
ဝေလင်း – ဟာ လင်းဝေ
လင်းဝေ – အေး ဝေလင်း ဘာလာလုပ်
ဝေလင်း – လက်ဖက်ရည်ပါဆယ်လာဝယ်တာလေ။ ဆိုင်ထိုင်မှ မရတာကိုး။ မင်းရော … ငါ့လိုပဲလား။
လင်းဝေ – အေးပေါ့ကွာ ..
ဝေလင်း – အိုကေ၊ ငါ မင်းနဲ့တွေ့တာ အတော်ပဲ .. ပြန်ရင် တူတူပြန်ရအောင်၊ မေးစရာလေးတွေရှိလို့။
လင်းဝေ – အိုကေပါ ..
(လက်ဖက်ရည်ပါဆယ်များဆွဲလျက် သူငယ်ချင်းနှစ်ယောက်အပြန်လမ်းတွင်) ..
ဝေလင်း – ငါ ကိုဗစ်ပြီးဖို့ လက်ချိုးရေတွက်နေတာကွ
လင်းဝေ – အဲ့ဒါတစ်ကမ္ဘာလုံးပဲလေကွ။ မင်း အဆန်းလုပ်လို့
ဝေလင်း – မသိဘူးကွာ၊ ငါ စော်နဲ့ ဟိုတယ်သွားချင်နေပြီ။ ဒီလို .. ဟိုနေ့ကတွေ့တာ ပြောပြမယ် သူငယ်ချင်း။ ကွန်ဒုံးက အပါးစားတဲ့။ ပါးတော့ လုပ်ရင် ရှယ်မိပြီပေါ့။ ငါ့ကောင်မလေးအိမ်က ကိုဗစ်ကာလ အပြင်ပေးမထွက်ဘူးလေ .. အာ့မို့ ငါကိုဗစ်ပြီးစေချင်တာ။
လင်းဝေ – ဟာဟ .. ဟုတ်ပါပြီကွာ။ ဒါနဲ့ မင်းတွေ့တဲ့ကွန်ဒုံးအပါးဆိုတာက စိတ်ချရရဲ့လား။ ပေါက်ပြဲတာတွေရှိနေမှ ခက်မယ်။
ဝေလင်း – အေး ငါလည်းတွေးမိပါတယ်။ နည်းနည်းတော့ ထိန်းလှုပ်ရှားရမယ်ထင်တယ် ဟီး ..
လင်းဝေ – ဟာ စော်နဲ့ဒချိပါတယ်ဆိုမှ ထိန်းလှုပ်ရှားနေမယ်ဆိုမှ ဘာအရသာရှိမတုန်း။ ပါးပေမယ့် စိတ်ချရမယ့် ကွန်ဒုံးမျိုးစွတ်ပြီး လှုပ်ရှားပေါ့ကွ…
ဝေလင်း – ပါးတာတော့ ဟုတ်ပါပြီ။ စိတ်ချရတာနဲ့ စိတ်မချရတာ ဘယ်လိုခွဲမလဲ?
လင်းဝေ – polyurethane ကွန်ဒုံးတွေက သိပ်ပါးရင် စိတ်မချရဘူး၊ ပေါက်တတ်တယ်။ natural latex ကွန်ဒုံးကို သုံး။ စိတ်ချရတယ် ..
ဝေလင်း – မင်းပြောတဲ့ natural latex ကွန်ဒုံးဆိုတာမှာ အပါးစားရှိလို့လား။
လင်းဝေ – ရှိတာပေါ့ကွ .. Kiss Silky Thin ဆိုတာ … ပါးလည်းပါးတယ်။ ပေါက်ဖို့ ပြဲဖို့လည်း စိတ်မပူရဘူး။
ဝေလင်း – ဟာ တယ်ဟုတ်ပါလား။ ငါရှာနေတာနဲ့ ကွက်တိပဲ ..
လင်းဝေ – ဒီလိုပဲ ဖြစ်နေရမယ်လေ
ဝေလင်း – ဘာတဲ့ .. Kiss ?
လင်းဝေ – Kiss Silky Thin .. Silky Thin ဆိုမှ ပါးလား မပါးလား တွေးကြည့်ပေါ့ကွာ၊ ပြီးတော့ natural latex ကွန်ဒုံးအမျိုးအစားဖြစ်တော့ – polyurethane ကွန်ဒုံးတွေလို သိပ်ပါးတဲ့အခါ ပေါက်ပြဲတဲ့ကိစ္စမျိုးဖြစ်မှာ စိတ်မပူရဘူး။
ဝေလင်း – အကြိုက်ဝုန်းလို့ ရပြီပေါ့။
လင်းဝေ – ဟုတ်တာပေါ့ကွာ … Kiss Silky Thin ကွန်ဒုံးက ပါးပေမယ့် စိတ်ချလက်ချနဲ့ ဝုန်းစမ်းပဲ သူငယ်ချင်း။ ကဲ ငါ့အိမ်နားလည်းရောက်တော့မယ်။ နောက်မှတွေ့မယ် ..
ဝေလင်း – ကျေးဇူးပဲ လင်းဝေရေ .. ကိုဗစ်ပြီးရင် ဝေလင်းတစ်ယောက် Kiss Silky Thin နဲ့ အချစ်လေးကိုခေါ်ပြီး ဝုန်းပြီပဲ .. တာ့တာ သူငယ်ချင်း။
Leave a Reply