အလွှာခြားထားပေမယ့် စိတ်ခံစားမှုတွေ ပိုကောင်းစေဖို့

Posted by

အမေး။              ။ မင်္ဂလာပါ ဆရာ… ကျွန်တော့်နာမည်ကတော့ ကျော်ဇင်ပါ… ကျွန်တော်က အိမ်ထောင်သည်ပါ။ အိမ်ထောင်သက်တမ်းကတော့ သိပ်မကြာသေးတာမို့လို့ ကလေးတော့ လောလောဆယ်ယူဖို့ စိတ်မကူးဖြစ်သေးပါဘူး။ အစကတော့ မိန်းမက တားဆေးတွေသောက်ပေမယ့် ခုနောက်ပိုင်းတော့ မိန်းမက တားဆေးတွေသောက်ပြီးတိုင်း မအီမသာနဲ့ ပျို့ချင်အန်ချင်သလိုဖြစ်ဖြစ်နေတော့ သူ့ကို ဆေးသောက်တာ ရပ်ခိုင်းလိုက်ပြီး ခုချိန်မှာ မိန်းမနဲ့အတူနေတိုင်း ကွန်ဒုံးပဲ သုံးဖြစ်နေတယ်ဆရာ။ ဒါပေမယ့် ကျွန်တော့်ပြဿနာက ကွန်ဒုံးစွတ်ပြီး ဆက်ဆံရတာ သက်သောင့်သက်သာ မဖြစ်သလို တခါတလေမှာ လိင်တံထိပ်မှာ တခုခုက တင်းတင်းကျပ်ကျပ်ကြီး ချည်နှောင်ထားသလို ခံစားရတယ်ဆရာ။ ဒီလိုမျိုးဖြစ်တာက ကျွန်တော့်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုခုရှိနေလို့လား? ဆိုတာရယ်…  ကျွန်တော့်လို လူမျိုးတွေအတွက် စေျးကွက်ထဲမှာရှိတဲ့ ကွန်ဒုံးအမျိုးအစားတွေထဲက ဘယ်လိုဟာမျိုးကို ရွေးချယ်သင့်လဲ ဆိုတာကို သိချင်ပါတယ်ခင်ဗျာ…

အဖြေ။              ။တချို့လူတွေအတွက် ကွန်ဒုံးသုံးရတာ သက်သောင့်သက်သာမဖြစ်ဘူးဆိုတဲ့ အကြောင်းအရင်းက အမြဲတမ်းသုံးကျင့်မရှိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးပြီးအတူနေတာနဲ့ ဒီအတိုင်းအတူနေတာက နည်းနည်းတော့ ကွာခြားပေမယ့် ကွန်ဒုံးသုံးလို့ ပြီးတာမြန်တယ်၊ စိတ်ခံစားမှုမကောင်းဘူးဆိုတာတွေက ကွန်ဒုံးကြောင့်၊ ကျန်းမာရေးချို့ယွင်းမှုကြောင့် မဟုတ်ပဲ ကိုယ့်စိတ်ခံစားမှုနဲ့ပဲ ဆိုင်ပါတယ်။ တချို့သူတွေဆို သဘာဝအတိုင်းလိင်ဆက်ဆံတဲ့အချိန်ထက် ကွန်ဒုံးသုံးပြီး အတူနေတော့မှ သုက်ကို ကြာကြာထိန်းထားနိုင်လို့ အမျိုးသမီးက စိတ်ကျေနပ်မှုရတယ်ဆိုတဲ့ သူတွေတောင် ရှိပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့ လိင်တံထိပ်မှာ တင်းတင်းကျပ်ကျပ်ကြီး ခံစားရတယ်ဆိုတာ ကိုယ်နဲ့မကိုက်ညီတဲ့ ကွန်ဒုံးအရွယ်အစားကို ရွေးချယ်မိတာ၊ သုံးနည်းမမှန်တာမျိုးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ်နဲ့သင့်တော်တဲ့ မှန်ကန်တဲ့ အရွယ်အစားရှိတဲ့ ကွန်ဒုံးကို ရွေးချယ်ပေးဖို့လိုပါတယ်။ ဉပမာ – စေျးကွက်ထဲမှာရှိတဲ့ MOJO High Motion ကွန်ဒုံးလို Free size ရှိပြီး ထိတွေ့ခံစားလွယ်တဲ့ အဖျားပိုင်းကို ကျယ်ဝန်းတဲ့ ပုံစံမျိုး ထုတ်လုပ်ထားတဲ့အပြင် ကွန်ဒုံးထဲမှာ အပိုချောမွေ့ဆီ ပါတာကြောင့် ဆက်ဆံမှုကို ပိုပြီးချောမွေ့အောင် စွမ်းဆောင်ပေးနိုင်တဲ့ ကွန်ဒုံးမျိုးကို ရွေးချယ်သင့်ပါတယ်။

Click image to see Mojo High Motion

Leave a Reply

Your email address will not be published. Required fields are marked *