,

ဒေါက်တာဒီရှင့် … သားဆက်ခြားနည်းတွေက ဘေးထွက်ဆိုးကျိုးအများကြီးရှိသလိုထင်ရတာကြောင့် သုံးသင့်ရဲ့လားဖြေပေးပါဦးနော်

Posted by

ဘယ်ဆေးဝါးမဆို အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးရှိကြတာပါပဲ။ ဒါပေမဲ့ လူတွေက ဆိုးကျိုးတွေကိုကြားပြီးတဲ့အခါ အဲ့ဒါတွေကိုခေါင်းထဲမှာစွဲနေတတ်ကြပါတယ်။ ဒါကတော့ ကျွန်မတို့ အားလုံးဖြစ်တတ်ကြတဲ့ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဆေးဝါးကုမ္ပဏီတွေက သင်ကြုံတွေ့ရနိုင်ချေရှိတဲ့ ဆေးဝါးတွေရဲ့ တော်တော်လေးဖြစ်တောင့်ဖြစ်ခဲ ဘေးထွက်ဆိုးကျိုးတွေအပါအဝင် ကြောက်စရာ ဘေးထွက်ဆိုးကျိုးတွေအားလုံးကို စာရင်းပြုစုပြီးသားဆိုတာ သတိရပါ။ ဒါကြောင့် သားဆက်ခြားနည်း သုံးဖု့ိ လက်လျော့ပြီးနောက်မဆုတ်လိုက်ခင် အညွှန်းစာထဲမှာတော့ ကြောက်စရာကောင်းတဲ့ပုံစံဖော်ပြ ထားပေမယ့် အန္တရာယ်မရှိတဲ့ ပါရာစီတမောရဲ့ဘေးထွက်ဆိုးကျိုးလိုမျိုး သာမာန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အရင်စဉ်းစားချင့်ချိန်ကြည့်ပါ။ သင်ကလေးယူဖို့အဆင်သင့်မဖြစ်သေးဘူး ဆိုရင်တော့သားဆက်ခြားနည်းတွေကတကယ်ကိုသုံးသင့်ပါတယ်။ကျွန်မတို့သိထားတဲ့ ဘေးထွက်ဆိုးကျိုးထက် ကိုယ်ဝန်ဆောင်တဲ့အခါ ပိုနိုင်တယ်ဆိုတာ ယုံပါ။ လူတိုင်းအတွက် သားဆက်ခြားနည်းတွေ အများကြီး ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *