ကိုဗစ်ပိုးတွေ့တဲ့ ချစ်သူကို ဘယ်လိုအားပေးမလဲ

Posted by

ကပ်ရောဂါရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေ၊ အိမ်တွင်းအောင်းနေရတာကြောင့် တနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ်လက်စားသမားတွေရဲ့ဘဝတွေ ခက်ခဲလာတာတွေ၊ စိတ်ဖိစီးမှုတွေ ဒါ့အပြင် ကပ်ရောဂါရဲ့ အကြီးမားဆုံး ရိုက်ခတ်မှုဖြစ်တဲ့ ကိုယ်ကိုတိုင် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတွေ ရောဂါကူးစက်ခံရတာတွေ အစရှိသဖြင့် အခက်အခဲတွေ တွေ့ကြုံရနိုင်ပါတယ်။

ကိုဗစ်ပိုး ကူးစက်ခံရပြီဆိုတာနဲ့ သေဆုံးနိုင်မှု အန္တရာယ်ရာနှုန်းပြည့်ရှိတယ်လို့ ပြောလို့မရပေမယ့် ပေါ့ဆလို့မရတဲ့ အနေအထားလဲ ရှိတဲ့ ကပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကူးစက်ခံရတဲ့သူတိုင်းအတွက် ကိုယ့်အနားမှာ ဘယ်သူမှ ရှိမနေနိုင်တဲ့အတွက် စိတ်ဓာတ်ခွန်အားရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ဒီတခေါက်မှာတော့ သိလိုရာမေးကနေ သမီးရည်းစားစုံတွဲတွေထဲမှာ ကိုယ်ချစ်သူက ကိုဗစ်ပိုးကူးစက်ခံရနေပြီဆိုရင် အဝေးကနေ ထောက်ပံ့အားပေးလို့ရနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။

(၁) အားပေးဖော် တစ်ယောက်ဖြစ်ပေးပါ…

ရောဂါကူးစက်ခံရပြီဆိုတာနဲ့ ဘယ်သူပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ စိတ်ဓာတ်ကျမယ်၊ ဝမ်းနည်းမယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစိုးရိမ်လွန်မယ် စသဖြင့် စိတ်ထိခိုက်တာတွေ ခံစားရတတ်ပါတယ်။ ဒီတော့ ကိုယ့်ချစ်သူက ရောဂါကူးစက်ခံရတဲ့သူတွေထဲပါလာပြီဆိုရင် သင့်အနေနဲ့ သူ့ကို ပထမဦးဆုံး စိတ်ဓာတ်မကျဖို့၊ အတတ်နိုင်ဆုံး အားပေးစကားပြောပေးပါ။ သင့်ချစ်သူက အစိုးရိမ်လွန်ပြီး ဝမ်းနည်းနေတယ်ဆိုရင် သူ့ကို နှစ်သိမ့်ပေးပါ။

(၂) အချိန်တိုင်း ပြောဆိုဆက်သွယ်မှုပြုလုပ်ပေးပါ…

မင်းအနေနဲ့ ကိုယ့်ချစ်သူအနားမှာ စကားတတွတ်တွတ်ပြောပြီး ကြင်နာယုယပြလို့မရတဲ့အနေအထားမှာ မင်းအနေနဲ့ မင်းချစ်သူကို အဝေးကနေ ဂရုစိုက်ပေးလို့ရနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ သူ့ကို ဖုန်းခေါ်ပြီးပဲ ဖြစ်ဖြစ်၊ အွန်လိုင်းကနေ Video Call ခေါ်ပြီးတော့ပဲ ဖြစ်ဖြစ် အချိန်မှန်စား အချိန်မှန် အိပ်ဖို့ အကြံပေးတာ၊ Quarantine centre မှာ နေရတဲ့သူ့အတွက် လိုအပ်တာတွေရှိလားဆိုတာကို မေးမြန်းတာ၊  သူ အထီးကျန်နေတိုင်း စကားပြောပေးတာ စတဲ့ အချက်တွေ အများကြီး လုပ်ပေးလို့ရနိုင်ပါတယ်။

(၃) လိုအပ်တာမှန်သမျှ အဝေးကနေ ဖြည့်ဆည်းပေးပါ…

ကိုယ့်ချစ်သူက ရောဂါကူးစက်ခံရလို့ Q စင်တာလို အသွားအလာကန့်သတ်ထားတဲ့နေရာမှာ နေနေရတဲ့အတွက် သူ့အတွက် တစ်ကိုယ်ရည်လိုအပ်မှုတွေ ရှိနေတတ်ပါတယ်။ ဒီတော့ မင်းအနေနဲ့ သူမရှိမဖြစ် လိုအပ်တဲ့အရာတွေဖြစ်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ သူ အနားယူနေချိန်မှာ ဖတ်ဖို့ စာအုပ်လေးတွေ၊ အစားအသောက်တွေ ပို့ပေးတာမျိုးကို ပြုလုပ်ပြီး သူ့ရဲ့ လိုအပ်ချက်မှန်သမျှကို အဝေးကနေ ဖြည့်ဆည်းပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *