
ယောက်ျားလေးတွေ အမြဲတမ်းခေါင်းစားရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ပန်းသေပန်းညှိုး ရောဂါ (Erectile Dysfunction) တနည်းအားဖြင့် လိင်တံမထောင်မတ်နိုင်ခြင်း ဟာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါပဲ။ အလွယ်ပြောရမယ်ဆိုရင် လိင်ဆက်ဆံချိန်မှာ လိင်တံပျော့ကျသွားတာ၊ ထောင်မတ်ဖို့ အချိန်စောင့်ရတာပါ။ လိင်စိတ်နိုးထမှုသည် ဦးနှောက်၊ ဟော်မုန်းများ၊ စိတ်ခံစားမှုများ၊ အာရုံကြောများ၊ ကြွက်သားများ နှင့် သွေးကြောများပါဝင်ပြီး ရှုပ်ထွေးသောလုပ်ငန်းစဉ်ဖြစ်သည်။ အလားတူ စိတ်ဖိစီးမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများသည် လည်း လိင်တံ မထောင်မတ်နိုင်ခြင်း ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
အမျိုးသားတစ်ယောက်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏသည် လိင်တံထောင်မတ်ခြင်း အတွက် အဓိက ဟော်မုန်းဆိုလည်း မမှားပါဘူး။ ကျားဟော်မုန်းများတဲ့ အမျိုးသားတွေဆိုရင် လိင်မှုကိစ္စမှာ ပိုပြီး သာယာနိုင်ကြသလို ပန်းသေပန်းညှိုး၊ သုက်လွှတ်စောခြင်း၊ သုက်လွှတ်ကြာခြင်း၊ လိင်စိတ်ဆန္ဒနည်းလာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ပန်းသေပန်းညှိုးကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။
- လိင်တံတွင် သွေးစီးဆင်းမှု နည်းပါးခြင်း
- အာရုံကြောများပျက်စီးခြင်း
- Atherosclerosis ကဲ့သို သွေးလွှတ်ကြောများပိတ်ဆို့ခြင်း
- နှလုံးရောဂါ
- ဆီးချိုရောဂါ
- အဝလွန်ခြင်း
- ကျောက်ကပ်ပျက်စီးခြင်း
- ဆီးကျိတ်ကင်ဆာ
- လိင်အင်္ဂါတစ်ဝိုက်ကို ထိခိုက်မိခြင်း
- ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- စိတ်ဖိစီးမှုများခြင်း
- စိတ်ကျရောဂါ
- စိုးရိမ်ပူပန်မှု များတာအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ပန်းသေပန်းညှိုးရောဂါသည် အစပျိုးလာနိုင်ပါတယ်။
အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်ခြင်းမှာ ရံဖန်ရံခါစိုးရိမ်စရာ မရှိသော်လည်း စိတ်ဖိစီးမှုဖြစ်စေပါတယ်။ ဒါကြောင့် ချိဖတို့အနေနဲ့ ပန်းသေပန်းညှိုး ရောဂါ (Erectile Dysfunction) ဖြစ်ခဲ့မယ်ဆိုရင် စိတ်ပူရင်း ရှက်ရွံ့မနေဘဲ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ ပန်းသေပန်းညှိုး ရောဂါ (Erectile Dysfunction) ၏ အကြောင်းအရာများကို ရှာဖွေခြင်းက ချိဖိတို့ စိတ်ပူနေတဲ့ ပြဿနာကို ဖြေရှင်းတာအပြင် လိုအပ်နေတဲ့ နာမကျန်းမှုကို စောစီးစွာ ကုသနိုင်ပါကြောင်း အကြံပြုရင်း ဒီကျန်းမာရေးဆောင်းပါးကို မျှဝေအပ်ပါတယ်။
Leave a Reply