
ဒါပေမယ့် ကိုယ်ခန္ဓာမသန်စွမ်းမှုတခုခုရှိနေသူတွေအတွက် လိင်မှုဘဝသာယာဖို့က ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာအရရော သာမန်လူတွေလိုမျိုး ရိုးရှင်းလှတဲ့ ကိစ္စတစ်ခုမဟုတ်တာတော့ အသေအချာပါပဲ။
ဒါဖြင့်ရင် ကိုယ်ခန္ဓာမသန်စွမ်းသူတွေရဲ့ လိင်မှုဘဝသာယာစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်လို့ရနိုင်မလဲ? သိလိုရာမေးကနေ ကိုယ်ခန္ဓာမသန်စွမ်းသူတွေ လိင်မှုဆန္ဒပြည့်ဝစေဖို့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားပါ့မယ်။
(၁) ခန္ဓာကိုယ်မသန်စွမ်းမှုဟာ ချို့ယွင်းမှုတစ်ခု မဟုတ်ဘူး…
တချို့ ခန္ဓာကိုယ်မသန်စွမ်းတဲ့သူတွေက ရှင်သန်နေထိုင်တုန်းမှာ ဘယ်အရာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မသန်စွမ်းမှုကို တွေးပြီး စိတ်အားငယ်နေတတ်ကြပါတယ်။ ဒီလို စိတ်အားငယ်မှုက လိင်မှုဘဝမှာလဲ ရိုက်ခတ်လာတဲ့အခါမှာ သာမန်လူတွေလို လိင်ဆန္ဒမပြည့်ဝနိုင်ဘူး ဆိုတဲ့ အယူအဆအမှားတွေ၊ ဒီမသန်စွမ်းမှုကြောင့် ကိုယ်ချစ်သူကိုလဲ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကို စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ တလွဲအထင်တွေ တွေးမိစေပါတယ်။ ဒီတော့ ခန္ဓာကိုယ်မသန်စွမ်းမှုဟာ ချို့ယွင်းချက် တစ်ခုမဟုတ်တဲ့အတွက် သင်လည်းပဲ တခြားလူတွေလို ကိုယ်ကိုတိုင်အတွက်ရော၊ ကိုယ်လက်တွဲဖော်အတွက်ရော လိင်မှုဆန္ဒပြည့်ဝစေဖို့ စွမ်းဆောင်နိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။
(၂) လက်တွဲဖော်နဲ့ ဖွင့်ဟတိုင်ပင်ပါ…
မင်းအနေနဲ့ လိင်ဆက်ဆံတဲ့အခါမှာ အဆင်မပြေမှုတွေခံစားနေရရင်ပဲ ဖြစ်ဖြစ်၊ ရှင်းရှင်းပြောရရင် လိင်ဆက်ဆံမှုပုံစံက အဆင်မပြေဘူးဆိုရင်တောင် မင်းလက်တွဲဖော်ကို ဖွင့်ဟတိုင်ပင်ဖို့ မမေ့ပါနဲ့။ ကြုံတွေ့လာရတဲ့ လိင်ကိစ္စအခက်အခဲတွေကို မင်းတို့နှစ်ဦးတူတူဖြေရှင်းနိုင်ဖို့ အချိန်တော့ လိုမှာဖြစ်ပေမယ့် မင်းအနေနဲ့ ဒီလို ဖွင့်ဟတိုင်ပင်လိုက်ခြင်းအားဖြင့် ရှေ့လျှောက် တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်းနဲ့ နားလည်မှုအပြည့်ပါတဲ့ လိင်မှုဘဝကို တည်ဆောက်ဖို့ အထောက်အကူဖြစ်မှာ အသေအချာပါပဲ။
(၃) လိင်အရုပ်တွေကိုလဲ မေ့မထားပါနဲ့…
တကယ်တော့ လိင်မှုဆန္ဒပြည့်ဝဖို့ဆိုတာ လက်တွဲဖော်ရှိခြင်း နဲ့ တိုက်ရိုက်အချိုးမကျတဲ့အတွက် မင်းရဲ့ လက်ရှိအချိန်မှာ ချစ်သူရည်းစားမရှိဘူးဆိုရင်တောင် လိင်မှုဆန္ဒပြည့်ဝဖို့ မင်းကိုယ်တိုင်စွမ်းဆောင်နိုင်ပါတယ်။ မင်းရင်းနှီးဖူးပြီးသားဖြစ်မယ့် သာမန် တစ်ကိုယ်ရည်အာသာဖြေတာမျိုး မင်းခန္ဓာကိုယ်ကို လုပ်ပေးလို့ရသလို ကိုယ်ခန္ဓာမသန်စွမ်းသူတွေအတွက် အဓိကထုတ်လုပ်ထားတဲ့ လိင်အရုပ်တွေတောင် ရှိပါသေးတယ်။ ဒီတော့ မင်းအတွက် လိုအပ်လာပြီလို့ထင်ရင် မင်းနဲ့ သင့်တော်ကိုက်ညီမယ့် လိင်အရုပ်တွေကို စိတ်ကြိုက်ရွေးချယ်ဖို့လဲ မမေ့ပါနဲ့။
(၄) လိင်အထောက်အကူပြုပရိဘောဂတွေအကြောင်း လေ့လာပါ…
Sex Furniture လို့ခေါ်တဲ့ လိင်အထောက်အကူပြုပရိဘောဂတွေဆိုတာ သာမန်လူတွေသာမက ကိုယ်ခန္ဓာမသန်စွမ်းတဲ့သူတွေအတွက် လိင်ခံစားမှုပြည့်ဝဖို့ အထူးထုတ်လုပ်ထားတဲ့ အရာတွေလို ပြောလို့ရပါတယ်။ ဒီလို လိင်အထောက်အကူပြုပရိဘောဂတွေထဲမှာ ကိုယ်ခန္ဓာမသန်စွမ်းသူတွေ ရွေးချယ်လို့ရနိုင်တဲ့ ဆင်ခြေလျှောပုံစံပြုလုပ်ထားတဲ့ ဆိုဖာတွေ၊ ကျောလျောင်းပြီး မှီနိုင်တဲ့ ခုတင်ပုံစံတွေ၊ တချို့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထိန်းထားပြီး လိင်ဆက်ဆံတဲ့အခါမှာ အဆင်ပြေစေဖို့ ထုတ်လုပ်ထားတဲ့ ထိုင်ခုံပုံစံမျိုးတွေ အများကြီးရှိပါတယ်။ ဒီတော့ မင်းအနေနဲ့ ကိုယ်လက်တွဲဖော်နဲ့ တိုင်ပင်ပြီး အပြောင်းအလဲအနေနဲ့ လိင်အထောက်အကူပြုပရိဘောဂတွေကို သုံးစွဲနိုင်ပါတယ်။
ခုပြောပြသွားတဲ့ အချက် (၄ ) ချက်ကတော့ ကိုယ်ခန္ဓာမသန်စွမ်းသူတွေအတွက် လိင်မှုဆန္ဒသာယာစေဖို့ သိထားသင့်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်နည်းတွေဖြစ်ပါတယ်။ ကိုယ်ခန္ဓာမသန်စွမ်းတဲ့အချက်ကို မေ့ထားပြီး မင်းလဲ လူသားထဲက လူသားတစ်ဦးပဲဖြစ်တဲ့အတွက် သာမန်လူတွေလိုမျိုး အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်ပါတယ်။
Leave a Reply