ရုပ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုဆိုတာကတော့ သင့်ခန္ဓာကိုယ်ကို ပွတ်သပ်နေတာမျိုး၊ နှုတ်ခမ်းခြင်းနမ်းနေတာ ဒါမှမဟုတ် လိင်အင်္ဂါတွေကို ပွတ်သပ်ကိုင်တွယ်တာ၊ အကိုင်ခံတာတို့ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုတာကတော့ ကာမစိတ်ကို လှုံ့ဆော်စေတဲ့ အသံ၊ အတွေး၊ ရုပ်ပုံ စတာတွေကြောင့် လိင်စိတ် ပေါ်လာတာ ဖြစ်ပါတယ်။ အခုပြောသွားမှာက ကာမဆက်ဆံတဲ့ပုံစံတွေဖြစ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကို ဦးစားပေးပြောသွားမှာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု
တချို့ကာမဆက်ဆံတဲ့ပုံစံတွေက အမျိုးသားလိင်တံကို လှုံ့ဆော်ပေးဖို့ အခြေအနေတွေ ပေးပါတယ်။ ဆိုတော့ သုက်လွှတ်စောတာကို ကာကွယ်ပေးဖို့အတွက်က ဒီလိုလှုံ့ဆော်ပေးတဲ့အခြေအနေနည်းတဲ့ ပုံစံကို ရှောင်တဲ့သဘောပါပဲ။ ပုံမှန်အားဖြင့် အမျိုးသမီးအင်္ဂါအတွင်းပိုင်းထိ ထိုးသွင်းဆက်ဆံတဲ့နည်းလမ်းအများစုက လိင်တံကို လှုံ့ဆော်မှု အားနည်းပါတယ်။ သင့်အနေနဲ့ လိင်တံထိပ်ငုံအရေပြားရှိနေခဲ့မယ်ဆိုရင် ထိုးသွင်းဆက်ဆံတဲ့အခါမှာ တင်းကြပ်တာမျိုး ပိုဖြစ်နိုင်ပြီး လိင်တံလှုံ့ဆော်မှု ပိုရနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးကို အပေါ်မှာထားပြီး ဆက်ဆံတဲ့ ပုံစံက သုက်လွှတ်စောတာကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးပုံစံ ဖြစ်ပါလိမ့်မယ်။
နောက်လုပ်နိုင်တာတစ်ခုက Mojo Control လိုမျိုး ကွန်ဒုံးတွေမှာ လိင်တံကိုထုံထိုင်းဆေးတဲ့အရာပါတာဖြစ်လို့ လိင်တံလှုံ့ဆော်မှုကို လျော့ကျစေနိုင်လို့ ကြာကြာဆက်ဆံနိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ ဆက်ဆံချင်ရင်တော့ ဒီလိုနည်းလမ်းတွေ သိထားဖို့ လိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု
ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုက အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် ထပ်တူကျနိုင်တာမှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုဆိုတာကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။ လိင်စိတ်နှိုးကြွစေတဲ့ အရာတွေက တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်လို့ သင့်အနေနဲ့ ကြာကြာဆက်ဆံချင်တယ်ဆိုရင် မိမိအတွက် လိင်စိတ်ကြွစေမယ့် အတွေးတွေကို စိတ်ထဲမှာ မထားဘဲ အာရုံလွဲှထားဖို့ လိုပါတယ်။ တနည်းအားဖြင့် ဒီလိုစိတ်တွေ အသံတွေကြားနေတဲ့အခါမှာ အလီရွှတ်တာမျိုးလုပ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအနေအထားမှာ လိင်တံက ယောနိထဲမှာ ပြည့်ပြည့်ဝဝရောက်နေတာဖြစ်လို့ လိင်တံကို လှုံ့ဆော်မှုနည်းပါတယ်။ ကိုယ်က ဦးဆောင်ချင်တဲ့ အမျိုးသာတွေအတွက်တော့ အဆင်ပြေမှာမဟုတ်တဲ့အပြင် အမျိုးသမီးရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။
ကောင်းကျိုးအနေနဲ့ကတော့ အမျိုးသမီးရဲ့ ဂျီပြောက်ကို ထိစေနိုင်ပါတယ်။

ကောင်းဘွိုင်မြင်းစီးလိုပါပဲ လိင်တံက ယောနိထဲမှာ ပြည့်ပြည့်ဝဝရောက်နေတာဖြစ်လို့ လိင်တံကို လှုံ့ဆော်မှုနည်းပါတယ်။ ကိုယ်က ဦးဆောင်ချင်တဲ့ အမျိုးသာတွေအတွက်တော့ အဆင်ပြေမှာမဟုတ်တဲ့အပြင် အမျိုးသမီးရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ သင့်အဖော်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို မြင်နေရတာဖြစ်လို့ အာရုံလွဲဖို့တော့ အတော်ခက်ပါလိမ့်မယ်။
ကောင်းကျိုးအနေနဲ့ကတော့ အမျိုးသမီးရဲ့ ဂျီပြောက်ကို ထိစေနိုင်ပါတယ်။

