံးဝင်အောင် လုပ်ဖို့နည်လမ်း သိဖို့ကဓိကပါပဲ။ လိင်ကိစ္စမှာ နာမည်ကောင်းရချင်ရင် အမျိုးသမီးကို ဦးစားပေးပါ။ ဆန္ဒမစောပါနှင့်။ နောက်တစ်ခုပြောချင်တာက လိင်တံကြီးအောင်လုပ်တဲ့နည်းလမ်းတွေက အလုပ်မဖြစ်သလို ဆေးဝါးတွေကလည်း တရားဝင်မဟုတ်လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေကို ဘယ်သူကမှာ တာဝန်ခံမှာမဟုတ်သလို ခံရမှာက ကိုယ်ပါပဲ ဆိုတာ သတိရပါ။

Leave a Reply

Your email address will not be published. Required fields are marked *