ယေဘူယျအားဖြင့်
- လက်မောင်းတွင်းထိုးသွင်းရသော သေးငယ်တဲ့ ပလတ်စတစ်ပစ္စည်း
- ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ခြင်း
- နှစ်ဖက်အပြန်အလှန်အသုံးပြုနိုင်ခြင်း
- ၉၉ % ထိရောက်မှုရှိခြင်းလိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို တော့မကာကွယ်နိုင်ပါဘူး။ ရောဂါကူးစက်နိုင်မှု လျှော့ချနိုင်ဖို့ နောက်ထပ်အကာအကွယ် နည်းလမ်း တစ်ခုအနေ နဲ့ကွန်ဒုံး ကိုအသုံးပြုပါ။
- တစ်ခါအသုံးပြီးပါက ၃ နှစ်ကနေ ၅ နှစ်အထိ ထိရောက်ပါတယ်။ ဖယ်ရှားလိုက်တဲ့အခါအများဆုံး သုံးပတ်အတွင်းအမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ပြန်ဆောင်နိုင်ပါတယ်။
လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်း (Implant) ဆိုတာဘာလဲ?
လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်းဆိုတာ ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ ပစ္စည်းအမျိုးအစား ပေါ်မူတည်ပြီး သေးငယ်တဲ့ ပလတ်စတစ်ချောင်းလေး အရေပြားအောက် လက်မောင်း အထက်ပိုင်းကိုထိုးသွင်းပေးရပါမယ်။ခန္ဓာကိုယ်ထဲရှိ ဟောမုန်းများကို ဖြည်းညင်းစွာထုတ်လွှတ်ပေးပြီး ကိုယ်ဝန်ဆောင်နိုင်မှုကို ၃ နှစ်ကနေ ၅ နှစ်အထိ ကာကွယ်ပေးပါတယ်။ လက်မောင်းထဲထိုးသွင်းခြင်းဟာ မမြင်ရပေမယ့် ထိုးသွင်းတဲ့နေရာကို ဖိလိုက်မယ်ဆိုရင်တော့ မိမိရဲ့လျှို့ဝှက်ချက် အနေနဲ့ခံစားရမှာပါ။ သင်ဟာစိတ်ပူူပန်မှုကင်းပြီး စိတ်ချရတဲ့သားဆက်ခြားနည်းကို ရှာနေတယ်ဆိုရင်တော့ လက်မောင်းထဲ ထိုးသွင်းတဲ့နည်းလမ်းဟာ ကောင်းမွန်တဲ့ရွေးချယ်မှု တစ်ခုပါပဲ။ ထိုးသွင်းပြီး မဖယ်ထုတ်ခင် အချိန်ထိ ဒါမှမဟုတ် ပြန်လည်အသုံးပြုတဲ့အချိန်ထိ ဘယ်ဘေးဥပါဒ် အန္တရာယ်မှ မဖြစ်စေနိုင်ပါဘူး။ လက်မောင်းထဲထိုးသွင်းခြင်းဟာ အသက် ၃၅ နှစ်အထက်အမ ျိုးသမီး တွေအတွက် ဘေးကင်းစိတ်ချရတဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပြီး မိမိရဲ့ ဓမ္မတာရပ်ဆိုင်းသွားပြီး မီးယပ်သွေးဆုံးချိန်ရောက်တဲ့ တိုင်အောင် အသုံးပြုနိုင်ပါတယ်။
လုပ်ဆောင်ချက်
လက်မောင်းတွင်းထိုးသွင်းလိုက်တဲ့အခါ ဟော်မုန်းတွေဟာ မမျိုးအိမ်က သားဥတွေထုတ်လွှတ်ခြင်းကို ရပ်ဆိုင်းစေခြင်းကနေ ကိုယ်ဝန်ဆောင်ခြင်းကို တားဆီးပေးပါတယ်။သားအိမ်အဝက အကျိအချွဲတွေထူထဲလာုပြီး တားဆီးပေးပြီး သားဥထဲကို သုတ်ရည်တွေမဝင်ရောက်နိုင်အောင် တားဆီးကာကွယ်ပေးပါတယ်။
အသုံးပြုပုံ
ကျန်းမာရေးဝန်ထမ်း ဒါမှမဟုတ် ဆရာဝန်ဟာ ထိုးသွင်းမယ့်နေရာဝန်းကျင်ကိုထုံနေစေဖို့ ထုံဆေး ထိုးပေး ပါလိမ့်မယ်။အဲ့ဒီ နောက် အပ်ပုံစံမျိုး ထိုးသွင်းမယ့် ပစ္စည်းလေးကို လက်မောင်းအပေါ်ဘက် အရေပြားနဲ့ကြွက်သားကြားမှာ ထိုးသွင်းစိုက်ထားရပါမယ်။ ရာသီစလာတဲ့ရက်ကနေ ၇ ရက်အတွင်း ထည့်သွင်းခဲ့ရင်တော့ ချက်ခြင်းအာနိသင်ရှိတဲ့အတွက် ကိုယ်ဝန်ကို ချက်ခြင်းတားဆီးပေးနိုင်ပါတယ်။ သို့ပေမယ့် ရာသီပထမဦးဆုံးစလာတဲ့ရက်ကနေ ၇ ရက်ကျော်မှ ထည့်သွင်းခဲ့တယ်ဆိုရင်တော့ ထည့်သွင်းပြီး နောက်ထပ် ၇ ရက်နေမှ အာနိသင်ရှိတဲ့အတွက် ဒီရက်တွေမှာ အတူနေမယ်ဆိုရင်တော့ ကွန်ဒုံးသုံးဖို့ လိုပါလိမ့်မယ်။ တစ်ခါထိုးသွင်းပြီးရင် ၃ နှစ်ကနေ ၅ နှစ်လောက် ကိုယ်ဝန်ဆောင်တာကိုတားဆီးပေးမှာဖြစ်တဲ့အတွက် စိတ်ပူစရာမရှိပါဘူး။ သက်တမ်းကုန်ဆုံးရက် ရောက်လာရင်တော့ ဆရာဝန်ဆီသွားကာ သေးငယ်တဲ့အစင်းရာလေး ပြုလုပ်ပြီး ဖယ်ရှားလိုက်ပါ။ ပြီးတော့ မိမိရွေးချယ်တဲ့ ပစ္စည်းအမျိုးအစားကို နောက်တစ်ခါ ပြန်လည်ထည့်ထားနိုင်ပါတယ်။
