အမျိုးသားတွေအနေနဲ့ မိမိတို့ရဲ့ ယောကျာ်းပီသမှုအတွက် လိင်တံအရွယ်အစားကို အဓိကနေရာမှာ ထားတတ်ကြပါတယ်။ နောက်ပြီး လိင်တံအရွယ်အစားက လိင်မှုဘဝတွေမှာ အရေးပါတယ်လို့လည်း သတ်မှတ်ထားတတ်ကြပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာဆိုရင် လိင်တံကြီးတာက ယောကျာ်းပီသခြင်း၊ အားကောင်းမောင်းသန်ဖြစ်ခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကောင်းခြင်းနှင့် ပိုမိုမျိုးအောင်နိုင်ခြင်း စတဲ့ ယုံကြည်မှုတွေ ရှိတတ်ကြပါတယ်။ နောက်ပြီး လိင်တံက လူမျိုးဘာသာ၊ အရပ်အနိမ့်အမြင့်ပေါ်မူတည်ပြီး ကွဲပြားတယ်ဆိုတာ မမှန်ကန်ပါဘူး။ အမျိုးသားအများစုက ပုံမှန်အရွယ်အစားရှိပင်မယ့် သာမန်ထက်သေးငယ်နေတယ်အထင်နဲ့ စိုးရိမ်နေတတ်ကြပါတယ်။ အခုဆောင်ပါးမှာတော့ အမျိုးသားတွေအတွက် လိင်တံအရွယ်အစားက ဘယ်လောက်အရေးကြီးသလဲ နောက်ပြီး လိင်တံကြီးအောင်ပြုလုပ်တဲ့ နည်းလမ်းတွေရဲ့ အဆိုးအကောင်းကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
ပုံမှန်ဆိုတာ ဘယ်လိုလဲ။
ပထမဦးဆုံးအနေနဲ့ ပုံမှန်အရွယ်အစားရဲ့ အတိုင်းအထွာက ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ လိင်တံအရွယ်အစားအတွက် အတိုင်းအတာတွေ အများကြီး ရှိနိုင်ပင်မယ့် ပျှမ်းမျှအားဖြင့် ထောင်မတ်နေစဉ် အရှည် ၅ လက်မနဲ့ လုံးပတ် ၄ လက်မ ခန့် ရှိနိုင်ပါတယ်။ တိုင်းတာမှုတွေ အမျိုးမျိုးရှိနိုင်ပြီး အခုအတိုင်းအတာက အရင်းကနေ အဖြားထိ တိုင်းတာချက်ပါ။ တချို့က ထောင်မတ်နေတဲ့သဏ္ဍန်ရှိပြီး တချို့က ကွေးတဲ့သဏ္ဍန်ရှိနိုင်ပါတယ်။ တချို့က ဘယ်ဘက်ကို တိမ်းစောင်းနေတတ်ပြီး တချို့ကတော့ ညာဘက်ပါ။ ဘယ်အနေအထားမှ အမှန်မရှိတဲ့အတွက် ဘယ်လိုပဲ ရှိနေပါစေ ပုံမှန်ပါပဲ။ အကယ်၍ လိင်တံရဲ့ အရွယ်အစားနဲ့ အချိုးအဆစ်က သင့်ရဲ့ လိင်မှုဘဝကို အနှောက်အယှက်ဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သင်က လိင်တံကြီးအောင်လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒါတွေကို သိဖို့လိုပါတယ်။
မြန်မာနိုင်ငံမှာတော့ လိင်တံအရွယ်အစားကြီးမားအောင် နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်နေကြပင်မယ့် အများစုက အလုပ်မဖြစ်တဲ့အပြင် ငွေကုန်တာပဲ အဖတ်တင်ပါတယ်။ တချို့နည်းလမ်းတွေကတော့ ထိရောက်မှုနည်းပြီး ဘေးထွက်ဆိုးကျိုးကသာများပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်း ကြည့်ရအေင်ပါ။
အများအားဖြင့်သောက်ဆေးတွေမှာ ဗီတာမင်တွေ မင်နရယ်တွေကို သဘာဝအတိုင်းဖော်စပ်ထားတယ်လို့ဆိုပြီး လိင်တံအရွယ်ကြီးစေဖို့ ထုတ်လုပ်ထားတယ်ဆိုပြီး ဈေးကွက်မှာရှိပါတယ်။ ဒါပင်မယ့် ဆရာဝန်ထောက်ခံချက်မရှိခြင်း FDA မရှိခြင်းတွေကြောင့် ယုံကြည်လို့မရတဲ့ဆေးတွေပါပဲ။ တချို့တိုင်းရင်းလိမ်းဆေးတွေကလည်း လိင်တံကြီးမားစေဖို့အတွက် အကျိုးသက်ရောက်မှု ထင်ထင်ရှားရှား မရှိတာကို တွေ့ရပါတယ်။ တချို့အွန်လိုင်းဈေးဆိုင်တွေမှာ ဝယ်ယူနိုင်တဲ့ လိင်တံကြီးစေတဲ့ လေဟာနယ်ပန့်တွေအသုံးပြုခြင်းဖြင့် လိင်တံရဲ့ အရေပြားတွေ ပြဲစေနိုင်ပြီး ထောင်မတ်စေဖို့ အနှောင်အယှက်တောင် ဖြစ်စေနိုင်ပါတယ်။
ဒါဆို ဘာအရေးကြီးသလဲ။
လိင်ဆက်ဆံတယ်ဆိုတာ နှစ်ယောက်စလုံးပျော်ရွှင်ပြီးမြောက်ဖို့ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် ၃၀ ရာခိုင်နှုန်းကသာ ထိုးသွင်းဆက်ဆံမှုနဲ့ ပြီးမြောက်မှုကို ခံစားနိုင်ပါတယ်။ အဓိကက ကနဦးနှိုးဆွမှုကို သူမအတွက် အချိန်ယူလုပ်ဆောင်ပေးဖို့နဲ့ သက်သောင့်သက်သာရှိစေတဲ့ အနေအထားကို ရွေးချယ်တတ်ဖို့ပါပဲ။ မိမိလိင်တံက ကြီးလွန်းနေတဲ့အခါမှာ အမျိုးသမီးတွေအတွက် နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။
သင်လုပ်နိုင်တဲ့အရာများ
အကယ်၍ မိမိခန္ဓာကိုယ်အချိုးအစားနဲ့ လိင်တံအရွယ်အစားကြောင့် စိတ်ညစ်နေခဲ့ပါက –
အမွှေးအမြင်တွေရိတ်ပါ – ဒါက သင့်လိင်တံကို ပိုကြီးတယ်လို့ ထင်စေပါတယ်။
ကိုယ်အလေးချိန်လျှော့ပါ – ဘီယာဗိုက်ကြီးနဲ့ယှဉ်ရင်တော့ လိင်တံလေးက သေးကောင်းသေးနေပါလိမ့်မယ်။
ကျန်းမာအောင်နေပါ – ပုံမှန်လေ့ကျင့်ခန်းလုပ်တာ ၊ အားကစားတစ်ခုခုလုပ်တာက သင့်ကို ပိုမိုကျန်းမာစေပြီး ယုံကြည်မှုတိုးစေပါတယ်။
Ref : http://www.healthline.com/health/mens-health/average-penis-size#outlook5
Ref: http://www.nhs.uk/Livewell/penis-health/Pages/penis-enlargement.aspx
http://www.webmd.com/men/guide/penis-enlargement-does-it-work#2
Leave a Reply