အဖြူဆင်းတယ် ဆိုတာ အမျိုးသမီး အများစု ကြုံတွေ့ ရတဲ့ ပြဿနာလေးဖြစ်လို့ပါပဲ။ တကယ်တော့ အဖြူဆင်းတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခု ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် မူမမှန် လက္ခဏာ တစ်ရပ်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အမျိုးသမီးရဲ့အင်္ဂါ (Vagina) ဟာ ခန္ဓာကိုယ်တွင်းက မျိုးပွားအင်္ဂါ အစုအဖွဲ့ နဲ့ ခန္ဓာကိုယ်ပြင်ပကြားမှာ လမ်း ကြောင်း တစ်ခုအ ဖြစ် တည်ရှိပါတယ်။ ပြင်ပက ပိုးမွှား တွေအတွက် ဝင်ပေါက်တံခါးတစ်ခု သဖွယ်လည်း ဖြစ်တဲ့အတွက်သန့်ရှင်းရေး လုပ်တဲ့ အနေနဲ့ သော် လည်းကောင်း၊ ပုံမှန်အခြေအနေလေး တစ်ခု ဖန်တီး ပေးထား တဲ့အနေနဲ့ သော် လည်းကောင်း Vaginal Discharge မိန်းမကိုယ်အရည်လေးတွေ ထုတ်ပေး ပါတယ်။
ဒီလိုအရည်လေးတွေ ထုတ်ပေးခြင်းဟာ ပုံမှန်အခြေအနေပါ ပဲ။ မအင်္ဂါရဲ့ pH ဟာ အက်စစ်pH (pH.5ဝန်းကျင်ခန့်) မှာ ရှိနေအောင် သူ့ကိုယ်သူ အမြဲပြုပြင်ပေးနေပါတယ်။ ဒီလို အက်စစ် pH ဖြစ်အောင် လုပ်ပေး နေခြင်းဟာ ပြင်ပက ရောဂါပိုးမွှားတွေ က အက်စစ် pH ဆိုရင် မကြိုက်တဲ့ အတွက် လာရောက်ပေါက်ပွားမှု မရှိအောင် ကာကွယ်ပေးထားတဲ့ သဘောပါပဲ။ အကြောင်း တစ်ခုခု ကြောင့် အဲဒီ pH အပြောင်းအလဲဖြစ် သွားရင် မအင်္ဂါထဲမှာ ရောဂါပိုးမွှား အချို့ပေါက်ပွားလာပြီး မူမမှန်တဲ့ အဖြူဆင်းခြင်းများ ဖြစ်လာနိုင်ပါတယ်။
မအင်္ဂါရဲ့ အက်စစ် pH ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အကြောင်းတွေထဲမှာ ဓမ္မတာစက်ဝန်း၊ စိတ်ဖိစီးမှု၊ အာဟာရအခြေအနေများ၊ ကိုယ်ဝန်ရှိခြင်း၊ အချို့ဆေးဝါးများ စသည်တို့ ပါဝင်ပါတယ်။ အမျိုးသမီး အများစုဟာ အဖြူဆင်းတာ ရောဂါ ကြောင့်မဟုတ်ဘဲ လုံးဝပုံမှန်ဖြစ်ပါ တယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ အဖြူ ဆင်းတာကလည်း မူမှန်ပါပဲ။
ဓမ္မတာ စက်ဝန်းရဲ့အလယ် သားဥ ကြွေတဲ့အချိန် မအင်္ဂါမှာ စိုစွတ်နေ ခြင်းနဲ့ အရည်ကြည်ဆင်းခြင်းဟာ လည်း ပုံမှန်ပဲဖြစ်ပါတယ်။ တကယ်လို့ ဆင်းတဲ့အဖြူဟာ မူမမှန်ဘဲနဲ့ပုံသဏ္ဌာန်၊ အရောင်ရှိပြီး အဖြူဆင်းတဲ့အခါ မအင်္ဂါ တစ်ဝိုက်မှာ ယားယံခြင်း၊ နာကျင်ခြင်း မကောင်းတဲ့အနံ့ထွက်ခြင်းစတာတွေ ခံစာရရင်တော့ ပိုးဝင်တဲ့ လက္ခဏာဖြစ်လို့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ နောက်ပြီး လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးမွှား များကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီပိုးမွှားတွေဟာ သားအိမ်၊ မျိုးဉအိမ်နဲ့ မျိုးဉလမ်း ကြောင်းတို့ဆီ ပျံ့နှံ့ရောက်ရှိသွား တာမျိုး ရှိတတ်ပါတယ်။ ရှားရှားပါးပါး ဆိုပေမယ့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ရင်လည်း အညိုရောင် ဒါမှမဟုတ် သွေးစွန်းထင်းနေတဲ့ အဖြူရည်များ ဆင်းတတ်ပါသေးတယ်။ အဲဒါမျိုးတွေ ဆိုရင်တော့ အ္တရာယ်ရှိတဲ့ အဖြူဆင်းတာမျိုးဖြစ်တဲ့အတွက် တတ်ကျွမ်းတဲ့ ဆရာဝန်တွေ နဲ့ပြသပြီး ကုသမှု့ခံယူသင့်ပါတယ်…
Leave a Reply