အိမ်တွင်းပုန်းစုံတွဲတေွ ဒချိမယ်ဆိုရင်

Posted by

ဒီရောဂါကြောင့် ကုမ္ပဏီဝန်ထမ်းတွေ အိမ်က အလုပ်လုပ်ရတာမျိုးတွေ၊ လူစုလူဝေးရှိတဲ့နေရာတွေ ဘယ်မှမသွားရဘဲ ကိုယ်အိမ်မှာပဲ ကိုယ်နေရတာတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါနဲ့ ပက်သက်ပြီး အကောင်းဘက်က တွေးကြည့်မယ်ဆိုရင် ကိုယ်ချစ်ရသူတဲ့သူတွေကို အရင်ကထက် အချိန်ပိုပေးနိုင်တယ်… အရင်ချိန်တွေထက် ဒီကာလမှာ သူတို့တွေနဲ့ အရာအားလုံးကို အတူရင်ဆိုင်လို့ ရနိုင်မယ်… နေရာတိုင်းကို ကိုယ်သွားချင်တိုင်း လျှောက်သွားလို့မရတော့ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းကိစ္စတွေလဲ လျော့နည်းသွားမယ် စတဲ့ ကောင်းကျိုးတွေလဲ အများကြီးရှိပါတယ်။

ဒီတော့ တစ်အိမ်တည်းမှာ အတူနေကြတဲ့ အိမ်ထောင်သည်တွေ၊ ချစ်သူရည်းစားတွေက အရင်ကထက် အချိန်ပိုရပြီဆိုမှတော့ ခဏ ခဏချစ်မိကြမယ်။ ပုံမှန်ချိန်တွေမှာဆို ကိစ္စသိပ်မရှိပေမယ့် ဒီလို ကူးစက်ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာတော့ အိမ်တွင်းပုန်းနေတဲ့ စုံတွဲတွေ ဒချိမယ်ဆိုရင် သိထားသင့်တဲ့ အဓိကအချက် ၃ ချက်ကို သိလိုရာမေးက ပြောပြပေးသွားပါ့မယ်။

(၁) အထိအတွေ့ကို သတိထားပါ…

ပထမအချက်က ကိုရိုနာဗိုင်းရပ်စ်က လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးမဟုတ်ပေမယ့် အထိအတွေ့ကနေ ကူးစက်နိုင်ပါတယ်။ ဒီတော့ ချစ်သူနဲ့ အတူဒချိဖို့စိတ်ကူးထားရင်တော့ အဲ့ဒီအချက်ကို သတိချပ်စေချင်ပါတယ်။ ကိုယ့်ချစ်သူက အဝေးတစ်နေရာကနေ ကိုယ့်ဆီပြန်ရောက်လာတယ်… ဘာရောဂါလက္ခဏာမှ မပြဘဲ လူကောင်းပကတိအတိုင်းမို့ လွမ်းလွမ်းနဲ့ ဒချိမိကြတယ်… ဒီလိုဆိုရင်တော့ ဒီရောဂါမကူးစက်နိုင်ဘူးလို့ အာမခံလို့မရပါဘူး။ ကြားရလွန်းလို့ နားကြားပြင်းကပ်လောက်မှာဖြစ်ပေမယ့်လဲ ထပ်ပြောချင်တာကတော့ ရပ်ဝေးက ပြန်ရောက်လာတဲ့သူဆို အနည်းဆုံး ၁၄ ရက်စောင့်ကြည့်ပြီး ဘာလက္ခဏာမှ မရှိမှ Safe ဖြစ်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ နို့မို့ဆိုလို့ကတော့ ဒချိရင်းနဲ့ သူကူး ကိုယ်ကူး ဖြစ်နေပါ့မယ်။

(၂) သန့်ရှင်းမှုက အရေးကြီးတယ်…

ကိုရိုနာကူးစက်တာကနေ ကာကွယ်နိုင်ဖို့ လက်ခဏ ခဏ ဆေးဖို့က အရေးကြီးဆုံးအချက်တစ်ချက်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒီတော့ အိမ်တွင်းမှာ ဂူအောင်းပြီး ဒချိဖို့ စိတ်ကူးနေကြတဲ့ ချိဖ ချိမတို့အနေနဲ့ သန့်ရှင်းရေးက အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဒချိခင်မှာ ရေမိုးချိုးပြီး သန့်သန့်ပြန့်ပြန့်ဖြစ်ပြီးဆိုတော့မှ ချစ်ကြပါ။ အတူနေပြီးတဲ့အခါမှာလဲ တခြားအချိန်တွေထက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုပါတယ်။ ဒါ့အပြင် လိင်အရုပ်တွေ သုံးတတ်တဲ့ စုံတွဲတွေဆိုရင် ကိုယ့်အရုပ်တွေကို အတူမနေခင်နဲ့ အတူနေပြီးချိန်တွေမှာ ပိုးသတ်ဖို့ လိုပါတယ်။

(၃) မလိုလားအပ်တဲ့ ကိုယ်ဝန်မရဖို့ကလဲ အရေးကြီးတယ်…

ဒီလို Social Distancing လုပ်နေရသူ အိမ်ထောင်သည်တွေ၊ ချစ်သူစုံတွဲတွေက အရင်ထက်ပိုပြီး အတူရှိနေချိန်တွေများတဲ့အတွက် ခဏခဏ ဒချိမိကြမှာပါပဲ။ အဲ့တော့ ဒီလို ခဏခဏ ဒချိမိတာမျိုးကနေ မလိုလားအပ်တဲ့ ကိုယ်ဝန်မရသွားစေဖို့ဆိုရင် ကိုက်ညီတဲ့ သားဆက်ခြားနည်းလမ်းကို အမျိုးသားက ဖြစ်စေ၊ အမျိုးသမီးကဖြစ်စေ သုံးပေးဖို့လိုအပ်ပါသေးတယ်။

နောက်တစ်ခေါက်မှာ သိလိုရာမေးကနေ Quarantine ချိန်တွေမှာ ဒချိရင်းနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်မရစေဖို့ ကိုက်ညီတဲ့ သားဆက်ခြားနည်းလမ်းတွေနဲ့ ပက်သက်ပြီး အသေးစိတ် ပြောပြပေးသွားမှာမို့လို့ စောင့်မျှော်ဖတ်ရှုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *