Description
လေဒီယာသားအိမ်တွင်းထည့်ပစ္စည်း
သားအိမ်တွင်းထည့်ပစ္စည်း ပါဝင်ပစ္စည်း – ငါးရိုးပုံစံရှိ ပလပ်စတစ်တံ နှင့် ရိုးတံ၏ 375 mm2 ဧရိယာကို ကြေးနီဖြင့် ဖုံးအုပ်ထားသော သန္ဓေတားပစ္စည်း
ပစ္စည်းအညွှန်း
Lydia Sleek IUD သည် Polyethylene ဖြင့် ပြုလုပ်ထားသော သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းဖြစ်ပြီး ပင်မရိုးတံနေရာကို ကြေးနီဖြင့်အုပ်ထားပြီး ဘေးတွင်ထွက်နေသော လက်တံနှစ်ဖက်တွင် ကြေးနီအုပ်ထားသည်။ ကြေးနီအုပ်ထားသောဧရိယာမှာ ခန့်မှန်းခြေအားဖြင့် 380mm2 ရှိသည်။ ဘေးရှိးလက်တံနှစ်ခုသည် ကွေးနိုင်ဆန့်နိုင်ပြီး သားအိမ်အတွင်းတွင် နေရာတကျရှိနေစေရန် အထူးစီမံထုတ်လုပ်ထားသည်။ ယင်း၏ပင်မရိုးတံ (Stem) နေရာတွင် ကြေးနီဝိုင်ယာဖြင့် ဖုံးအုပ်ထားပြီး စုစုပေါင်း ကြေးနီဖုံးအုပ်ထားသော ဧရိယာသည်ခန့်မှန်းခြေအားဖြင့် 375 mm2 ရှိသည်။
ဘေးနှစ်ဖက်တွင်ရှိ လက်တံနှစ်ဖက်သည်လည်း ကြေးနီဖြင့်အုပ်ထားပြီး ထည့်သွင်းထားပါက သက်တောင့်သက်သာရှိစေရန် ဖန်တီးထားပါသည်။ Sleek IUD သည် ပိန်သွယ်သော အမျိုးသမီးများနှင့် ကလေးမမွေးဖူးသေးသော အမျိုးသမီးများနှင့်ပိုသင့်လျော်ပါသည်။ သည်။ ပြန်ထုတ်ရလွယ်ကူပြီး ထုတ်ပြီးသည်နှင့် ကိုယ်ဝန်ဆောင်နိုင်မည်ဖြစ်ပါသည်။
Reviews
There are no reviews yet.