
ဒါပေမယ့် ဒီတခေါက်မှာတော့ ကွန်ဒုံးနဲ့ ပက်သက်လာတဲ့အခါ လူတိုင်းမသိသေးတဲ့ အချက် (၅) ချက်ကို သိလိုရာမေးက ပြောပြပေးသွားချင်ပါတယ်။
(၁) ကွန်ဒုံးတွေရဲ့ အစပထမ
ဘီစီ ၁၁ ရာစုခေတ် ပြင်သစ်နိုင်ငံမှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက်ဆံနေတဲ့ ပန်းချီတစ်ခုမှာ အမျိုးသားရဲ့ လိင်တံကို အစွပ်တစ်ခုနဲ့ စွပ်ထားတာကို ကြည့်ခြင်းအားဖြင့် ကွန်ဒုံးတွေရဲ့ သက်တမ်းက တော်တော်ရင့်နေပြီလို့ ပြောလို့ရပါတယ်။ ထုတ်လုပ်မှုမှတ်တမ်းအရတော့ ၁၈၆၀ မှာ အမေရိကန်ပြည်ထောင်စုကနေ ရော်ဘာကွန်ဒုံးတွေကို ထုတ်လုပ်ခဲ့ပြီး ၁၉၂၀ မှာတော့ ရော်ဘာစေးကွန်ဒုံးတွေကို ဆက်လက်ထုတ်ခဲ့ပါတယ်…
(၂) ကွန်ဒုံးကို ထားချင်တဲ့နေရာ ထားလို့မရပါ
ချိဖတို့အနေနဲ့ ကွန်ဒုံးကို သားရေပိုက်ဆံအိတ်တွေမှာလဲ ထည့်မထားသင့်သလို ကိုယ်ဝတ်ထားတဲ့ ဂျင်းဘောင်းဘီကျပ်ကျပ်ထဲမှာ ထည့်ယူမသွားသင့်ပါဘူး။ ဒီလိုမျိုး နေရာကျပ်ကျပ်တွေထဲ ထည့်ယူသွားမယ်ဆိုရင် အပူချိန်နဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေကြောင့် ကွန်ဒုံးကို သက်တမ်းကုန်ဆုံးရက်မတိုင်ခင်မှာ ပျက်စီးတာတွေ၊ ပါကင်ထဲမှာတင် ပေါက်ပြဲနေတာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ တတ်နိုင်မယ်ဆိုရင် ကွန်ဒုံးကို အေးပြီး ခြောက်သွေ့တဲ့နေရာတွေမှာပဲ ထားသင့်ပါတယ်။
(၃) ဆီဓာတ်အခြေခံ ချောဆီတွေက ကွန်ဒုံးကို ပျက်စီးစေတယ်
ချစ်ချစ်နဲ့ ဂျိန်းတိုင်း ချောချောမွေ့မွေ့ဖြစ်အောင်လို့ ချောဆီသုံးလေ့ရှိတဲ့ ချိဖတွေအနေနဲ့ ကောင်းရင်ပြီးရော ဘယ်ချောဆီဖြစ်ဖြစ် သုံးလို့မရပါဘူး။ ဗက်ဆီလင်း နဲ့ Baby Oil လိုမျိုး အဆီတွေ၊ အဆီဓာတ်အခြေခံသုံးပြီး ထုတ်ထားတဲ့ ချောဆီတွေကို သုံးမယ်ဆိုရင် ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်။ ဒီတော့ Oil Based ချောဆီတွေအစား Kiss Water Gel လိုမျိုး ရေဓာတ်အခြေခံတဲ့ Water Based ချောဆီကို သုံးပေးလို့ရပါတယ်။
(၄) ကွန်ဒုံးတွေမှာလဲ သက်တမ်းကုန်ဆုံးရက်ရှိတယ်
ကွန်ဒုံးဆိုတာ ရှင်းရှင်းပြောရရင် လူသုံးကုန်ပစ္စည်းထဲက တစ်ခုဖြစ်တဲ့အတွက် သူ့မှာလဲ သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ချိဖတို့အနေနဲ့ ဒိတ်လွန်နေတဲ့ ကွန်ဒုံးတွေကို သုံးမယ်ဆိုရင်တော့ လိင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို အပြည့်အဝကာကွယ်မပေးနိုင်တာတွေ၊ လိင်တံမှာ အာလာ့ဂျစ်ဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီတော့ ကွန်ဒုံးဝယ်တော့မယ်ဆိုရင် ဘူးပေါ်မှာ ပါတဲ့ သက်တမ်း ကုန်ဆုံးရက်ကို စစ်ဆေးပြီးမှ ဝယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
(၅) အမှောင်ထဲမှာ လင်းတဲ့ ကွန်ဒုံး
ချစ်ချစ်ကို အမှောင်ထဲမှာ လင်းနေတဲ့ မြွေဆိုးလေးနဲ့ ချစ်နိုင်မယ်ဆိုရင် ချိဖတို့ အံ့ဩကြမလား? ဟုတ်ပါတယ်… ဒီလို ကွန်ဒုံးတွေကိုတော့ ရော်ဘာစေးအလွှာတွေကြားတွေမှာ ဖော့စဖောရပ်စ်နဲ့ ပြုလုပ်ထားတဲ့ ရောင်ခြယ်နဲ့ ထည့်သွင်းပြုလုပ်ထားပါတယ်။ အရပ်အခေါ်နဲ့ပြောရရင် အနုမြူကွန်ဒုံးလို့လဲ ပြောလို့ရပါတယ်။ အင်္ဂလိပ်လိုတော့ Glow in the Dark ကွန်ဒုံးဆိုပြီးပြောကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ခုချိန်မှာ ဒီလိုကွန်ဒုံးမျိုးကို တရားဝင်မတင်သွင်းပေမယ့် နောင်တချိန်ချိန်မှာတော့ ရှိလာနိုင်ပါတယ်။
Leave a Reply