
မြွေဆိုးလေးကို ပိုင်ဆိုင်ထားရသူ ချိဖတွေအနေနဲ့ တခါတလေမှာ ကိုယ့်ရဲ့ အရင်းနှီးဆုံး ညီလေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။
ဒီတော့ သိလိုရာမေးကနေ ဘော်ဒါချိဖတွေအတွက် မြွေဆိုးလေး နေမကောင်းမဖြစ်ရအောင် ဂရုစိုက်နည်း (၅) မျိုးကို ပြောပြပေးချင်ပါတယ်။
နည်းလမ်း (၁) သန့်ရှင်းရေးကို ဂရုစိုက်ပါ…
ဒါကတော့ အဓိကအကျဆုံးအချက်တစ်ချက်ပါပဲ။ ချိဖတို့အနေနဲ့ ရေချိုးတိုင်း ကိုယ့်မြွေဆိုးလေးကို သန့်ရှင်းဖို့မေ့နေတတ်တဲ့ သူဆိုရင်တော့ လိင်တံမှိုစွဲတာတွေ၊ လိင်တံအရေပြားရောဂါတွေ ဖြစ်ဖို့အခွင့်အလမ်းများပါတယ်။ ဒါကြောင့်မို့လို့ တစ်နေ့မှာ အနည်းဆုံး နှစ်ကြိမ်တော့ မြွေဆိုးလေးကို ဆပ်ပြာအပျော့စားနဲ့ သန့်ရှင်းပေးဖို့လိုပါတယ်။
နည်းလမ်း (၂) မြွေဆိုးလေးကို မှန်မှန်စစ်ဆေးပါ…
အမျိုးသမီးတွေ ရင်သားကင်ဆာကာကွယ်ဖို့ ရာသီလာပြီးအချိန်တွေမှာ ရင်သားကို စမ်းသပ်ကြည့်ကြသလိုမျိုးပဲ ယောကျာ်းလေးတွေအနေနဲ့လဲ မြွေဆိုးလေးကို မှန်မှန်စမ်းသပ်ဖို့လိုပါတယ်။ တစ်လမှာတစ်ကြိမ် (ဒါမှမဟုတ်) နှစ်ကြိမ် ချိဖတို့ရဲ့ ဝှေးစေ့မှာ အသားလုံးတွေ အသားမာတွေရှိမရှိ ကိုယ်တိုင်စစ်ဆေးကြည့်နိုင်ပါတယ်။ ဝှေးစေ့ ကင်ဆာဟာ အသက် ၁၅ နှစ်နှင့် ၃၅ နှစ် အမျိုးသားများအတွက်တော့ အဖြစ်အများဆုံးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ မြွေဆိုးလေးကို မှန်မှန်စစ်ဆေးပြီး ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
နည်းလမ်း (၃) ပန်းသေ ပန်းညိှုးမဖြစ်စေဖို့ ကာကွယ်ပါ…
Erectile Dysfunction လို့ခေါ်တဲ့ လိင်တံမထောင်မတ်နိုင်တာ (ပန်းသေပန်းညိှုးရောဂါ) ကတော့ သွေးတိုးဆီးချိုရောဂါရှိတဲ့သူတွေ နဲ့ အဝလွန်ရောဂါရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒီတော့ မြွေဆိုးလေး ပါးပျဉ်းမထောင်နိုင်တာမျိုးမဖြစ်ရအောင် ကိုယ်အလေးချိန်မှန်အောင် ထိန်းသိမ်းတာတွေ၊ အစားအသောက်ပုံစံပြောင်းလဲတာမျိုးတွေ နဲ့ ဆေးလိပ် အရက် အလွန်အကြူးသောက်တတ်သူဆိုရင်တော့ လျှော့သောက်တာမျိုးတွေကို လုပ်ရမှာဖြစ်ပါတယ်။
နည်းလမ်း (၄) မြွေဆိုးလေးကို ခဏ ခဏ ပြုစုပါ…
ဟားဗတ်တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ တစ်လမှာ သုတ်လွှတ်တဲ့အကြိမ်ရေ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ကြားရှိတဲ့ အမျိုးသားတွေက အကြိမ်ရေ ၄ ကြိမ်ကနေ ၇ ကြိမ်ပဲ သုတ်လွှတ်ကြတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်း ၃၃ ရာခိုင်နှုန်းလျော့နည်းပါတယ်တဲ့… ဒီတော့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်းလျော့နည်းရလေအောင် ချစ်သူရှိတဲ့ ချိဖတွေအနေနဲ့ မွေ့ရာထက်မှာ ခဏခဏ ဂျိန်းသင့်ပြီး FA ချိဖတွေကတော့ မကြာခဏ လက်အားကိုးသင့်ပါကြောင်း သိလိုရာမေးကနေ တိုက်တွန်းလိုက်ပါတယ်။
နည်းလမ်း (၅) STIs တွေကနေ ကာကွယ်ပါ…
လိင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ မြင်ရတာမဟုတ်ပါဘူး။ ဒီတော့ ဒီလိုကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ဆိုရင် အပြင်မှာ စကီတွေနဲ့ ဆွဲတိုင်း Kiss နဲ့ Mojo တို့လို ကွန်ဒုံးကို မဖြစ်မနေ သုံးသင့်ပါတယ်။
ကဲ ခုသိလိုရာမေးကနေ ပြောပြလိုက်တဲ့ အချက် (၅) ချက်ကို လိုက်နာမယ်ဆိုရင်တော့ ချိဖတို့အနေနဲ့ ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းပြီး အဆိပ်ပြင်းတဲ့ မြွေဆိုးလေးကို ပိုင်ဆိုင်နိုင်မယ်လို့ ရဲရဲကြီးအာမခံနိုင်ပါတယ်ခင်ဗျာ…
Leave a Reply