အားလပ်ရက်ချိန်ခါ သိလိုရာမေးမှာ လေ့လာပါ…

Posted by

သင်္ကြန်တော့မကျသေးပေမယ့် ဒီနေ့က မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလအတွက် ပထမဆုံးအားလပ်ရက်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အရင်နှစ်တွေတုန်းကလိုမျိုး မဏ္ဍပ်ထိုင်တာတွေ၊ ရေပက်ခံထွက်တာတွေ လုပ်လို့မရတာတော့ အသေအချာပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်နှစ်တွေတုန်းက သင်္ကြန်ရောက်ပြီဆိုတာနဲ့ အပျော်ကြီးပျော်တတ်ကြတဲ့ လူငယ်တွေအဖို့ နှစ်သစ်ကူးကာလကြီးမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လဲ မတွေ့ရ မပျော်ရဘဲ အိမ်တွင်းအောင်းနေရတာ စိတ်ဓာတ်ကျစရာ၊ ပျင်းစရာကြီး ဖြစ်နေကြမှာပါပဲ။

ဒါပေမယ့် ဒီနှစ်မှာ သင်္ကြန်မလည်ရ မကဲရလဲ နောက်နှစ်တွေရှိသေးတဲ့အတွက် ကိုယ်နဲ့ ကိုယ့်မိသားစုကျန်းမာရေးအတွက်ဆိုရင်တော့ ဖြစ်သမျှအကြောင်း အကောင်းမှတ်ပြီး အိမ်တွင်းအောင်းဆိုလဲ အောင်းရမှာပါပဲ။ ဟုတ်ပြီ… ဘာရွေးချယ်မှုမှမရှိ မဖြစ်မနေ အိမ်တွင်းအောင်းနေရပြီဆိုမှတော့ ကိုယ့်အတွက်လဲ အကျိုးရှိ၊ အိမ်မှာနေရင်း အချိန်တွေ အလဟဿကုန်ဆုံးမသွားစေဖို့ ဘာလုပ်ကြမလဲ? အခုတလော လူပြောများတဲ့ Quarantine ချိန်တွေကို အကျိုးရှိရှိကုန်ဆုံးဖို့ နည်းလမ်းတွေကတော့ အိမ်မှာ မိသားစုနဲ့တူတူ ရုပ်ရှင်ကြည့် အချိန်ကုန်ဆုံးမယ်၊ စာအုပ်ဖတ်မယ်၊ အွန်လိုင်းကနေ ကိုယ့်အတွက် အကျိုးရှိစေမယ့် ဘာသာရပ်တွေကို လေ့လာမယ်စသဖြင့် ကြားဖူးကြပါလိမ့်မယ်။

အားလပ်ရက်မှာ အွန်လိုင်းပေါ်ကနေ Knowledge တွေလေ့လာမယ်ဆိုတဲ့ သူတွေအတွက် ခုတစ်ခေါက်မှာတော့ အွန်လိုင်းပေါ်က သိလိုရာမေးအကြောင်း မိတ်ဆက်ပြီး သိလိုရာမေးမှာ ဘာတွေလေ့လာလို့ ရနိုင်မလဲ ဆိုတာနဲ့ ပက်သက်ပြီးပြောပြပေးသွားချင်ပါတယ်။ သိလိုရာမေးဆိုတာကတော့ လိင်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေ၊ သမီးရည်းစားဆက်ဆံရေး နဲ့ ပက်သက်တဲ့ Relationship Advice တွေ၊ မျိုးဆက်ပွားကျန်းမာရေး အပြင် လုံခြုံစိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းတွေအကြောင်းကို အသိပညာပေးဖြန့်ဝေနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။

ဒီထက်ပိုပြီး တိတိကျကျပြောရမယ်ဆိုရင် သိလိုရာမေးကနေ မြန်မာနိုင်ငံမှာ မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမ အချင်းချင်း တော်ရုံနဲ့ ပြောမထွက်တဲ့ လိင်အကြောင်းအရာတွေ၊ လိင်နဲ့ပက်သက်လို့ မှားယွင်းပြီး ယုံကြည်နေကြတဲ့ ယုံတမ်းစကားတွေကို လေ့လာနိုင်မှာဖြစ်ပြီး မျိုးဆက်ပွားကျန်းမာရေးနဲ့ ပက်သက်လို့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ လိင်ကူးစက်ရောဂါတွေ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လိင်ကိစ္စပုံမှန်ရှိနေတဲ့ အိမ်ထောင်သည်တွေနဲ့ အတူနေချစ်သူရည်းစားတွေအတွက် ကိုယ်နဲ့ ကိုက်ညီတဲ့ သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်နိုင်ဖို့အတွက်လဲ သိလိုရာမေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ကိုယ်မှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ လိင်ကိစ္စနဲ့ ပက်သက်လို့ တိတိကျကျမေးမြန်းချင်တယ်ဆိုရင်လဲ သိလိုရာမေး Facebook Page ရဲ့ Chatbox နဲ့ ဒေါက်တာဒိရဲ့ သိလိုရာမေး Viber Community မှာလဲ  ဝင်ရောက်မေးမြန်းနိုင်ပါတယ်။ ဒေါက်တာဒိရဲ့ သိလိုရာမေး Viber Community ကိုတော့ ဒီလင့်ခ် (https://bit.ly/2U03FiT)  ကို နှိပ်ပြီး Join နိုင်ပါတယ်။ ဒီမှာ မိမိရဲ့ မျိုးဆက်ပွားကျန်းမာရေးပြဿနာတွေကို မေးမြန်းမယ်ဆိုရင်တော့ အချိန်နဲ့တပြေးညီ သိလိုရာမေးအဖွဲ့သားတွေက ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

ကဲ သိလိုရာမေးအကြောင်းလဲ သိသွားပြီဆိုတော့ ကိုယ့်မှာ ဘယ်သူ့ကိုမေးရမှန်းမသိဖြစ်နေတဲ့ လိင်နဲ့ ပက်သက်တဲ့ အကြောင်းကိစ္စတွေနဲ့ ပြဿနာတွေ၊ ယောကျာ်းလေးရော မိန်းကလေးပါ သိထားသင့်တဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ သားဆက်ခြားနည်းလမ်းတွေအကြောင်းကို သိလိုရာမေး ဝက်ဘ်ဆိုဒ်နဲ့ သိလိုရာမေး Facebook Page မှာ အခုပဲ ဝင်ရောက်လေ့လာကြည့်ရအောင်လား ခင်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *