ရာသီလာတယ်ဆိုတာ အရွယ်ရောက်ပြီးတဲ့အချိန်ကစလို့ သွေးမဆုံးခင်အချိန်ထိ အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
လူအများစုအတွက်တော့ ရာသီစက်ဝန်းနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ ရှက်နေတာမျိုးတွေ ရှိကြပါတယ်။ ဒါကြောင့်လည်း နားလည်မှုအလွဲတွေ လွဲမှားစွာထင်မှတ်နေကြတဲ့ ယုံတမ်းတွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိနေရတဲ့အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ ဒီနေ့တော့ ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ နားလည်မှုယုံတမ်းအမှားတွေကို သိလိုရာမေးကနေ ဖော်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး ဆေးပညာပိုင်းဆိုင်ရာအရ ဘယ်လို အဓိပ္ပါယ်ဖွင်သလဲဆိုတာ ကြည့်ရအောင်ပါ။
ဟုတ်ပါတယ် ဒါက သဘာဝအရဖြစ်တဲ့ ဇီဝကာမဖြစ်စဉ်တစ်ခုပါ။ လစဉ်လတိုင်း အမျိုးသမီးတွေရဲ့ သားဥအိမ်ကနေ သာဥ ထုတ်လုပ်ပါတယ်။ အကယ်၍ ဖိုသုတ်ပိုးနဲ့ ဒီမမျိုးဥက ပေါင်းစပ်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ အချွဲတစ်ချို့နဲ့အတူ အမျိုးသမီးအင်္ဂါဝကနေပြီး ရာသီသွေးအဖြစ်ဆင်းပါတယ်။ ရာသီသွေးမှာ သားအိမ်နံရံက အချွဲရယ် မျိုးမအောင်တဲ့သားဥရယ် သွေးအနည်းငယ်နဲ့ ပါဝင်ပါတယ်။
ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ယုံတမ်းတွေက ဘာတွေလည်း ဆက်လေ့လာရအောင်။
ယုံတမ်း (၁) ရာသီလာနေစဉ် ကိုယ်လက်လေ့ကျင့်ခန်း (ဒါမှမဟုတ်) ပြင်းထန်တဲ့ လှုပ်ရှားမှု မလုပ်သင့်။
အကယ်၍ သွေးဆင်းများတဲ့ပြဿနာ (dysmenorrhea) နဲ့ ရာသီလာနေစဉ် နာကျင်ကိုက်ခဲမှုရှိတဲ့ အမျိုးသမီးတွေအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့မသင့်တော်တဲ့ တခြားအကြောင်းအရာ မရှိပါဘူး။ ရာသီလာတယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ တကယ်တမ်းကျတော့ ရာသီလာနေစဉ်မှာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ဥပမာ လမ်းလျှောက်တာ၊ပြေးတာ၊ စက်ဘီးစီးတာ၊ ကတာ ဒါမှမဟုတ် ရေကူးတာ စတာတွေက ရာသီလာစဉ် နာကျင်မှုကို သက်သာစေတယ်လို့ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။
ယုံတမ်း (၂) ရာသီသွေးမှာ ဆိုးဝါးတဲ့အနံရှိတယ်။