ဒီအနေအထားမှာ လိင်တံက ယောနိထဲမှာ ပြည့်ပြည့်ဝဝရောက်နေတာဖြစ်လို့ လိင်တံကို လှုံ့ဆော်မှုနည်းပါတယ်။ လိုရင်လိုသလို ထိန်းချုပ်နိုင်ပါတယ်။ သင့်အဖော်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို မမြင်ရလို့ စိတ်ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူပါတယ်။
အားသာချက်အနေနဲ့ကတော့ အမျိုးသမီး ဂျီပြောက်ကို ထိပြီး romantic ဖြစ်တဲ့ ပုံစံဖြစ်ပါတယ်။

ဒီအနေအထားမှာ လိင်တံက ယောနိထဲမှာ ပြည့်ပြည့်ဝဝရောက်နေတာဖြစ်လို့ လိင်တံကို လှုံ့ဆော်မှုနည်းပါတယ်။ ရင်ခွင်ပိုက်အနေအထားဖြစ်လို့ အခက်အခဲသိပ်မရှိစေပါဘူး။ အဓိကအနေနဲ့ကတော့ သင့်အဖော်ရဲ့ မျက်နှာကို အရမ်းမကြည့်မိစေဖို့ လိုပါတယ်။
အားသာချက်အနေနဲ့ကတော့ လွယ်လွယ်ကူကူနဲ့ romantic ဖြစ်တဲ့ ပုံစံဖြစ်ပါတယ်။

ဒီအနေအထားမှာတော့ သင့်အဖော်က သင့်ခြေထောက်ပေါ်ကနေ အမျိုးသမီးအင်္ဂါစေ့ကို ကိုင်တွယ်ပွတ်သတ်နေလို့ရပြီး လိင်တံက ယောနိထဲမှာ ပြည့်ပြည့်ဝဝရောက်နေတာဖြစ်လို့ လိင်တံကို လှုံ့ဆော်မှုနည်းစေတဲ့ ပုံစံဖြစ်ပါတယ်။ အမျိုးသမီးကျောဘက်ပဲ မြင်နေရလို့ လိင်စိတ်တက်ကြွနိုင်ချေနည်းနိုင်ပါတယ်။
အားသာချက်ကတော့ အမျိုးသမီးတွေအတွက် အင်္ဂါစေ့ကို လှုံ့ဆော်နိုင်ဖို့အကောင်းဆုံးပုံစံဖြစ်တယ်။ အမျိုးသားတွေအနေနဲ့ ကိုယ့်လိင်စိတ်ကို ထိန်းချုပ်နိုင်ဖို့ အခွင့်အလမ်းများတယ်။

ဒီအနေအထားမှာ လိင်တံက ယောနိထဲမှာ ပြည့်ပြည့်ဝဝရောက်နေတာဖြစ်လို့ လိင်တံကို လှုံ့ဆော်မှုနည်းပါတယ်။
အားသားချက်အနေနဲ့ မျက်လုံးချင်း ထိတွေ့နိုင်ပါတယ်။

ရှက်တတ်တဲ့ အမျိုးသမီးတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ အပေါ်မှာ မနေလိုတဲ့ အမျိုးသမီးတွေအတွက်ပေါ့။ အမျိုးသားအတွက်လည်း သက်သောင့်သက်သာဖြစ်စေနိုင်တဲ့ အနေအထားပါ။
အားသာချက်က အမျိုးသမီးအင်္ဂါစေ့ ဒါမှမဟုတ် ရင်သားကို ကိုင်တွယ်ဖို့ လက်အနေအထားအဆင်သင့်ဖြစ်ပါတယ်။

ဒီအနေအထားမှာ လိင်တံက ယောနိထဲမှာ ပြည့်ပြည့်ဝဝရောက်နေတာဖြစ်လို့ လိင်တံကို လှုံ့ဆော်မှုနည်းပါတယ်။
သုက်လွှတ်စောတဲ့သူတွေအတွက် အဓိက မှားယွင်းမှုက လိင်တံကို အတွင်းထိထည့်ပြီး ထုတ်လိုက်သွင်းလိုက်လုပ်တာပါပဲ။ အခုအနေအထားက ဒီလိုဖြစ်ဖို့ တားဆီးပေးနိုင်ပါတယ်။
Leave a Reply