မှန်ကန်တဲ့ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချတာက အန္တရယ်ရှိလား

Posted by

ဆေးဝါးတွေ အသုံးပြုပြီး ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်လို့ အရင်ဆုံး သင်သိထားသင့်တာက ဘေးကင်းရဲ့ လားဆိုတာပါ။ ဒါနဲ့ ပတ်သက်လို့ ပိတ်ပင်တားမြစ်ချက်တွေ နားလည်မှု အလွဲတွေ အများကြီး ရှိနေပါတယ်။ ဘယ်ဟာက အချက်အလက်လဲ။ ဘယ်ဟာတွေက ယုံတမ်းတွေလည်း။ တားမြစ်ချက်တွေကြားထဲကနေ မှန်ကန်တဲ့ သတင်းအချက်အလက်ကို ဘယ်လိုရယူနိုင်မလဲ။

အခု ပထမဆုံးအနေနဲ့ အန္တရယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှု (Unsafe Abortion) ဖြစ်ပွားမှုနှုန်းကို တကမ္ဘာလုံးအတိုင်း အတာနဲ့ ဘယ်လောက် ဖြစ်နေလဲ ကြည့်ရအောင်ပါ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ကတော့ ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်လို့ အန္တရယ်ကင်းတဲ့အတိုင်းအတာကို အဆင့် ၃ ဆင့်ခွဲခြားထားတာကို တွေ့ရပါတယ်။ (ကြည့်ရန်နှိပ်ပါ)

(၁) အန္တရယ်ကင်းတဲ့ ကိုယ်ဝန်ဖျက်ချခြင်း (Safe Abortion)

အန္တရယ်ကင်းစွာနဲ့ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ WHO က စံချိန်စံညွှန်းတွေကို လိုက်နာပြီး သေချာလေ့ကျင့်ပေးထားတဲ့ ကျန်းမာရေးစောက်ရှောက်ပေးတဲ့ ဝန်ထမ်းတွေကနေ WHO လုပ်ဆောင်ပေးတာကို ခေါ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာဖြင့် ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်း ၅၅ ရာခိုင်နှုန်းသော ကိုယ်ဝန်ဖျက်ချခြင်းတွေက ဘေးကင်းလုံ့ခြုံတယ်လို့ WHO ၏ထုတ်ပြန်ချက်များအရ သိရပါတယ်။

(၂) အနည်းငယ်ဘေးကင်းတဲ့အဆင့်ဖြင့် ကိုယ်ဝန်ဖျက်ချခြင်း (Less Safe Abortion)

အနည်းငယ်ဘေးကင်းတဲ့ အဆင့်သတ်မှတ်ချက်မှာတော့ သေချာလေ့ကျင့်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်သူကနေ Abortion ပြုလုပ်ပေးတာဖြစ်သော်လည်း နည်းလမ်းအဟောင်း ဒါမှမဟုတ် ဘေးကင်းတဲ့နည်းလမ်းမဟုတ်တာမျိုးအပါအဝင် ဘေးကင်းပြီး WHO သတ်မှတ်ချက်များကို လိုက်နာသော်လည်းပဲ သေချာလေ့ကျင့်ထားသော ကျန်းမာရေးဝန်ထမ်းမဟုတ်သူမှ Abortion လုပ်ပေးခြင်းဟူ၍ အကြမ်းဖျင်း နှစ်မျိုး ပါဝင်သည်။ တကမ္ဘာလုံးအတိုင်းအတာဖြင့် ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်း ၃၁ ရာခိုင်နှုန်းသော ကိုယ်ဝန်ဖျက်ချခြင်းတွေက အနည်းငယ်ဘေးကင်းတဲ့ အဆင့် (Less Safe Abortion)ဘေးကင်းလုံ့ခြုံတယ်လို့ ယင်းအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

(၃) ဘေးကင်းမှုအနည်းဆုံး ကိုယ်ဝန်ဖျက်ချခြင်း (Least Safe Abortion)

