စန္ဒာသုံးတဲ့ လက်မောင်းတွင်းထည့် သားဆက်ခြားနည်း

Posted by

ကျွန်မကတော့ စန္ဒာပါ… ကျွန်မက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ စာသင်ပေးရတဲ့ အလုပ်လုပ်ပါတယ်။ ကျွန်မက အသက် ၂၇ နှစ်မှာ အိမ်ထောင်ကျတော့ ယောကျာ်းနဲ့တိုင်ပင်ပြီး နေ့စဉ်သုံးသားဆက်ခြားဆေးကိုပဲ အချိန်မှန်မှန်သောက်ဖြစ်တယ်။ နောက်ပိုင်း ကျွန်မအသက်ကလဲ မငယ်တော့တာနဲ့ သားဆက်ခြားသောက်ဆေးကို ၁ နှစ်လောက်သောက်ပြီးတော့ ကလေးယူဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့တာနဲ့ပဲ ခုဆိုရင် သားလေးတောင် ၅ လပြည့်တော့မယ်။ သားလေးရပြီးတဲ့နောက်ပိုင်း ၄ လလောက်အကြာမှာ ကျွန်မ အလုပ်ကလဲ ပြန်ဝင်နေရပြီဆိုတော့ အလုပ်ကိစ္စ၊ အိမ်ထောင်မှုတာဝန်၊ သားလေးဝေယျာဝစ္စတွေနဲ့ မအားလပ်နိုင်အောင်ပါပဲ။

ကျွန်မက သားလေး ၅ လကျော်တဲ့အထိ သားဆက်ခြားသောက်ဆေးကိုပဲ သောက်နေတုန်းပဲပေါ့။ ဒါပေမယ့် အရင်ပတ်တုန်းက အလုပ်ကိစ္စတစ်ခုနဲ့ ကျွန်မခရီးသွားချိန်မှာ ဆေးကို‌ မေ့ပြီး ၃ ရက်လောက် မသောက်လိုက်မိဘူး။ ခရီးကနေ ပြန်ရောက်ပြီး နောက်တနေ့မှာ ကျွန်မယောကျာ်းနဲ့ အတူနေဖြစ်သွားတယ်။ အတူနေပြီးတော့မှ ဆေးမသောက်ထားတာကို သတိရတော့ ကိုယ်ဝန်ရမှာစိုးလို့ အရေးပေါ်သားဆက်ခြားသောက်ဆေးကို သောက်လိုက်ရတယ်။ အဲ့တော့မှ ကျွန်မ စဉ်းစားမိတယ်။ နေ့တိုင်းသောက်ရတဲ့ သောက်ဆေးနည်းလမ်းက ကျွန်မနဲ့ ရှေ့လျှောက် အဆင်မပြေလောက်တော့ဘူးပေါ့…

အဲ့တာနဲ့ ကျွန်မနဲ့ ကိုကိုက OG ဒေါက်တာဆီမှာ ဘယ်နည်းသုံးသင့်လဲ ဆိုတာ သွားတိုင်ပင်တော့ ဒေါက်တာက ကျွန်မတို့ကို အချိန်ကာလဘယ်လောက်အထိ ကိုယ်ဝန်တားထားချင်လဲလို့မေးတယ်။ ကျွန်မတို့က နောက် ၃ နှစ်ခွဲလောက်ထိ နောက်ကလေးမယူချင်သေးဘူးဆိုတာနဲ့ ဒေါက်တာက နှစ်ရှည်ခံ လက်မောင်းတွင်းထည့်တဲ့ Implant နည်းလမ်းကို ရှင်းပြတယ်။ Implant တံဆိပ်တွေအများကြီးရှိတဲ့အထဲမှာတော့ ဒေါက်တာက လေဒီယာရဲ့ Implenex ကို ကျွန်မကို သုံးဖို့ တိုက်တွန်းတယ်လေ။

လေဒီယာရဲ့ လက်မောင်းတွင်းထည့် Implanex ဆိုတာ မီးခြစ်ဆံလို ပလက်စတစ် အချောင်းလေး နှစ်ခုကို လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထည့်ရတာဖြစ်ပြီး သူ့သက်တမ်းက ၃ နှစ်အထိ ခံတယ်လို့ပြောတယ်။ ပြီးတော့ ဒီနည်းလမ်းက အလုပ်များတဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး ကိုယ်ဝန်ကို ၉၉ ရာခိုင်နှုန်းအထိ တားထားပေးနိုင်တယ်ပြောတယ်။ အဲ့တာနဲ့ ကျွန်မလဲ OG ဒေါက်တာရဲ့ အကူအညီနဲ့ပဲ ဒီနည်းလမ်းကို သုံးဖြစ်တယ်ပေါ့နော်။

ဒီနည်းလမ်းက အရင်နေ့စဉ်သောက်ဆေးတွေလိုမျိုး မေ့သွားမှာတွေ၊ အချိန်မှန်မသောက်လို့ အစွမ်းလျော့သွားမှာတွေ ပူပန်စရာမလိုတော့ ကျွန်မနဲ့ အရမ်းအဆင်ပြေပဲရှင်… ခုဆို ဒီနည်းလမ်းသုံးလာတာ ကျွန်မ ၂ နှစ်တောင်ပြည့်တော့မယ်… သူ့သက်တမ်းကုန်ရင်တော့ ထုတ်ပြီး မီးမီးလေးတစ်ယောက်ထပ်ယူဖို့ စိတ်ကူးထားတယ်ရှင်… ကျွန်မလိုမျိုး တခြားအိမ်ထောင်ရှင်အမျိုးသမီးတွေရော ဘယ်သားဆက်ခြားနည်းလမ်းကို သုံးကြလဲ ဆိုတာ ပြောပြသွားကြပါဦးနော်…

Leave a Reply

Your email address will not be published. Required fields are marked *