
အိမ်ထောင်ပြုပြီးတဲ့အခါမှာလဲ လင်နဲ့မယား နှစ်ကိုယ်တူ လူ့ဘောင်လောက လောကဓံကိစ္စတွေကို ကြံ့ကြံ့ခံရင်ဆိုင် ရုန်းကန်ကြရင်းနဲ့ အချိန်ကာလတစ်ခုရောက်လာတဲ့အခါ နှစ်ဦးစလုံးရဲ့ အသွေးအသားနဲ့တည်ဆောက်ထားတဲ့ သားသမီးရတနာရလာကြမယ်…
အဲ့ဒီအခါမှာ ရင်သွေးမွေးဖွားပြီးတဲ့ မိခင်တွေအနေနဲ့ ကလေးကို မိခင်နို့တိုက်ကျွေးရတာတွေ၊ ကလေးဝေယျာဝစ္စလုပ်ပေးရတာတွေနဲ့ မအားလပ်ဖြစ်နေရတာမျိုးအပြင် ဦးနှောက်ခြောက်စရာကိစ္စတစ်ခုလဲ ရှိနေနိုင်ပါသေးတယ်… အဲ့ဒါကတော့ နို့တိုက်မိခင်တွေအနေနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ သားဆက်ခြားနည်းကို ရွေးချယ်ရတာပါပဲ။ အသုံးများတဲ့ နို့တိုက်မိခင်တွေအတွက် သားဆက်ခြားနည်းလမ်းတွေထဲမှာတော့ နှစ်ရှည်ခံ လက်မောင်းတွင်းထည့်ရတဲ့ Implenex နဲ့ ဟော်မုန်းမပါတဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းတွေဖြစ်တဲ့ IUD တို့ပါဝင်ပါတယ်။
သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း IUD နဲ့ပက်သတ်လို့ အသေးစိတ်ကို ဒီလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်း Implenex နဲ့ပက်သက်လို့တော့ ဒီမှာ (Implant) ဝင်လေ့လာနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ကို နှစ်အကြာကြီးလဲမတားချင်ဘူး… အရင်တုန်းကလဲ ဒီလိုနည်းလမ်းမျိုးတွေကို သုံးနေမကျလို့ မသုံးချင်ဘူး… ဘုမသိ ဘမသိ စေျးကွက်ထဲက အများညွှန်းတဲ့ သားဆက်ခြားဆေးတွေကို သောက်လိုက်မိလို့ မိခင်နို့ထွက်နှုန်းကို ထိခိုက်သွားမှာ စိုးလို့ ဆိုတဲ့ တချို့သော နို့တိုက်မိခင်တွေအနေနဲ့ ကိုယ်ဝန်ကို ထိထိရောက်ရောက်နဲ့ လွယ်လွယ်ကူကူတားပေးနိုင်မယ့် နည်းလမ်းတစ်မျိုးလဲ ရှိပါသေးတယ်။
ဒါကတော့ နို့တိုက်မိခင်တွေနဲ့ အထူးသင့်တော်တဲ့ Progestin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးတည်းပါ Lydia ရဲ့ Lacta လိုမျိုး နေ့စဉ်သားဆောက်ခြားသောက်ဆေးကို ရွေးချယ်တာပါပဲ… Lydia ရဲ့ Lacta ထဲမှာ ပါဝင်တဲ့ Progestin ဟော်မုန်းကတော့ မိခင်တွေရဲ့ နို့ထွက်အားကိုလဲ မထိခိုက်စေတဲ့အတွက် သားဆက်ခြားသောက်ဆေးသောက်ပြီး နို့မထွက်တော့မှာကိုလဲ စိုးရိမ်စရာမလိုသလို နေ့စဉ်အချိန်မှန်မှန်သောက်ပေးရုံနဲ့ ကိုယ်ဝန်ကို ထိထိရောက်ရောက်နဲ့ အလွယ်ကူဆုံး တားထားပေးနိုင်မှာပဲဖြစ်ပါတယ်။ ပြီးတော့ စေျးကွက်ထဲမှာလဲ တခြားသော သားဆက်ခြားသောက်ဆေးတွေထက် ပိုမို သက်သာတဲ့နှုန်းထားနဲ့ လွယ်လွယ်ကူကူရနိုင်တဲ့အပြင် ကလေးနို့ဖြတ်ပြီးချိန်မှာလဲ အသုံးပြုနိုင်တဲ့အတွက် နို့တိုက်မိခင်တွေအတွက် အလွယ်ကူဆုံး ရွေးချယ်စရာတစ်ခုပဲဖြစ်ပါတယ်။

Leave a Reply