လူတိုင်းလူတိုင်းမှာတော့ ကိုယ်ပိုင်အနံတစ်ခုဆီ ရှိတတ်ကြတယ်ဆိုတာ မှန်ပေမယ့် ရာသီသွေးမှာတော့ အနံမရှိပါဘူး။ အထက်ကပြောခဲ့သလိုပဲ သွေးအနည်းငယ် မျိုးမအောင်တဲ့ မမျိုးဥနဲ့ အချွဲ သက်သက်ပါ။ ဒါက တခြားတစ်ယောက်က အနံမရနိုင်လို့ ပူစရာမရှိပါဘူး။ တချို့တီဗီကြောငြာတွေကတော့ သူတို့ရဲ့ ထုတ်ကုန်တွေရောင်းရအောင်လို့ ဒီလိုဆိုးဝါးတဲ့အနံရှိတယ်ဆိုတာမျိုးကို ပုံဖော်တတ်ကြပါတယ်။ အဓိကကတော့ လစဉ်သုံးပစ္စည်းကို မှန်မှန်လဲပေးပါ။ ရေမှန်မှန်ချိုးပါ။ နောက်ပြီး အမျိုးသမီးအတွင်းအင်္ဂါကို ပိုးသတ်ဆေးကဲ့သို့သော ဆေးဖြန်းဘူးများသုံးပြီး ဆေးခဲ့ရင်တော့ ရေဓါတ်အချိုး (pH) မျှခြေပျက်သွားနိုင်လို့ မလုပ်သင့်ပါဘူး။ မည်သို့ပင်ဖြစ်စေ ရာသီလာနေစဉ် သွေးဆင်းတဲ့အနံက သူများတွေ ရလောက်အောင် အနံအသက်မရှိပါဘူး။ အကယ်၍ သင်ရဲ့ရာသီသွေးမှာ ငါးညှီနံလို ဆိုးဝါးတဲ့အနံအသက်တွေ ရှိနေခဲ့ရင် ဆရာဝန်နဲ့ စောဦးစွာ ပြသသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မှိုရောဂါ အလွယ်ပြောရရင် ပိုးဝင်တာ ဖြစ်နိုင်လို့ပါ။
ယုံတမ်း (၃) ရာသီသွေးဆင်းတဲ့အခါ ခန္ဓာကိုယ်ကနေ သွေးအများကြီး ဆုံးရှုံးသွားတယ်။
ဒါက ထင်မြင်ချက်သက်သက်ပါ။ အမျိုးသမီးတစ်ယောက် သွေးဆင်းတဲ့အခါ သွေးပမာဏ စားပွဲတင်ဇွန်း ၂-၃ ဇွန်းသာ ဆုံးရှုံးပါတယ်။ အကယ်၍ သွေးဆင်းအလွန်များတတ်တဲ့အမျိုးသမီးတွေဆိုရင်တောင် ၄ ဇွန်းလောက်ပဲ ရှိပါတယ်။ အကယ်၍ သင့်အနေနဲ့ တစ်ရက်တည်းမှာ လစဉ်းသုံးဂွမ်းထုပ်ကို ၇ ခါလောက်လဲနေရမယ်။ သွေးဆင်းတာက (၇) ရက်ကျော်ဆင်းနေမယ်ဆိုရင်တော့ ပုံမှန်မဟုတ်လို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အခုလိုမဟုတ်ဘဲ သွေးဆင်းများတဲ့သူတွေကတော့ ပုံမှန်ပဲ ဖြစ်ပါတယ်။
ယုံတမ်း (၄) ရာသီလာနေစဉ် ခေါင်းမလျှော်သင့်ပါ။ မိန်းကလေးမှန်ရင်ပေါ့။
တကယ်တော့ ရာသီလာနေစဉ် ခေါင်းလျှော်တာ ရေချိုးတာမျိုး မလုပ်သင့်ဘူးဆိုတာ ခိုင်လုံတဲ့အကြောင်းအချက်မရှိပါဘူး။ တကယ်တော့ ရေနွေးလေးနဲ့ စိမ်ပြီးချိုးပေးတာက ရာသီလာနေစဉ် ကိုက်ခဲတာ စိတ်ဖိစည်းတာတွေကို သက်သာစေနိုင်ပါတယ်။
ယုံတမ်း (၅) ရာသီလာနေစဉ် အတူနေရင် ကျန်းမာရေး ထိခိုက်တတ်တယ်။
တချို့အမျိုးသမီးတွေအတွက်တော့ ရာသီလာနေစဉ် ဆက်ဆံဖို့အတွက် သက်သောင့်သက်သာမဖြစ်တာ ပုံမှန်ပါပဲ။ တကယ်တမ်းကျတော့ ရာသီလာနေစဉ် ဆက်ဆံဖို့မသင့်ဘူးဆိုတာက တချို့ယဉ်ကျေးမှုအတားအဆီးတွေက နေဆင်းသက်လာတာပါ။ ကျန်းမာရေးအရ တခြားဆိုးဝါးတဲ့ ပတ်သက်မှု မရှိပါဘူး။ တချို့ကျွမ်းကျင်သူတွေကတော့ ရာသီလာနေစဉ် ဆက်ဆံတာက ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေတယ်လု့ိတောင် ဆိုထားပါတယ်။ ဒါကြောင့် ရာသီလာနေစဉ် ဆက်ဆံတာက တစ်ဦးတစ်ယောက်ချင်းဆီအတွက် ကွဲပြားနိုင်ပါတယ်။
Leave a Reply