ဘေးကင်းမှု သတ်မှတ်ချက်အနိမ့်ဆုံးအဆင့် တနည်းအားဖြင့် အန္တရယ်များတဲ့ ကိုယ်ဝန်ဖျက်ချခြင်းမှာတော့ သေချာလေ့ကျင့်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်သူမဟုတ်တဲ့သူကနေ အန္တရယ်ရှိတဲ့နည်းလမ်းများ ဥပမာ အရာဝတ္ထုပစ္စည်းများဖြင့် သားအိမ်၊ မိန်းမကိုယ်ထဲ ထိုးသွင်းခြင်း၊ စံချိန်စံညွှန်များ မရှိသော မိရိုးဖလားနည်းလမ်းများအသုံးပြုခြင်း တို့ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ WHO ရဲ့ ထုတ်ပြန်ချက်များအရတော့ ၂၀၁၀ ကနေ ၂၀၁၄ အတွင်း အန္တရယ်များတဲ့ ကိုယ်ဝန်ဖျက်ချမှုနှုန်းက ၁၄ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

ကိုယ်ဝန်ဖျက်ချနိုင်သည့် ဆေးကို အိမ်တွင်းအသုံးပြုခြင်း

ဒီခေါင်းစဉ်ကို မစခင်မှာ လတ်တလော ပြုလုပ်ထားတဲ့ သုတေသနတွေကို ကိုးကားချက်များအရ သောက်ဆေးသောက်ပြီး ကိုယ်ဝန်ဖျက်ချတာ (Medical Abortion) က အပေါ်မှ ဖော်ပြခဲ့သလို ကျန်းမာရေးစောင့်ရှောက်သူကတဆင့် လုပ်ပေးတဲ့ (Surgical Abortion) နဲ့ ဘေးကင်းမှု အဆင့် တူညီတယ်ဆိုတာပါ။ ဆေးဝါးသောက်သုံးပြီး ဖျက်ချတာက ကိုယ်ဝန်ရဲ့ အစောပိုင်းကာလတွေအတွက် အသင့်တော် ဆုံးဖြစ်ပါတယ်။

ကိုယ်ဝန်ဖယ်ရှားရာမှာ အသုံးပြုနိုင်တဲ့ဆေးဝါးများဖြစ်ကြတဲ့ mifepristone နဲ့ misoprostol ဆေးဝါးများကို ကိုယ်ဝန်ရဲ့ ပထမ ၁၀ ပတ်အတွင်း အတူတကွ အသုံးပြုမယ်ဆို ထိရောက်မှု ရာခိုင်နှုန်း ၉၅ ကနေ ၉၈ အထိ ရှိပါတယ်။ အကယ်၍ misoprostol  တမျိုးတည်းသာသုံးပါက ၈၅ ရာခိုင်နှုန်း ထိရောက်မှု ရှိနိုင်ပါတယ်။ ကိုယ်ဝန်ရဲ့ အစောပိုင်းကာလတွေ မှာ အသုံးပြုရင် ပိုမိုထိရောက်ပါတယ်။

မည်သို့ပင်ဖြစ်စေ ထိရောက်စွာ အသုံးပြုဖို့ဆိုတာ မှန်ကန်တဲ့နည်းလမ်းတွေ လိုအပ်ပါတယ်။ ကိုယ်ဝန်ရဲ့ ပထမ ၁၀ ပတ်အတွင်း အသုံးပြုနိုင်တဲ့ mifepristone နဲ့ misoprostol ဆေးဝါးများ အသုံးပြုနည်းကို သိလိုလျှင် ယခုလင့်ခ်မှာ ဝင်ဖတ်ပါ။ (နှိပ်ပါ)

ဘေးကင်းတဲ့ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ကို တစ်ယောက်ယောက် မေးလာခဲ့ရင် ယခုလင်ခ့်များကို ဆက်သွယ်ညွှန်းဆိုနိုင်ပါတယ်။ [email protected] 

Website – https://www.howtouseabortionpill.org/

Ref: https://www.howtouseabortionpill.org/blog/safe-pregnancy-termination-with-pills/

သားပျက်သားလျောကုသနိုင်သည့် အသက်ကယ်ဆေးဝါး

Leave a Reply

Your email address will not be published. Required fields are marked *