အယူအဆလွဲအများစု
လက်မောင်ထဲထည့်တဲ့ပစ္စည်းလေးက သေးငယ်တဲ့ ဟိုမုန်းပါပလက်စတစ်ချောင်းလေးဖြစ်ပါတယ်။ ပလက်စတစ်ပိုက် (သို့) အပ်ချောင်း မဟုတ်ပါ။
လစဉ်ဓမ္မတာသွေးမဆင်းတာက ခန္ဓာကိုယ်အတွက် အန္တရယ်မဖြစ်စေသလို ခန္ဓာကိုယ်ထဲမှာလည်း သွေးတွေ အောင်းမနေနိုင်ပါဘူး။
ထည့်သွင်းတဲ့ ပလက်စတစ်ချောင်းလေးက အရေးပြားအောက်မှာ နေရာရွေ့သွားခြင်း၊ ပျောက်သွားခြင်း ရှိမှာမဟုတ်ပါဘူး။
ထည့်သွင်းဖို့အတွက် အကြီးစားခွဲစိတ်မှုပြုလုပ်ရန် မလိုအပ်ပါ။
အမျိုးသမီးများအား သားမြုံခြင်း မဖြစ်စေနိုင်ပါ။
- နို့တိုက်နေစဉ်အသုံးပြုနိုင်ခြင်း၊
- ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သုံး-လေး နှစ်အထိ တာရှည်ခံနိုင်ခြင်း၊
- အပြည့်အဝယုံကြည်စိတ်ခ ျရနိုင်ခြင်း၊
- ဆေးလိပ်သောက်သူများနဲ့ဆီးခ ျီုသမားများအတွက်ဘေးကင်းစိတ်ချရခြင်း၊
- ဓမ္မတာမလာခင်အကြိုဖြစ်လေ့ရှိတဲ့လက္ခဏာများနဲ့စိတ်က ျခြင်းများကိုလျော့ကျနိုင်ခြင်း၊
- တစ်ခါဖယ်ထုတ်ပြီးတာနဲ့ချက်ခ ျင်းကိုယ်ဝန်ဆောင်နိုင်ခြင်း၊
ဓမ္မတာလာြင်းကိုမထိခိုက်စေခြင်း၊ - ထိုးသွင်းစိုက်ထားခြင်းကိုအသုံးပြုတဲ့ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတာနည်းမယ် ဒါမှမဟုတ် လုံဝရပ်သွားတာမ ျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
ဘေးထွက်ဆိုးက ျိုးနဲ့ပတ်သက်ပြီး စိုးရိမ်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ အမ ျိုးသမီးအများစုကတော့ ပြသ၁နာ မရှိပါဘူး။ ဘေးထွက်ဆိုးက ျိုးကို ကြုံဖူးတယ်ဆိုပေမယ့် အကြာကြီးဖြစ်မှာမဟုတ်ဘဲ ပြီးသွားမှာပါ။ သင့်ခန္ဓာကိုယ်ထဲကို ဟော်မုန်းတွေ လာတာလိုက်လေ ျာညီထွေဖြစ်အောင်တော့ အချိန်ယူရပါမယ်။ ခြောက်လထက်ကေ ျာ်ပြီးဘေးထွက်ဆိုးကျိုး ဆက်ရှိနေမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သွားပြပြီ ပိုမိုကောင်းမွန်တဲ့ အကြံပေးချက် ဆွေးနွေးခ ျက်များကို လိုက်နာ ဆောင်ရွက်ပါ။
ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသောဘေးထွက်ဆိုးက ျိုးများ
- ဓမ္မတာပုံမှန်မလာခြင်း ( ၆လမှ ၁၂ လ အတွင်း ပုံမှန်ြ ဖစ်လေ့ရှိခြင်း) ၊
- ထိုးသွင်းနေရာတွင်နာက ျင်နေခြင်း (ထိုးသွင်းပြီး ၂ ရက် – ၃ ရက်ထိ နာက ျင်နေခြင်း )
ပုံမှန်ဖြစ်လေ့ဖြစ်ထမရှိသောဘေးထွက်ဆိုးက ျိုးများ
- အလေးခ ျိန်တိုးလာခြင်း၊
- ခေါင်းကိုက်ခြင်း ၊
- လိင်စိတ်လျော့နည်းပြီး အာသီသမရှိခြင်း ၊
- ထိုးသွင်းတဲ့နေရာကနေနာက ျင်ခြင်း၊
- ရင်သားနာကျင်ခြင်း၊
- မူးဝေအော့အန်ခြင်း၊
- စိတ်က ျခြင်း ၊
- စိုးရိမ်ပူပန်မှုများခြင်း၊
ဒီဘေးထွက်ဆိုးက ျိုးတွေကတော့ ၃ လ ပြီးတဲ့အထိဆက်လက် ရှိနေမှာပါ။

Lydia Implanex 2
Lydia Implanex 2
Leave a Reply